ဗဟုသုတ

ကျယ်ဝန်းလှတဲ့မေမေခိုင်နှင်းဝေရဲ့အိမ်ကြီးကို သွားလည်ကြရင်း အိမ်ထဲရော၊ခြံထဲမှာပါ ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးလေးများ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ခိုကိုးရာမဲ့နေတဲ့ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက်ပြီး သူမရဲ့ဂေဟာမှာအစစအရာရာပြည့်စုံအောင်ထားပေးတာဖြစ်ပါတယ်။

ဒါ့အပြင် သူမက ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်ပြီး အကူအညီလိုအပ်နေတဲ့ အခြေခံမိသားစုတွေကိုလည်း တတ်နိုင်သလောက်ထောက်ပံ့ကူညီပေးနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ဂေဟာမှာ ကလေးလေးတွေအများကြီးရှိပြီး အကုန်လုံးက ချစ်စရာကောင်းကြပါတယ်။

ခိုင်နှင်းဝေကလည်း ဒီလိုကိုဗစ်ကာလမှာ ကလေးတွေရဲ့ကျန်းမာရေးအတွက်လည်း သေချာဂရုစိုက်ပေးတာဖြစ်ပါတယ်။ဂေဟာကိုနေ့တိုင်းနီးပါးသွားပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးကစားပေးတာဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း ခိုင်နှင်းဝေရဲ့သားသမီးတွေက သူမရဲ့အိမ်ကိုလာလည်ကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့အိမ်ကလည်းကျယ်ကျယ်ဝန်းဝန်းရှိလို့ ကလေးတွေက ပျော်ပျော်ပါးပါးနဲ့ နေရာအနှံ့မှာဆော့ကစားနေကြတာဖြစ်ပါတယ်။

ခိုင်နှင်းဝေက သားသမီးတွေကို ကြက်ကြော်တွေခွံ့ကျွေးပြီး အတူတူဆော့ကစားပေးသေးတာဖြစ်ပါတယ်။သားသမီးတွေကလည်း မေမေခိုင်နှင်းဝေရဲ့ အိမ်ထဲရော၊ခြံဝန်းထဲမှာပါ ကစားကြရင်း အရမ်းပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။

ကလေးလေးတွေကတော့ မေတ္တာစစ်၊မေတ္တာမှန်နဲ့စောင့်ရှောက်ပေးနေတဲ့ မေမေခိုင်နှင်းဝေရဲ့အရိပ်အောက်မှာ နေထိုင်ရတာ အရမ်းကံကောင်းပြီး အပူအပင်ကင်းကင်းနဲ့ဖြတ်သန်းနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb acc