ဗဟုသုတ

လွတ်မြောက်နယ်မြေအထိအတူပါလာတဲ့ သူချစ်ရတဲ့ခွေးလေးမာယာသေဆုံးသွားတဲ့အတွက် ဖြည်မဆည်နိုင်အောင်ဝမ်းနည်းနေတဲ့ မင်းမော်ကွန်း

အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အကယ်ဒမီမင်းသားချော မင်းမော်ကွန်းဟာ အာဏာရှင်ကိုတော်လှန်ဖို့အတွက် ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံကာ လွတ်မြောက်နယ်မြေမှာ မိသားစုလိုက်ရောက်ရှိနေပြီဖြစ်ပါတယ်။

မင်းမော်ကွန်းရဲ့ ဇနီးနဲ့သားအငယ်ဆုံးလေးဖြစ်တဲ့ သားဘုန်းလေးတို့နဲ့အတူ သူတို့အရမ်းချစ်ကြတဲ့ ခွေးလေးမာယာပါ လွတ်မြောက်နယ်မြေကိုခေါ်သွားကြတာ ဖြစ်ပါတယ်…..။

တော်လှန်ရေးခရီးဟာ ကြမ်းတမ်းပေမယ့် မင်းမော်ကွန်းတို့မိသားစုဟာ လောကဓံကိုကြံ့ကြံ့ခံရင်း တောထဲကမှိုလေးတွေချိုးရင်း ရောင်းချနေကြသလို တော်လှန်ရေး‌ရဲဘော်တွေအတွက်လည်း တတ်နိုင်သရွေ့ကူညီပေးနေကြတာပါ။

မင်းမော်ကွန်းတို့မိသားစုရဲ့ အချစ်တော်ခွေးလေးမာယာကတော့ လွတ်မြောက်နယ်မြေအထိအတူပါလာကာနေထိုင်ခဲ့ပေမယ့် ယမန်နေ့ညမှာသေဆုံးသွားခဲ့တယ်လို့သိရပါတယ်…..။

ဒါရိုက်တာကိုပေါက်ကလည်း တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ခွေးလေးမာယာအတွက် ဝမ်းနည်းဖွယ်ကဗျာလေးကို ရေးစပ်ခဲ့ပြီး မင်းမော်ကွန်းတစ်ယောက်လည်း သူအရမ်းချစ်ရတဲ့ခွေးလေးဖြစ်တာကြောင့် အတော်လေးဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။

တိရစ္ဆာန်ပဲဖြစ်စေ၊ လူပဲဖြစ်စေ သံယောဇဉ်ဖြစ်ခဲ့ရတဲ့အရာတစ်ခုကို အလွယ်တကူစွန့်လွှတ်ဖို့ရန်မှာ အင်မတန်ခက်ခဲရပြီး ဝမ်းနည်းဖွယ်ကောင်းလှပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Kyaw Kyaw Htay Lwin’s Facebook acc

Zawgyi

လွတ်မြောက်နယ်မြေအထိအတူပါလာတဲ့ သူချစ်ရတဲ့ခွေးလေးမာယာသေဆုံးသွားတဲ့အတွက် ဖြည်မဆည်နိုင်အောင်ဝမ်းနည်းနေတဲ့ မင်းမော်ကွန်း

အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အကယ်ဒမီမင်းသားချော မင်းမော်ကွန်းဟာ အာဏာရှင်ကိုတော်လှန်ဖို့အတွက် ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံကာ လွတ်မြောက်နယ်မြေမှာ မိသားစုလိုက်ရောက်ရှိနေပြီဖြစ်ပါတယ်။

မင်းမော်ကွန်းရဲ့ ဇနီးနဲ့သားအငယ်ဆုံးလေးဖြစ်တဲ့ သားဘုန်းလေးတို့နဲ့အတူ သူတို့အရမ်းချစ်ကြတဲ့ ခွေးလေးမာယာပါ လွတ်မြောက်နယ်မြေကိုခေါ်သွားကြတာဖြစ်ပါတယ်…..။