Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]
တစ္ေခတ္တစ္ခါက ႏိုင္ငံေက်ာ္ လူႀကိဳက္မ်ားၿပီး အၿငိမ့္ေတြ ျပက္လုံးေတြနဲ႔ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေအာင္ လုပ္ေပးႏိုင္ခဲ့တဲ့ ဟာသလူ႐ႊင္ေတာ္ႀကီး ဦးတိမ္ၫြန႔္ကေတာ့ လက္ရွိအခ်ိန္မွာ ဒုကၡဆင္းရဲေတြကို ခံစားေနရၿပီး ဘာအလုပ္မွမလုပ္ႏိုင္ေတာ့ဘဲ မတတ္ႏိုင္ေတာ့ရင္ ဇာတိေျမကြမ္းၿခံကုန္းကိုျပန္ၿပီး ေခါင္းခ်ေတာ့မယ္လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ အိမ္ငွားဖို႔အတြက္ လိုေနတဲ့ ဦးတိမ္ၫြန႔္အတြက္ လူငယ္လူ႐ႊင္ေတာ္ မိုးစက္က ဦးေဆာင္ၿပီး အလႉေငြေကာက္ခံေပးရာမွာ အလႉေငြေပါင္း သိန္း (၃၀) ေက်ာ္ရရွိထားၿပီျဖစ္တယ္လို႔လည္းသိရပါတယ္။
ဦးတိမ္ၫြန႔္က “ ေဖႀကီးက အလုပ္မလုပ္ႏိုင္ေတာ့ရင္ေတာ့ ကိုယ့္ဇာတိေျမ ႐ြာကိုပဲျပန္မယ္။ ေဖႀကီးရဲ႕ ခ်က္ျမႇပ္ကေလးေပါ့ အဲဒီမွာ ေဖႀကီးရထားတဲ့ ေျမကြက္ကေလးေတြရွိတယ္။
အိမ္ေလးတစ္လုံး သပ္သပ္ရပ္ရပ္ေလးေဆာက္ၿပီးေတာ့ ေအးေအးခ်မ္းခ်မ္းေပါ့ မ်က္စိေအးနားေအးနဲ႔ တကယ္လို႔ အဆင္မေျပရင္ေတာ့ အဲဒီလိုပဲ အစီအစဥ္ခ်ထားတယ္။ တရားအားထုတ္ တရားအလုပ္နဲ႔ပဲ ကိုယ့္ဇာတိေျမမွာပဲ ျပန္ၿပီး ေခါင္းခ်မယ္လို႔ ရည္႐ြယ္ခ်က္ေလးေတာ့ ထားတာပဲ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး အခုလိုမ်ိဳး ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ကူညီေပးၾကတဲ့ ပရိသတ္ေတြကိုလည္း “အတိုင္းထက္အလြန္ပါပဲ လူတစ္ေယာက္က ရွိေနတုန္းေကြၽးတာထက္ ငတ္ေနတုန္း ေကြၽးတာက ပိုၿပီးထိေရာက္တယ္ဆိုတဲ့အတိုင္းေပါ့ကြယ္။
အခုလို ဒုကၡေရာက္တဲ့အခ်ိန္မွာ ေကြၽးတဲ့ ေက်းဇူးရွင္ဆိုတာ ဟိုတစ္ခါလည္း ေဖႀကီးေျပာဖူးပါတယ္။ အားလုံးက အနေႏၲာအနႏၲငါးပါးတဲ့ ေဖႀကီးတို႔ အႏုပညာရွင္မွာ အနေႏၲာအနႏၲေျခာက္ပါးရွိပါတယ္။ ပရိသတ္ေလ ပရိသတ္ကတစ္ပါးအပါအဝင္ျဖစ္တယ္။
အားေပးၾကတယ္ ခ်စ္ခင္ၾကတယ္ အခုၾကေတာ့ ဘာမွမလုပ္ႏိုင္ဘဲနဲ႔ေတာင္ ဟိုတုန္းက သံေယာဇဥ္ေတြကို အဆက္အသြယ္မဖ်က္ဘဲနဲ႔ အားေပးၾကတယ္။ ေက်းဇူးလည္းတင္တယ္ ေသသည္ထိလည္း မေမ့ပါဘူး ေဖႀကီးတစ္သက္မွာ ဒီမိဘေတြကို လႈပ္ရွားႏိုင္သေ႐ြ႕ တကယ္လို႔မ်ား ပြင့္လင္းလာရင္ အလုပ္ေလးေတြလည္း ျပန္လုပ္ခ်င္ေသးတယ္။
