ဗဟုသုတ

တချိန်က ချမ်းသာခဲ့သော်လည်း အငယ်ဆုံးသမီးရဲ့အိမ်အပြင်မှာ စားစရာတောင်းခံနေခဲ့မိတဲ့ ဖခင်တစ်ဦးရဲ့ ဝမ်းနည်းစရာအဖြစ်

တစ္ခ်ိန္က Yun Shan ျပည္နယ္ ၊ Xia Chuan အမည္ရွိ႐ြာတစ္႐ြာမွာ Jin Shan အမည္ရွိသူေဌးႀကီးတစ္ဦးေနထိုင္ခဲ့ပါတယ္ ။ JinShan က သူ႔မွာ သားကိုးေယာက္နဲ႔ သမီးတစ္ဦးတို႔နဲ႔ ေပ်ာ္႐ႊင္စြာေနထိုင္ၾကပါတယ္ ။ သို႔ေသာ္လည္း သူဟာ သူ႔ရဲ႕ခ်မ္းသာမႈေၾကာင့္သူ႔ကိုယ္သူအၿမဲဂုဏ္ယူဝင့္ႂကြားတတ္သူတစ္ဦးပါ ။

တစ္ေန႔မွာ Shan Shan က သူ႔သားေတြအားလုံးကို “မင္းတို႔ကို ဒီဥစၥာေတြနဲ႔ ျပည့္ျပည့္စုံစုံေနႏိုင္ေအာင္ ဘယ္သူက ေပးခဲ့လဲ” လို႔ ေမးခြန္းတစ္ခုေမးခဲ့ပါတယ္ ။ သူ႔သားေတြ အားလုံးက ေမွ်ာ္လင့္ထားတဲ့အတိုင္း သူတို႔ျဖတ္သန္းခဲ့သမွ် ခ်မ္းသာမႈအားလုံးဟာ သူတို႔ရဲ႕တစ္ဦးတည္းေသာခ်မ္းသာတဲ့အေဖကလာတာပါလို႔ ေျဖခဲ့ပါတယ္ ။

သို႔ေသာ္ သူ႔ရဲ႕တစ္ဦးတည္းေသာ သမီး Xiao Mei က သေဘာမတူခဲ့ပါဘူး ။ သူမကိုယ္တိုင္ႀကိဳးစားမႈေၾကာင့္ သူမရဲ႕ဘဝကို ၿပီးျပည့္စုံေအာင္ သူမစီမံႏိုင္ခဲ့တယ္လို႔ သူမက ဆိုပါတယ္ ။

သမီးျဖစ္သူရဲ႕ ေျပာဆိုခ်က္ကိုၾကားရတဲ့အခါ ထိတ္လန႔္သြားၿပီး Jin Shan က သူ႔သမီးကို အိမ္မွ ႏွင္ထုတ္ခဲ့လိုက္ပါတယ္ ။ မ်က္ရည္က်လာၿပီး Xiao Mei ဟာ ဘယ္သြားရမွန္းမသိဘဲ ႐ြာမွထြက္ခြာသြားခဲ့ပါတယ္ ။ ေနာက္ဆုံးမွာ သူမသြားရန္ ရွင္းလင္းတဲ့ ဦးတည္ခ်က္မရွိဘဲသူမရဲ႕ျမင္းကိုစီးၿပီး သြားခ်င္တဲ့ ေနရာကို သြားခဲ့လိုက္ပါတယ္ ။ ေနာက္ပိုင္းမွာ သူမက အိမ္ငယ္ရဲ႕ၿခံဝင္းထဲကို ေရာက္လာခဲ့ၿပီး ထိုအိမ္မွာမိခင္တစ္ဦးနဲ႔ သားတို႔က လယ္သမားမ်ားအျဖစ္ လုပ္ကိုင္ၿပီး ေနထိုင္ၾကတာပါ ။

သူမ သြားစရာေနရာ ရွာမေတြ႕ေသးတာေၾကာင္း သူမတို႔အိမ္မွာ တစ္ညသာေနခြင့္ျပဳခ်က္ေတာင္းရန္ ရဲရင့္စြာေတာင္းဆိုခဲ့ပါတယ္ ။ အေမနဲ႔သားႏွစ္ေယာက္လုံးက စိတ္ရႈပ္ေနေပမယ့္ မၾကာခင္မွာ Xiao Mei က သူမျဖစ္ပ်က္ခဲ့တဲ့အရာတိုင္းကို ေျပာျပရင္း သူမမ်က္လုံးမွ မ်က္ရည္မ်ားစီးက်လာထဲ့ပါတယ္ ။

