ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ဆုံးပါးကွယ်လွန်သွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒီနေ့မှာတော့ နန်းမြတ်က ခင်ပွန်းဆုံးရှုံးလိုက်ရတာနဲ့ ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ဝမ်းနည်းစွာနဲ့ ဖော်ပြလာခဲ့ပါတယ်။
“ကျွန်မရဲ့ဆုံးရှူံးမှုကလျှင်မြန်ကြီးမားလွန်းလို့ပြောစရာစကားလုံးရှာမရအောင်ပါပဲ။ ခုချိန်မှာလဲရင်ထဲမှာဘယ်လိုခံစားနေရမယ် ဘယ်လောက်လွမ်းနေမယ်ဆိုတာ ကြုံဖူးသူမှလွဲ ဘယ်သူမှကိုယ်ချင်းစာနိုင်မှာမဟုတ်ပါဘူး။ လူဆိုတာမွေးလာရင် သေချာတာကသေဖို့ပါပဲ။
ကျန်ခဲ့တဲ့သူကတော့အကောင်းဆုံးရှင်သန်ရမှာပါ။သူ့အတွက်ပါပေါင်းပီး၂ဆ ကျမအကောင်းဆုံးရှင်သန်မှာပါ။ သူထားခဲ့တဲ့သူ့ကိုယ်ပွားလေးတွေရဲ့လက်ကိုမြဲမြဲတွဲပီးကျမအကောင်းဆုံးရှင်သန်ပါမယ်။ ကျွန်မကိုအရမ်းချစ်တဲ့ သူမရှိတော့လို့ကျမပိုပင်ပန်းမှာပါ။ ဒါပေမယ့်ဒါတွေဟာ လောကဓံပါ။ သံသရာကမလွတ်မြောက်နိုင်သေးသ၍ လောကဓံကနှိပ်စက်တဲ့ဒဏ်ကိုခံနေကြရမှာပါပဲ။
ကျွန်မအတွက်သူထားခဲ့တဲ့(၄)နှစ်တာgood memoriesတွေကအဖိုးမဖြတ်နိုင်အောင်ပါပဲ။ ပြန်စဉ်းစားကြည့်တော့ရန်ဖြစ်ရတာလဲမရှိ စိတ်ဆင်းရဲရတာလဲမရှိခဲ့တဲ့(၄)နှစ်တာကာလကိုပိုတန်ဖိုးထားမိပါတယ်။
သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလဲ သားစွဲမယားစွဲမဖြစ်အောင် သံသရာအတွက်ကောင်းအောင်ကျမတည်တည်ငြိမ်ငြိမ်နဲ့ရာနှုန်းပြည့်လုပ်ပေးလိုက်နိုင်တယ်။ သူလည်းညှင်ညှင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့အသက်ထွက်သွားနိုင်ခဲ့တယ်။ သူကစိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျမအပြည့်အဝယုံကြည်တယ်။
ရှည်လွန်းလှတဲ့သံသရာမှာဘဝကူးကောင်းဖို့ကလဲအရေးကြီးပါတယ်။ ဘာတွေပဲတွေ့ကြုံရပါစေ ကျွန်မသူ့အတွက်ပါပေါင်းပီးအကောင်းဆုံးကြိုးစားရှင်သန်ပါမယ်။
သတိရတယ် လွမ်းတယ်ဆိုတာထက်ပိုပါတယ်ယောက်ျားရေရက်စွဲလေးကလှသလောက်(21.8.21)”ဆိုပြီး ခင်ပွန်းဖြစ်သူမရှိပေမဲ့ ဘဝကို အကောင်းဆုံးဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။
Source – Nan Myat Phyoe Thin
-Zawgyi Font ဖြင့် ဖတ်ရန်-
ခင္ပြန္းနဲ႕ပတ္သက္ျပီး ရင္နဲ႕မဆန္႕ေအာင္ခံစားရတဲ့ သူ႔ရဲ႕ခံစားခ်က္ေတြကို ဝမ္းနည္းစြာနဲ႕ ေဖာ္ျပလာခဲ့တဲ့ နန္းျမတ္ျဖိဳးသင္း
