ဗဟုသုတ

သံပုံးတီးသံကြားတိုင်း ကျွန်တော်ငိုခဲ့ရတယ်

သံပုံး စ တီးကြတဲ့ အချိန် ရန်ကုန်မှာ မိဘပြည်သူများဘာညာ အော်ပြီး ကျနော်တို့က ညကင်း စလှည့် နေပြီ။

သံပုံး တီးသံတွေက ဗလ အားကိုးနဲ့ အနိုင်ကျင့် ခံရတဲ့သူ ပြန်မလုပ်နိုင်လို့ နာကျည်းအော်ညည်း နေသလိုပါပဲလား။ ကျနော် ကားပေါ်မှာတင် မျက်ရည်ကျခဲ့တာ ဘယ်သူမှတော့ သတိမထားမိခဲ့ပါဘူး။

နောက်ထပ် မြင်ကွင်း တစ်ခုက ကျနော်တို့ စခန်းချတဲ့နေရာဘေး က အိမ်။ သူများ အိမ်တွေ သံပုံး တီးတော့ သူလည်း တီးချင်တာပေါ့။

အပြင် ထွက်လိုက် အထဲ ပြန်ဝင်လိုက်နဲ့ နောက်ဆုံး အရဲစွန့်ပြီး လေးငါးချက်လောက် တီး ပြီးတာနဲ့ ကျနော်တို့ဘက် လှည့်ကြည့်ပြီး ကြောက်ကြောက်နဲ့ အိမ်ထဲပြန်ဝင်သွားတဲ့ အဒေါ်ကြီး။ ကျနော် တခါ ငိုရပြန်တယ်။

ကျနော် အပြင် ရောက်ပြီးတာနဲ့ တည်းအိမ်မှာ နေတုန်းက ညတိုင်း သံပုံးတီး မပျက်ခဲ့ပါဘူး။ တီးနေရင်း တခါတလေ တိုက်အောက်ကို ကြည့်ရင် လမ်းမှာ ကင်းလှည့် နေကြတာ လှမ်းမြင်ရတယ်။ ကားခေါင်းခန်း မှာ ဘယ်သူများ ငိုနေမလဲ..။

၂၃ ဩဂုတ် ၂၀၂၁

CDM ဗိုလ်ကြီး ထွန်းမြတ်အောင်

Zawgyi (Version)

သံပုံးတီးသံၾကားတိုင္း ကြၽန္ေတာ္ငိုခဲ့ရတယ္

သံပုံး စ တီးၾကတဲ့ အခ်ိန္ ရန္ကုန္မွာ မိဘျပည္သူမ်ားဘာညာ ေအာ္ၿပီး က်ေနာ္တို႔က ညကင္း စလွည့္ ေနၿပီ။

သံပုံး တီးသံေတြက ဗလ အားကိုးနဲ႔ အႏိုင္က်င့္ ခံရတဲ့သူ ျပန္မလုပ္ႏိုင္လို႔ နာက်ည္းေအာ္ညည္း ေနသလိုပါပဲလား။ က်ေနာ္ ကားေပၚမွာတင္ မ်က္ရည္က်ခဲ့တာ ဘယ္သူမွေတာ့ သတိမထားမိခဲ့ပါဘူး။

ေနာက္ထပ္ ျမင္ကြင္း တစ္ခုက က်ေနာ္တို႔ စခန္းခ်တဲ့ေနရာေဘး က အိမ္။ သူမ်ား အိမ္ေတြ သံပုံး တီးေတာ့ သူလည္း တီးခ်င္တာေပါ့။

အျပင္ ထြက္လိုက္ အထဲ ျပန္ဝင္လိုက္နဲ႔ ေနာက္ဆုံး အရဲစြန႔္ၿပီး ေလးငါးခ်က္ေလာက္ တီး ၿပီးတာနဲ႔ က်ေနာ္တို႔ဘက္ လွည့္ၾကည့္ၿပီး ေၾကာက္ေၾကာက္နဲ႔ အိမ္ထဲျပန္ဝင္သြားတဲ့ အေဒၚႀကီး။ က်ေနာ္ တခါ ငိုရျပန္တယ္။

က်ေနာ္ အျပင္ ေရာက္ၿပီးတာနဲ႔ တည္းအိမ္မွာ ေနတုန္းက ညတိုင္း သံပုံးတီး မပ်က္ခဲ့ပါဘူး။ တီးေနရင္း တခါတေလ တိုက္ေအာက္ကို ၾကည့္ရင္ လမ္းမွာ ကင္းလွည့္ ေနၾကတာ လွမ္းျမင္ရတယ္။ ကားေခါင္းခန္း မွာ ဘယ္သူမ်ား ငိုေနမလဲ..။

၂၃ ဩဂုတ္ ၂၀၂၁

CDM ဗိုလ္ႀကီး ထြန္းျမတ္ေအာင္