အေမနဲ႔သားႏွစ္ေယာက္လုံးက Xiao Mei အေပၚ စာနာစိတ္ခံစားခဲ့ရၿပီး သူတို႔က Xiao Mei ကို သူတို႔အိမ္မာ သူမေနခ်င္သေ႐ြ႕သူမကို အတူေနဖို႔ ဖိတ္ေခၚခဲ့ပါတယ္ ။

ရက္ေတြ ကုန္လြန္သြားၿပီး မၾကာခင္မွာ Xiao Mei က ထိုအိမ္ကသား Li Ming နဲ႔လက္ထပ္လိုက္ပါတယ္ ။ Xiao Mei နဲ႔ Li Ming တို႔ကသူတို႔ဘဝအတြက္ အတူတကြႀကိဳးစားၾကၿပီး လက္ထပ္ၿပီးတစ္ႏွစ္အၾကာမွာ Xiao Mei က ခ်စ္စဖြယ္သားေလးတစ္ေယာက္ေမြးဖြားခဲ့ပါတယ္ ။

ဆယ္စုႏွစ္အနည္းငယ္ၾကာၿပီးေနာက္ Xiao Mei နဲ႔ Li Ming တို႔ အိမ္မွာမရွိတဲ့အခါ အဘိုးအိုတစ္ဦးက သူတို႔ရဲ႕ အိမ္ေရွ႕မွာ ေငြေတာင္းခံလာခဲ့ပါတယ္ ။

အိမ္မွာက်န္ရွိေနတဲ့ Xiao Mei ရဲ႕ သားက “ သင္ဘာလို႔ ေတာင္းစားေနရတာလဲ ။ သင့္ကို ဂ႐ုစိုက္မယ့္ ကေလးမရွိဘူးလား ” လို႔ အဘိုးအိုကို ေမးခဲ့ပါတယ္ ။ “ ငါ့မွာသားကိုးေယက္နဲ႔ သမီးေလးတစ္ေယာက္ရွိတယ္၊ ဒါေပမယ့္ ငါ့သားရဲ႕ ေခြၽးမေတြအားလုံးဟာ အလုပ္လုပ္ဖို႔ အရမ္းပ်င္းၾကေတာ့၊ သူတို႔က ငါ့ပိုက္ဆံေတြ အကုန္လုံးကို ျဖဳန္းပစ္ၾကတယ္ ။ ငါ့မွာ ဘာမွမက်န္ေတာ့တဲ့အခါ သူတို႔က ငါ့ကိုတစ္ေယာက္တည္း ပစ္ထားတယ္” လို႔ အဘိုးအိုက ဆိုပါတယ္ ။

“ ငါ့မွာသမီးတစ္ေယာက္ရွိတယ္၊ ဒါေပမယ့္အဲဒီတုန္းက ငါသူမကို အိမ္ေပၚကေန ႏွင္ထုတ္ခဲ့လို႔အခု သူဘယ္မွာေနတယ္ဆိုတာလည္း သဲသဲကြဲကြဲမသိခဲ့ဘူး။ ငါလုပ္ခဲ့တာေတြအတြက္ ေနာင္တရမိတယ္” လို႔ သူေတာင္းစားက ေျပာခဲ့ပါတယ္ ။

ထိုအခ်ိန္မွာ Xiao Mei နဲ႔ သူမရဲ႕ခင္ပြန္းတို႔က အလုပ္မွ အိမ္ျပန္လာခဲ့ၿပီး Xiao Mei က အဘိုးအိုဟာ သူမရဲ႕အေဖအရင္းျဖစ္ေနတာကို မၾကာမီသိခဲ့ရၿပီး သူမမ်က္ရည္မ်ားကိုမထိန္းႏိုင္ဘဲ သူ႔အေဖကို ၾကည့္ၿပီး ငိုေနခဲ့ပါတယ္ ။