ပရိသတ္ၾကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သရုပ္ေဆာင္ မင္းသမီးေခ်ာေလး နန္းျမတ္ျဖိဳးသင္းရဲ႕ ခင္ပြန္းျဖစ္သူ ဆံုးပါးကြယ္လြန္သြားတဲ့ သတင္းေလးကို ပရိသတ္ေတြလည္း ၾကားသိျပီးသားျဖစ္မယ္ထင္ပါတယ္။ ဒီေန႔မွာေတာ့ နန္းျမတ္က ခင္ပြန္းဆံုးရွံဳးလိုက္ရတာနဲ႕ ပတ္သက္ျပီး သူရဲ႕ခံစားခ်က္ေတြကို ဝမ္းနည္းစြာနဲ႔ ေဖာ္ျပလာခဲ့ပါတယ္။
“က်ြန္မရဲ႕ဆုံးရႉံးမႈကလွ်င္ျမန္ႀကီးမားလြန္းလို႔ေျပာစရာစကားလုံးရွာမရေအာင္ပါပဲ။ ခုခ်ိန္မွာလဲရင္ထဲမွာဘယ္လိုခံစားေနရမယ္ ဘယ္ေလာက္လြမ္းေနမယ္ဆိုတာ ႀကဳံဖူးသူမွလြဲ ဘယ္သူမွကိုယ္ခ်င္းစာႏိုင္မွာမဟုတ္ပါဘူး။
လူဆိုတာေမြးလာရင္ ေသခ်ာတာကေသဖို႔ပါပဲ။ က်န္ခဲ့တဲ့သူကေတာ့အေကာင္းဆုံးရွင္သန္ရမွာပါ။ သူ႔အတြက္ပါေပါင္းပီး၂ဆ က်မအေကာင္းဆုံးရွင္သန္မွာပါ။ သူထားခဲ့တဲ့သူ႔ကိုယ္ပြားေလးေတြရဲ႕လက္ကိုၿမဲၿမဲတြဲပီးက်မအေကာင္းဆုံးရွင္သန္ပါမယ္။ က်ြန္မကိုအရမ္းခ်စ္တဲ့ သူမရွိေတာ့လို႔က်မပိုပင္ပန္းမွာပါ။
ဒါေပမယ့္ဒါေတြဟာ ေလာကဓံပါ။ သံသရာကမလြတ္ေျမာက္ႏိုင္ေသးသ၍ ေလာကဓံကႏွိပ္စက္တဲ့ဒဏ္ကိုခံေနၾကရမွာပါပဲ။
က်ြန္မအတြက္သူထားခဲ့တဲ့(၄)ႏွစ္တာgood memoriesေတြကအဖိုးမျဖတ္ႏိုင္ေအာင္ပါပဲ။ ျပန္စဥ္းစားၾကည့္ေတာ့ရန္ျဖစ္ရတာလဲမရွိ စိတ္ဆင္းရဲရတာလဲမရွိခဲ့တဲ့(၄)ႏွစ္တာကာလကိုပိုတန္ဖိုးထားမိပါတယ္။ သူေနမေကာင္းခ်ိန္ သူ႔ရဲ႕ေနာက္ဆုံးခ်ိန္မွာလဲ သားစြဲမယားစြဲမျဖစ္ေအာင္ သံသရာအတြက္ေကာင္းေအာင္က်မတည္တည္ၿငိမ္ၿငိမ္နဲ႔ရာႏႈန္းျပည့္လုပ္ေပးလိုက္ႏိုင္တယ္။
သူလည္းညွင္ညွင္သာသာ ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းနဲ႔အသက္ထြက္သြားႏိုင္ခဲ့တယ္။ သူကစိတ္ထားေကာင္းသူ အကုသိုလ္စိတ္နည္းသူ ကူညီတတ္သူမို႔ သုခဘုံကိုေရာက္မယ္လို႔ က်မအျပည့္အဝယုံၾကည္တယ္။
ရွည္လြန္းလွတဲ့သံသရာမွာဘဝကူးေကာင္းဖို႔ကလဲအေရးႀကီးပါတယ္။ ဘာေတြပဲေတြ႕ႀကဳံရပါေစ က်ြန္မသူ႔အတြက္ပါေပါင္းပီးအေကာင္းဆုံးႀကိဳးစားရွင္သန္ပါမယ္။
သတိရတယ္ လြမ္းတယ္ဆိုတာထက္ပိုပါတယ္ေယာက္်ားေရရက္စြဲေလးကလွသေလာက္(21.8.21)”ဆိုျပီး ခင္ပြန္းျဖစ္သူမရွိေပမဲ့ ဘဝကို အေကာင္းဆံုးဆက္လက္ရပ္တည္သြားမွာျဖစ္ေၾကာင္း ေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ၾကီးေရ။
Source – Nan Myat Phyoe Thin