ဒီလုပ္ငန္းေလးေတြကို ျပန္လုပ္ၿပီးေတာ့ ပရိသတ္ရဲ႕ ေက်းဇူးကို ျပန္ဆပ္ခ်င္ပါေသးတယ္။ အၿငိမ့္ကအစ ကႏိုင္ေသးတယ္ ကမယ္လို႔လည္း ဆုံးျဖတ္ထားတယ္။ ေနာက္ဆုံး မလႈပ္ႏိုင္တဲ့အဆုံးဆိုရင္ေတာ့ ေစာေစာက ေျပာတဲ့ ဇာတိေျမ႐ြာမွာ ျပန္ၿပီးေခါင္းခ်မယ္။
တတ္ႏိုင္သေ႐ြ႕လႈပ္ရွားႏိုင္သေ႐ြ႕ကေတာ့ ျဖစ္ႏိုင္ရင္ ပရိသတ္ရင္ခြင္ထဲ ေဖႀကီးရဲ႕ ဆရာ အလကၤာေက်ာ္စြာေ႐ႊမန္းဦးတင္ေမာင္က ပရိသတ္ရင္ခြင္ထဲ ဆုံးသြားတာ သူ႔တပည့္ျဖစ္တဲ့အတြက္ ေဖႀကီးလည္း အဲဒီလိုဆုေတာင္းတယ္။ ေက်းဇူးရွင္ေလ ထမင္းရွင္ဟင္းရွင္ေလ။
ဆုေတာင္းတာကေတာ့ အဲဒီအတိုင္းဆုေတာင္းတာပဲ မျဖစ္လာခဲ့ရင္ေတာ့ ဇာတိခ်က္ျမႇပ္ေလးကို ျပန္ၿပီးေတာ့ ေခါင္းခ်မယ္လို႔ ဆုံးျဖတ္ထားတယ္” လို႔ ဦးတိမ္ၫြန႔္က ေျပာခဲ့ပါတယ္။
တစ္ခ်ိန္က ဦးမိုးဒီ၊ ဦးစိန္႐ိုး၊ ဦးေမာ့စ္ စတဲ့ဝါရင္လူ႐ႊင္ေတာ္ႀကီးမ်ားနဲ႔ အတြဲဖက္မိမိ ဟာသေတြအၿငိမ့္ေတြကို ကခဲ့တဲ့ လူ႐ႊင္ေတာ္ႀကီး ဦးတိမ္ၫြန႔္က လက္ရွိအခ်ိန္မွာ အသက္၆၈ႏွစ္အ႐ြယ္ရွိၿပီျဖစ္ပါတယ္။
အၿငိမ့္ေတြ အတူတူ ကခဲ့တဲ့ ဦးစိန္႐ိုးနဲ႔ ဦးေမာ့စ္တို႔ကေတာ့ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။
Unicode
တစ်ခေတ်တစ်ခါက နိုင်ငံကျော် လူကြိုက်များပြီး အငြိမ့်တွေ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဦးတိမ်ညွန့်ကတော့ လက်ရှိအချိန်မှာ ဒုက္ခဆင်းရဲတွေကို ခံစားနေရပြီး ဘာအလုပ်မှမလုပ်နိုင်တော့ဘဲ မတတ်နိုင်တော့ရင် ဇာတိမြေကွမ်းခြံကုန်းကိုပြန်ပြီး ခေါင်းချတော့မယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အိမ်ငှားဖို့အတွက် လိုနေတဲ့ ဦးတိမ်ညွန့်အတွက် လူငယ်လူရွှင်တော် မိုးစက်က ဦးဆောင်ပြီး အလှူငွေကောက်ခံပေးရာမှာ အလှူငွေပေါင်း သိန်း (၃၀) ကျော်ရရှိထားပြီဖြစ်တယ်လို့လည်းသိရပါတယ်။
ဦးတိမ်ညွန့်က “ ဖေကြီးက အလုပ်မလုပ်နိုင်တော့ရင်တော့ ကိုယ့်ဇာတိမြေ ရွာကိုပဲပြန်မယ်။ ဖေကြီးရဲ့ ချက်မြှပ်ကလေးပေါ့ အဲဒီမှာ ဖေကြီးရထားတဲ့ မြေကွက်ကလေးတွေရှိတယ်။
