ဗဟုသုတ

လက်နှစ်ဖက်မရှိသော်လည်း ဖိနပ်ပေါ်မှ ာပုံဆွဲခြင်းဖြင့် ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသည့် အမျိုးသား

Zawgyi




Unicode

လွန်ခဲ့တဲ့ ရက်အနည်းငယ်က လက်နှစ်ဖက်ဆုံးရှုံးခဲ့သော်လည်း လူငယ်တစ်ဦးက သူ့ရဲ့ ပုံဆွဲအတတ်ပညာကို သုံးပြီး အသက်မွေးရန် ရုန်းကန်ခဲ့ပါတယ် ။ Facebook ပေါ်မှာ Vanh LikeDrawing မှ ပုံများနဲ့ စာများက ပြီးခဲ့တဲ့ သီတင်းပတ်ကုန် မှစပြီး ပျံ့နှံ့ခဲ့ခြင်းဖြင့် လာအိုရှိ Facebook သုံးစွဲသူများ အကြားရေပန်းစားတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ် ။

အသက် (၂၄) နှစ်အရွယ် ဗန်ကောက်မြို့တော်၊ Xaythani ခရိုင်၊ Tanmixay ကျေးရွာမှာ နေထိုင်နေတဲ့ ၎င်းလက်နှစ်ဆုံးရှုံးတဲ့ ကောင်လေးက Sivan Sibunheung လို့ ခေါ်ပါတယ် ။ ထိုအမျိုးသားဟာ ၂၀၁၂ မှာ ဖခင်ကို ကူညီပေးနေစဥ် လျှပ်စစ်ရှော့စ် ဖြစ်ခြင်းကြောင့် လက်နှစ်ဖက်ဆုံးရှုံးသွားခဲ့ရတာပါ ။

Sivan က ကင်းဗတ်ဖိနပ်များပေါ်မှာ ပုံဆွဲခြင်း၊ ပုံကြမ်းဆွဲခြင်းနဲ့ အခြားအရာသော ပုံဆွဲကျွမ်းကျင်မှုအမျိုးမျိုးရှိ တတ်မြောက်ခဲ့သူတစ်ဦးဖြစ်ပါတယ် ။ ဒီလူငယ်လေးရဲ့အကြောင်းကို ဝေမျှပြီးတဲ့နောက် သူ့ကို လာအားပေးတဲ့ သူတွေ အများကြီးရှိခဲ့ပါတယ် ။