ဗဟုသုတ

ရဲဘော် တစ်ဦးရဲ့ မွေးနေ့ပွဲကို ပကာသန တွေမပါဘဲ ကျင်းပပေးခဲ့ပြီး မွေးနေ့ အလှူလေးပါ ပြုလုပ်ပေးခဲ့တဲ့ PDF ရဲဘော်များ

ရဲဘော် တစ်ဦးရဲ့ မွေးနေ့ပွဲကို ပကာသန တွေမပါဘဲ ကျင်းပပေးခဲ့ပြီး မွေးနေ့ အလှူလေးပါ ပြုလုပ်ပေးခဲ့တဲ့ PDF ရဲဘော်များ

မဂ်လာပါ ပရိတ် သတ်ကြီးရေ ခက်ခဲ ကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေ တွေမှာ PDF ရဲဘော် တွေကတော့ အ ရေးတော် ပုံ ကြီး အောင် မြင် ဖို့ အတွက် အကောင်းဆုံး ကြိုးစားနေ ကြတာ ဖြစ် ပါတယ်။ ရဲဘော်တချို့ဟာ ကိုယ့်ရဲ့ ရာထူးဂုဏ်တွေကို စွန့်လွှတ်ခဲ့တဲ့အပြင် တချို့ရဲ‌ဘော်တွေမှာ မိသားစု အသိုင်း အဝိုင်းတွေရဲ့ အမွေပြတ် စွန့်လွှတ် ခြင်းကိုပါ ခံရတာတွေ ရှိခဲ့ ကြပါတယ်။

ဘယ်လို ပဲ ဆုံးရှုံးစွန့် လွှတ် မှု တွေ ရှိ ပါ စေ PDF ရဲ ဘော် တွေ ကတော့ အခက် အခဲ တွေကြားမှာ ပျော်ရွှင်မှု လေးတွေ မျှဝေ ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် သက်ပေးကာ အာဏာရှင် တော်လှန်ဖို့ စစ်ပညာများ သင်ကြား နေကြတာ ဖြစ်ပါတယ်။

တောတောင် တွေကြားမှာ စစ်ပညာများ သင်ကြားနေ တဲ့ အချိန် ပင်ပန်းမှု မျိုးစုံ ကိုတွေ့ကြုံ နေကြ ရပေမယ့် PDF ရဲ ဘော် တွေက တော့ သူတို့ ရဲ့ လှုပ်ရှားမှု လေးတွေကို မကြာ ခဏ ဖော်ပြ ပေးနေ ခဲ့ ပါတယ်။

ယခုမှာလည်း PDF ရဲဘော် တစ်ဦးရဲ့ လူမှုကွန်ယက်မှာ ကြည်နူးစရာ ပုံ ရိပ် တချို့ ကို ဖော်ပြ လာခဲ့ တာဖြစ် ပါတယ်။ ဒါကတော့ အသက် (၂၂) နှစ်ပြည့် သွားတဲ့ ရဲဘော် တစ်ဦးရဲ့ မွေးနေ့အတွက်ည (၁၂) ကျော်တွင် စဥ့်နှီးတုံးပေါ်မှာ ထမင်းတွေပုံပြီး ကိတ်မုန့်အဖြင့် ပြုလုပ်ကာ ပျော်ပျော်ပါးပါး မွေးနေ့ပွဲ လေးကျင်းပ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာတော့ အနီးအနားမှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်းတစ် ကျောင်းမှာ မွေးနေ့ အတွက် ရဲဘော်များနဲ့အတူ အလှူလေးပြုလုပ်ခဲ့ပါတယ်။ ခက်ခဲနေတဲ့ ကြားကနေ စခန်းမှာ မရှိ ရှိတာ လေးတွေနဲ့ ပကာသန တွေမပါဘဲ မွေးနေ့ပွဲ လေးကို ပြုလုပ်ခဲ့တဲ့ PDF ရဲဘော်တွေရဲ့ မြင်ကွင်း တချို့ ကတော့ ကြည်နူးစရာကောင်းလှ ပါတယ်။

ယနေ့မှာ အသက် (၂၂) နှစ်ပြည့်သွားတဲ့ ရဲဘော်တစ်ဦးကို မွေးနေ့ဆုတောင်းပေးရင်း ပကာသန မပါတဲ့ မွေးပွဲလေးကျင်းပခဲ့တာတွေကို ပြန်လည် ဖော်ပြပေးလိုက် ပါတယ်။ဖတ်ရှူ့ ပေးတဲ့ ပရိတ်သတ်ကြီးလည်း ပျော်ရွှင်သောနေ့ ရက်များကို ပိုင်ဆိုင် နိုင်ပါစေနော်။