Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]
Unicode
လောကကြီးတွင် ပိုက်ဆံသာရှိရင် မိမိဧ။် ဘဝအား ဗြောင်းဆန်သွားသည်ထိ ပြောင်းလဲနိုင်သော ခေတ်ကာလကို ရောက်ရှိနေပြီဖြစ်၍ လူတို့သည် မိမိလိုချင်သော ဘဝသစ်အား ခွဲစိတ်ပြောင်းလဲခြင်းများ ပြုလုပ်လာကြသည်။
ယခုအခါတွင်လည်း ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှ အနာတေးစီယာပိုကိုချီချွတ် အမည်ရှိသော အသက် ၃၂အရွယ် အမျိုးသမီးသည် ချောမောလှပသော ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး လက်ရှိတွင် မော်ဒယ်တစ်ဦး အဖြစ်ရပ်တည်လျက်ရှိသည်။
မိန်းကလေးသည် အလှအပရေးရာနှင့် ပက်သက်ပြီး သဘာဝတိုင်းမဟုတ်သည့် ခွဲစိတ်ပြုပြင်ခြင်းကို ကြိုက်နှစ်သက်ရာ ပါးချိုင့်ကြီးကြီး လိုချင်ခဲ့၍ ပေါင် ၁၆၀၀ ကုန်ကျခံကာ ပါးပြင်အား ထိုးဆေးများ ထိုးသွင်းခဲ့သည်။
ထိုသို့ဆေးထိုးယူခြင်းသည် အန္တရာယ်များလှသည်ဟု ဆရာဝန်များမှ သတိပေးပြောကြားခဲ့သော်လည်း လူအများဧ။် အမြင်တွင် ဆန်းဆန်းလေးဖြစ်နေမည့် ပုံစံကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။
ထိုအဖြစ်အပျက်မှာ လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီး အချို့ကျ အမြင်တစ်မျိုးလေးနှင့် ချစ်စရာကောင်းသည်ဟု ဆိုကြပြီး အချို့ကျ ရူးသွပ်သူအဖြစ်မြင်ခဲ့ကြသည်။