ထိုအိမ္က အမွန္မွာ သူ႔သမီးရဲ႕ အိမ္ျဖစ္တာကိုသိေသာအခါ Shan က ရွက္သြားၿပီး သူအျမန္ထြက္သြားခဲ့ေသာ္လည္း Li Ming နဲ႔ သူ႔အေမတို႔က ဆြဲေခၚထားခဲ့ပါတယ္ ။ ေနာက္ဆုံးမွာေတာ့ သူတို႔အားလုံး ၿပီးျပည့္စုံတဲ့မိသားစုတစ္ခုအျဖစ္ အတူတကြေပ်ာ္႐ႊင္စြာ ေနထိုင္ခဲ့ၾကပါတယ္။

သို႔ေသာ္ Jin Shan က ေနာက္ပိုင္းမွာေနမေကာင္းျဖစ္ၿပီး ေနာက္ဆုံးမွာ ကြယ္လြန္သြားခဲ့ပါတယ္ ။

Unicode

တစ်ချိန်က Yun Shan ပြည်နယ် ၊ Xia Chuan အမည်ရှိရွာတစ်ရွာမှာ Jin Shan အမည်ရှိသူဌေးကြီးတစ်ဦးနေထိုင်ခဲ့ပါတယ် ။ JinShan က သူ့မှာ သားကိုးယောက်နဲ့ သမီးတစ်ဦးတို့နဲ့ ပျော်ရွှင်စွာနေထိုင်ကြပါတယ် ။

သို့သော်လည်း သူဟာ သူ့ရဲ့ချမ်းသာမှုကြောင့်သူ့ကိုယ်သူအမြဲဂုဏ်ယူဝင့်ကြွားတတ်သူတစ်ဦးပါ ။ တစ်နေ့မှာ Shan Shan က သူ့သားတွေအားလုံးကို “မင်းတို့ကို ဒီဥစ္စာတွေနဲ့ ပြည့်ပြည့်စုံစုံနေနိုင်အောင် ဘယ်သူက ပေးခဲ့လဲ” လို့ မေးခွန်းတစ်ခုမေးခဲ့ပါတယ် ။

သူ့သားတွေ အားလုံးက မျှော်လင့်ထားတဲ့အတိုင်း သူတို့ဖြတ်သန်းခဲ့သမျှ ချမ်းသာမှုအားလုံးဟာ သူတို့ရဲ့တစ်ဦးတည်းသောချမ်းသာတဲ့အဖေကလာတာပါလို့ ဖြေခဲ့ပါတယ် ။ သို့သော် သူ့ရဲ့တစ်ဦး
တည်းသော သမီး Xiao Mei က သဘောမတူခဲ့ပါဘူး ။ သူမကိုယ်တိုင်ကြိုးစားမှုကြောင့် သူမရဲ့ဘဝကို ပြီးပြည့်စုံအောင် သူမစီမံနိုင်ခဲ့တယ်လို့ သူမက ဆိုပါတယ် ။

သမီးဖြစ်သူရဲ့ ပြောဆိုချက်ကိုကြားရတဲ့အခါ ထိတ်လန့်သွားပြီး Jin Shan က သူ့သမီးကို အိမ်မှ နှင်ထုတ်ခဲ့လိုက်ပါတယ် ။ မျက်ရည်ကျလာပြီး Xiao Mei ဟာ ဘယ်သွားရမှန်းမသိဘဲ ရွာမှထွက်ခွာသွားခဲ့ပါတယ် ။ နောက်ဆုံးမှာ သူမသွားရန် ရှင်းလင်းတဲ့ ဦးတည်ချက်မရှိဘဲသူမရဲ့မြင်းကိုစီးပြီး သွားချင်တဲ့ နေရာကို သွားခဲ့လိုက်ပါတယ် ။

နောက်ပိုင်းမှာ သူမက အိမ်ငယ်ရဲ့ခြံဝင်းထဲကို ရောက်လာခဲ့ပြီး ထိုအိမ်မှာမိခင်တစ်ဦးနဲ့ သားတို့က လယ်သမားများအဖြစ် လုပ်ကိုင်ပြီး နေထိုင်ကြတာပါ ။

သူမ သွားစရာနေရာ ရှာမတွေ့သေးတာကြောင်း သူမတို့အိမ်မှာ တစ်ညသာနေခွင့်ပြုချက်တောင်းရန် ရဲရင့်စွာတောင်းဆိုခဲ့ပါတယ် ။ အေမနဲ့သားနှစ်ယောက်လုံးက စိတ်ရှုပ်နေပေမယ့် မကြာခင်မှာ Xiao Mei က သူမဖြစ်ပျက်ခဲ့တဲ့အရာတိုင်းကို ပြောပြရင်း သူမမျက်လုံးမှ မျက်ရည်များစီးကျလာထဲ့ပါတယ် ။

