ဗဟုသုတ

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ဦးကျင်ဝမ်းကို အလှူငွေတွေ သွားရောက်လှူဒါန်းပေးခဲ့တဲ့ သူဇာပွင့်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် သူဇာပွင့်ကတော့ ဒီနေ့မှာ လုပ်အားဒါနအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကပ်ရောဂါဆိုးကြီးကြောင့် ရိုက်ကူးရေးတွေရပ်နားထားရတဲ့အတွက် အနုပညာအလုပ်တွေကိုသာတစိုက်မတ်မတ်လုပ်လာတဲ့အနုပညာရှင်တွေအဖို့ စားဝတ်နေရေးတော်တော်လေးခက်ခဲနေတာတော့ အမှန်ပါ။

သူဇာပွင့်ကတော့ ဒီနေ့မှာ ကပ်ဘေးကြောင့် ရိုက်ကူးရေးတွေရပ်နာထားရလို့ စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဝါရင့်ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ကြီး ဦးကျင်ဝမ်းအတွက်ကိုသွားရောက်လှူဒါန်းပေးခဲ့တာပါ။

အလှူငွေလှူဒါန်းပေးတဲ့ အလှူရှင်ကနိုင်ငံရပ်ခြားကိုရောက်ရှိနေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အလှူရှင်ရဲ့ကိုယ်စားသူဇာပွင့်က ဦးကျင်ဝမ်းအတွက်သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

တတ်နိုင်လို့ လှူဒါန်းပေးချင်တဲ့ ပရိသတ်တွေလည်း စားဝတ်နေရေးခက်ခဲနေတဲ့ ဦးကျင်ဝမ်းအတွက် လှူဒါန်းပေးကြဖို့ သူဇာပွင့်က နှိုးဆော်ထားပါသေးတယ်။

ပရိသတ်ကြီးရေ အလှူငွေတွေလှူဒါန်းပေးတဲ့ အလှူရှင်ရော ကူညီလှူဒါန်းပေးခဲ့တဲ့ သူဇာပွင့်ရော အတွက် ပရိသတ်တွေကသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Thu Zar Pwint

-Zawgyi Font ဖြင့် ဖတ်ရန်-






