ဗဟုသုတ

ခိုင်နှင်းဝေရဲ့ ပရဟိတအသင်းကနေတဆင့် ပြည်သူတွေအတွက် အောက်စီဂျင်အိုးတွေ လှူဒါန်းပေးခဲ့တဲ့ စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကို လှူဒါန်းပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ လတ်တလော ကပ်ဘေးကြောင့် အောက်စီဂျင်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အောက်စီဂျင်ရရှိဖို့အတွက် အောက်စီဂျင်အိုးတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ကတော့ အောက်စီဂျင်အိုးအလှူလေးကို ခိုင်နှင်းဝေရဲ့ ပရဟိတအသင်းကနေတစ်ဆင့် ပြည်သူတွေအတွက်လှူဒါန်းပေးခဲ့တာပါ။

ခိုင်နှင်းဝေရဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” Page လေးကနေပြီးတော့ “ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ဂေဟာသို့ကိုသီဟလွင်+မစန္ဒီမြင့်လွင် သမီးလေး ထရက်ရှာခင်လင်းထင် မိသားစု တို့မှ O2 Cylinder (2) အိုး လှုဒါန်း၍ လက်ခံရရှိပါတယ်ရှင်”ဆိုပြီးတော့ စန္ဒီမြင့်လွင်တို့ မိသားစုလှူဒါန်းတဲ့ အောက်စီဂျင်အိုး (၂)အိုးအလှူလေးကို လက်ခံရရှိကြောင်းဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

အခုလို လှူဒါန်းရတဲ့ အကျိုးကြောင့် စန္ဒီမြင့်လွင်တို့ မိသားစုလည်း ကပ်ရောက်နေတဲ့ ကပ်ဘေးဆိုးကြီးတွေကနေ ကင်းလွတ်ပါစေလို့ CeleZone ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း စန္ဒီမြင့်လွင်တို့မိသားစုရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

-Zawgyi Font ဖြင့် ဖတ်ရန်-






Source – ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