အိမ်လေးတစ်လုံး သပ်သပ်ရပ်ရပ်လေးဆောက်ပြီးတော့ အေးအေးချမ်းချမ်းပေါ့ မျက်စိအေးနားအေးနဲ့ တကယ်လို့ အဆင်မပြေရင်တော့ အဲဒီလိုပဲ အစီအစဉ်ချထားတယ်။ တရားအားထုတ် တရားအလုပ်နဲ့ပဲ ကိုယ့်ဇာတိမြေမှာပဲ ပြန်ပြီး ခေါင်းချမယ်လို့ ရည်ရွယ်ချက်လေးတော့ ထားတာပဲ” လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး အခုလိုမျိုး ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးကြတဲ့ ပရိသတ်တွေကိုလည်း “အတိုင်းထက်အလွန်ပါပဲ လူတစ်ယောက်က ရှိနေတုန်းကျွေးတာထက် ငတ်နေတုန်း ကျွေးတာက ပိုပြီးထိရောက်တယ်ဆိုတဲ့အတိုင်းပေါ့ကွယ်။
အခုလို ဒုက္ခရောက်တဲ့အချိန်မှာ ကျွေးတဲ့ ကျေးဇူးရှင်ဆိုတာ ဟိုတစ်ခါလည်း ဖေကြီးပြောဖူးပါတယ်။ အားလုံးက အနန္တောအနန္တငါးပါးတဲ့ ဖေကြီးတို့ အနုပညာရှင်မှာ အနန္တောအနန္တခြောက်ပါးရှိပါတယ်။ ပရိသတ်လေ ပရိသတ်ကတစ်ပါးအပါအဝင်ဖြစ်တယ်။
အားပေးကြတယ် ချစ်ခင်ကြတယ် အခုကြတော့ ဘာမှမလုပ်နိုင်ဘဲနဲ့တောင် ဟိုတုန်းက သံယောဇဉ်တွေကို အဆက်အသွယ်မဖျက်ဘဲနဲ့ အားပေးကြတယ်။ ကျေးဇူးလည်းတင်တယ် သေသည်ထိလည်း မမေ့ပါဘူး ဖေကြီးတစ်သက်မှာ ဒီမိဘတွေကို လှုပ်ရှားနိုင်သရွေ့ တကယ်လို့များ ပွင့်လင်းလာရင် အလုပ်လေးတွေလည်း ပြန်လုပ်ချင်သေးတယ်။
ဒီလုပ်ငန်းလေးတွေကို ပြန်လုပ်ပြီးတော့ ပရိသတ်ရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ပါသေးတယ်။ အငြိမ့်ကအစ ကနိုင်သေးတယ် ကမယ်လို့လည်း ဆုံးဖြတ်ထားတယ်။ နောက်ဆုံး မလှုပ်နိုင်တဲ့အဆုံးဆိုရင်တော့ စောစောက ပြောတဲ့ ဇာတိမြေရွာမှာ ပြန်ပြီးခေါင်းချမယ်။
တတ်နိုင်သရွေ့လှုပ်ရှားနိုင်သရွေ့ကတော့ ဖြစ်နိုင်ရင် ပရိသတ်ရင်ခွင်ထဲ ဖေကြီးရဲ့ ဆရာ အလင်္ကာကျော်စွာရွှေမန်းဦးတင်မောင်က ပရိသတ်ရင်ခွင်ထဲ ဆုံးသွားတာ သူ့တပည့်ဖြစ်တဲ့အတွက် ဖေကြီးလည်း အဲဒီလိုဆုတောင်းတယ်။ ကျေးဇူးရှင်လေ ထမင်းရှင်ဟင်းရှင်လေ။
ဆုတောင်းတာကတော့ အဲဒီအတိုင်းဆုတောင်းတာပဲ မဖြစ်လာခဲ့ရင်တော့ ဇာတိချက်မြှပ်လေးကို ပြန်ပြီးတော့ ခေါင်းချမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ဦးတိမ်ညွန့်က ပြောခဲ့ပါတယ်။
တစ်ချိန်က ဦးမိုးဒီ၊ ဦးစိန်ရိုး၊ ဦးမော့စ် စတဲ့ဝါရင်လူရွှင်တော်ကြီးများနဲ့ အတွဲဖက်မိမိ ဟာသတွေအငြိမ့်တွေကို ကခဲ့တဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွန့်က လက်ရှိအချိန်မှာ အသက်၆၈နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
အငြိမ့်တွေ အတူတူ ကခဲ့တဲ့ ဦးစိန်ရိုးနဲ့ ဦးမော့စ်တို့ကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။