သူမအရမ်းချစ်ရတဲ့ ဖခင်ကြီးဦးဇော်ဝင်း ဒီကနေ့မှာကွယ်လွန်သွားလို့ ဝမ်းနည်းကြေကွဲစွာငိုကြွေးနေတဲ့ သရုပ်ဆောင် ချစ်သုဝေ
ကိုဗစ်တတိယလှိုင်းအစမှာဆိုရင် ပြည်သူတွေတစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်နေကြသလို အနုပညာရှင်တွေထဲမှာလည်း ကိုဗစ်ကြောင့်သေဆုံးနေရတာတွေလည်းရှိပါတယ်။
အနုပညာရှင်တစ်ချို့လည်း ကိုဗစ်ကြောင့်ကွယ်လွန်သွားကြတဲ့အပြင် တစ်ချို့အနုပညာရှင်တွေရဲ့မိသားစုဝင်တွေလည်း ကိုဗစ်နဲ့သေဆုံးသွားရတာတွေရှိပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ချစ်သုဝေရဲ့ ချစ်လှစွာသောဖခင်ကြီး ကိုဗစ်ကြောင့်ကွယ်လွန်သွားတဲ့သတင်းကို စိတ်မကောင်းစွာနဲ့ထပ်မံကြားသိလိုက်ရပါတယ်။
ဒီနေ့မနက်မှာတော့ စိတ်မကောင်းစရာ သတင်းတစ်ခု လူမှုကွန်ယက်တွင် တက်လာခဲ့ပါတယ်။
ဒါကတော့ ချစ်သုဝေရဲ့ ဖခင်ဟာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားတယ်လို့ အနုပညာအသိုင်းအဝိုင်းမှ ချစ်သုဝေရဲ့ အသိမိတ်ဆွေတစ်ချို့မှ သူတို့ရဲ့ Facebook အကောင့်များတွင် အတည်ပြုရေးသားထားကြတာ ဖြစ်ပါတယ်။
ဒီသတင်းကြားကြားချင်း ပရိသတ်များက ဖခင်ရဲ့ နောက်ဆုံးအခြေအနေမှာတောင် အနားမှာရှိခွင့် မရလိုက်တဲ့ ချစ်သုဝေအတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။
ချစ်သုဝေဟာ လက်ရှိမှာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သူမရဲ့ လုံခြုံရေးကြောင့် အွန်လိုင်းအသုံးပြုခြင်းမရှိဘဲ လူမှုကွန်ယက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။
ရှောင်တိမ်းနေရချိန်ကာလအတွင်း ဖခင်ကို ဆုံးရှုံးလိုက်ရတာဟာ ချစ်သုဝေအတွက်တော့ အကြီးမားဆုံး နာကျင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ဂီတအသိုင်းအဝိုင်းမှညီအစ်ကိုမောင်နှမများကလည်း ချစ်သုဝေရဲ့ ဖခင်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို သူတို့ရဲ့Facebook အကောင့်များတွင် တင်ပြီး ဝမ်းနည်းနေကြတာကို မြင်တွေ့ရပါတယ်။
လွန်ခဲ့တဲ့ လပိုင်းလောက်က ချစ်သုဝေရဲ့ ခင်ပွန်း အဆိုတော် လင်းလင်းရဲ့ ဖခင်လည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့ မိဘတွေ ကွယ်လွန်ချိန်မှာတောင် အနားမှာ ရှိနေခွင့်မရတာဟာ သူတို့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။
ချစ်သုဝေရဲ့ ဖခင်လည်း ကောင်းရာမွန်ရာဘုံဘဝမှာအေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader and Tin Zar Maw’s Facebook Account
Zawgyi