လတ်တလောအခြေအနေတွေအထိ ပြည်သူတွေနဲ့အတူ ပူးပေါင်းလာသူတွေထဲမှာ အမျိုးသားတွေပဲ ရှိနေသေးပေမယ့် ဒီကနေ့မှာတော့ အမျိုးသမီးစစ်သည်တစ်ဦးလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်..။
ရဲရင့်ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပထမဆုံးအမျိုးသမီးစစ်သည်အဖြစ် ပြည်သူဘက် ပြောင်းလဲရပ်တည်လာသူကတော့ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းပဲ ဖြစ်ပါတယ်..။
ကိုယ်ပိုင်အမှတ် မ ၄၉၃၃ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းဟာ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းကို စွန့်ခွာကာ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့တဲ့အကြောင်းအရင်းကိုလည်း သူမကိုယ်တိုင်လက်ရေးဖြင့် လက်ရေးစာလည်း ရေးသားထားပါသေးတယ်..။
တချို့သောအမျိုးသားစစ်သည်တွေ မလုပ်နိုင်သေးတာကို အမျိုးသမီးစစ်သည်တစ်ယောက်အနေနဲ့ ရဲဝင့်ပြတ်သားစွာ ဆုံးဖြတ်ချက်ချခဲ့တာကတော့ တကယ်ကို လေးစားစရာကောင်းလွန်းပါတယ်..။
တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်ရပ်တည်လာတဲ့ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းကတော့ လက်ရှိမှာတော့ တောတွင်းတနေရာကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။
အကြမ်းဖက်မှုလုပ်ရပ်များကို လက်မခံနိုင်တဲ့အတွက် ပြည်သူ့ဘက်သို့ ရပ်တည်လာတဲ့ စစ်သည်အရေအတွက်မှာ (၁၅၀၀)ကျော်ခန့်ရှိပြီလို့လည်း သိရပါတယ်..။