Uncategorized

“အလွမ်းကဖေး”‘ဝေးလွင့်ခြင်း၏ နောက်ဆုံးခြေရာ” စတဲ့ နာမည်ကြီးသီချင်းတွေကိုဖန်တီးခဲ့သူ တေးရေး၊ တေးဆို ဆလိုင်းဂျွန်သင်ဇမ်း ကိုဗစ်ရောဂါဖြင့်ကွယ်လွန်

ရန်ကုန် ဩဂုတ်-၂၂

၁၉၈၀ ဝန်းကျင်က အလွမ်းကဖေး သီချင်းဖြင့် လူသိများသည့် တေးရေးတေးဆို ဆလိုင်းဂျွန်သင်ဇမ်း (အသက် ၇၀နှစ်) ကိုဗစ် ရောဂါဖြင့် အင်းလျားလိတ်တွင် ဖွင့်လှစ်ထားသည့် ကိုဗစ် စင်တာတွင် ယနေ့ ဩဂုတ် ၂၂ရက် ညနေ ၆နာရီ ၂၃မိနစ် အချိန်က ကွယ်လွန်သွားကြောင်းသားဖြစ်သူထံမှသိရသည်။

တေးရေးတေးဆို ဆလိုင်းဂျွန်သင်ဇမ်း၏ ”ဝေးလွင့်ခြင်း၏ နောက်ဆုံးခြေရာ၊အလွမ်းကဖေး၊လူပျိုကြီးပဲ လုပ်တော့မယ်” အစရှိသည့်သီချင်းများမှာ ယနေ့တိုင် လူကြိုက်များပြီး အနုပညာရှင်ပေါင်းများစွာ ပြန်လည်သီဆိုနေကြ‌ေသာ အောင်မြင်ကျော်ကြားသည့် သီချင်းများလည်းဖြစ်သည်။

အလွမ်းကဖီး သီချင်းလေး ကြည့်ရန်

ချင်းတောင်ဒေသ အကြောင်းရေးဖွဲ့ထားတဲ့ “တချိန်ချိန်မှာ တောင်ဇလပ်အောက်ကိုစိတ်ပြောင်းကာ ရောက်ရှိခဲ့ရင်၊ အလှတွေဝေဆာလာမယ်၊ အပွင့်အလှလေးကြွေပေးကာ ဆီးကြိုမယ်။” ဆိုတဲ့ “တောင်ဇလပ်ပင်အောက်က သဇင်ချစ်သူ” ဆိုတဲ့ သီချင်းလေးကိုလည်း တေးရေး၊ တေးဆို ဆလိုင်းဂျွန်သင်ဇမ်း ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်

သီချင်းလေးကြည့်ရန်

လွမ်းမောစရာ သီချင်းလေးတွေ ရေးဖွဲ့တတ်တဲ့ တေးရေး၊ တေးဆို ဆလိုင်းဂျွန်သင်ဇမ်း ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပေးပါတယ်