များသောအားဖြင့် ၁၀နှစ်အရွယ်ဆိုတာ ကလေးငယ်တို့၏ သဘာဝအတိုင်း ဆော့ကြပျော်ကြနှင့် လောကကြီးအကြောင်းလည်း ကောင်းကောင်းနားမလည်သေးသလို လွတ်လပ်ပြီး အပူအပင်မရှိ အချိန်ကုန်ကြသော အရွယ်လေးများဖြစ်ကြသည်။
သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင်နေထိုင်သော ကောင်လေးအတွက်တော့ အသက် ၁၀နှစ်သာ ရှိသေးသော်လည်း လယ်ထဲ ခြံထဲသွားပြီး စိုက်ပျိုးရေးတာဝန်ကို ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နေရပြီး မိသားစု၏စားဝတ်နေရေးကို တာဝန်ယူနေရပြီဖြစ်သည်။
ကောင်လေး၏ မိဘနှစ်ပါးသည် ဖခင်ဖြစ်သူမှာ အိမ်ကထွက်သွားပြီး သတင်းအစအနပင်မရပဲရှိရာ မိခင်ဖြစ်သူမှလည်း အသက် ၄နှစ်အရွယ်ကတည်းက နောက်အိမ်ထောင်ပြုသွား၍ အဖိုးအဖွားနှင့်သာ နေထိုင်ခဲ့ရသည်။
အဖိုးအဖွားသည်လည်း အသက်အရွယ်အရ အိုမင်းနေပြီဖြစ်၍ ပင်ပင်ပန်းပန်း မလုပ်နိုင်မကိုင်တော့သည့်အတွက် ကောင်လေးခမျာ ကျောင်းထွက်ပြီး အိမ်တွင်ရှိသော မြင်းတစ်ကောင်ကိုအားကိုးပြီး လယ်ယာများ ထွန်ယက်ပြီး သီးနှံများစိုက်ပျိုးခဲ့သည်။
အလုပ်အကိုင်မှာလည်း အမြဲတမ်း အဆင်ပြေသည် မရှိ၍ တစ်ခါတစ်လေ ထမင်းကို ဆားဖြူးပြီး စားသောက်ခဲ့ရသည်။ကောင်လေး၏အလုပ်ကြိုးစားမှုနှင့်လိမ်မာရေးခြားရှိမှုကြောင့်လူမှုကွန်ယက်တွင်ပျံ့နှံ့ပြီးနောက် အများ၏လေးစားချီးကျူးခံနေရသည်။