အမေနဲ့သားနှစ်ယောက်လုံးက Xiao Mei အပေါ် စာနာစိတ်ခံစားခဲ့ရပြီး သူတို့က Xiao Mei ကို သူတို့အိမ်မာ သူမနေချင်သရွေ့သူမကို အတူနေဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ။

ရက်တွေ ကုန်လွန်သွားပြီး မကြာခင်မှာ Xiao Mei က ထိုအိမ်ကသား Li Ming နဲ့လက်ထပ်လိုက်ပါတယ် ။ Xiao Mei နဲ့ Li Ming တို့ကသူတို့ဘဝအတွက် အတူတကွကြိုးစားကြပြီးလက်ထပ်ပြီးတစ်နှစ်အကြာမှာ Xiao Mei က ချစ်စဖွယ်သားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ် ။

ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက် Xiao Mei နဲ့ Li Ming တို့ အိမ်မှာမရှိတဲ့အခါ အဘိုးအိုတစ်ဦးက သူတို့ရဲ့ အိမ်ရှေ့မှာ ငွေတောင်းခံလာခဲ့ပါတယ် ။ အိမ်မှာကျန်ရှိနေတဲ့ Xiao Mei ရဲ့ သားက “ သင်ဘာလို့ တောင်းစားနေရတာလဲ ။ သင့်ကို ဂရုစိုက်မယ့် ကလေးမရှိဘူးလား ” လို့ အဘိုးအိုကို မေးခဲ့ပါတယ် ။

“ ငါ့မှာသားကိုးယောက်နဲ့ သမီးလေးတစ်ယောက်ရှိတယ်၊ ဒါပေမယ့် ငါ့သားရဲ့ ချွေးမတွေအားလုံးဟာ အလုပ်လုပ်ဖို့ အရမ်းပျင်းကြတော့၊ သူတို့က ငါ့ပိုက်ဆံတွေ အကုန်လုံးကို ဖြုန်းပစ်ကြတယ် ။ ငါ့မှာ ဘာမှမကျန်တော့တဲ့အခါ သူတို့က ငါ့ကိုတစ်ယောက်တည်း ပစ်ထားတယ်” လို့ အဘိုးအိုက ဆိုပါတယ် ။

“ ငါ့မှာသမီးတစ်ယောက်ရှိတယ်၊ ဒါပေမယ့်အဲဒီတုန်းက ငါသူမကို အိမ်ပေါ်ကနေ နှင်ထုတ်ခဲ့လို့အခု သူဘယ်မှာနေတယ်ဆိုတာလည်း သဲသဲကွဲကွဲမသိခဲ့ဘူး။ ငါလုပ်ခဲ့တာတွေအတွက် နောင်တရမိတယ်” လို့ သူတောင်းစားက ပြောခဲ့ပါတယ် ။

ထိုအချိန်မှာ Xiao Mei နဲ့ သူမရဲ့ခင်ပွန်းတို့က အလုပ်မှ အိမ်ပြန်လာခဲ့ပြီး Xiao Mei က အဘိုးအိုဟာ သူမရဲ့အဖေအရင်းဖြစ်နေတာကို မြကာမီသိခဲ့ရပြီး သူမမျက်ရည်များကိုမထိန်းနိုင်ဘဲ သူ့အဖေကို ကြည့်ပြီး ငိုနေခဲ့ပါတယ် ။

ထိုအိမ်က အမှန်မှာ သူ့သမီးရဲ့ အိမ်ဖြစ်တာကိုသိသောအခါ Shan က ရှက်သွားပြီး သူအမြန်ထွက်သွားခဲ့သော်လည်း Li Ming နဲ့ သူ့အမေတို့က ဆွဲခေါ်ထားခဲ့ပါတယ် ။

နောက်ဆုံးမှာေတာ့ သူတို့အားလုံး ပြီးပြည့်စုံတဲ့မိသားစုတစ်ခုအဖြစ် အတူတကွပျော်ရွှင်စွာ နေထိုင်ခဲ့ကြပါတယ်။ သို့သော် Jin Shan က နောက်ပိုင်းမှာနေမကောင်းဖြစ်ပြီး နောက်ဆုံးမှာ ကွယ်လွန်သွားခဲ့ပါတယ် ။