ဖခင်ဆုံးပါးသွားလို့ ဝမ်းနည်းနေတဲ့ ချစ်သုဝေကို နှစ်သိမ့် အားပေးစကားပြောလိုက်တဲ့ ညီနန္ဒ
ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်ချစ်သုဝေကတော့အနုပညာနယ်ပယ်အောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဘဲဖြစ်ပါတယ်။ချစ်သုဝေကတော့ အဆိုတော်လင်းလင်းနဲ့ရွှေလက်တွဲခဲ့ပြီး ချစ်စရာအမွှပူးသမီးလေးနှစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။
ချစ်သုဝေတို့စုံတွဲကတော့ ပြည်သူတော်လှန်ရေးကြီးမှာထိပ်ဆုံးကပါဝင်ခဲ့ပြီးလမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဖမ်းဝရမ်းထုတ်ခံရပြီးချစ်သုဝေတို့စုံတွဲကထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ချစ်သုဝေရဲ့ဖခင်ကြီးဦးဇော်ဝင်းရုတ်တရက်ကွယ်လွန်သွားခဲ့တာလည်းဖြစ်ပါတယ်။ဘာကြောင့်ကွန်လွန်သွားခဲ့တာလည်းအတိအကျမသိရသေးပေမယ့် သရုပ်ဆောင်ညီနန္ဒကညီမလေးချစ်သုဝေရဲ့ဖခင်ကြီးလေးလေးဦးဇော်ဝင်းမြင့်မြတ်တဲ့ဘုံဘဝရောက်ပါစေညီမလေးရေအားတင်းထားပါနော်ဆိုပြီးအားပေးစကားပြောခဲ့တာလည်းဖြစ်ပါတယ်။
Zawgyi