ဗဟုသုတ

မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာပူးပေါင်းသည့် စစ်ကောင်စီအဖွဲ့ဝင်သုံးဦးကို ကျပ်သိန်း၁၅၀ ချီးမြှင့်

မင်းတပ် ဩဂုတ် ၂၂

နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေသည့်ကြားက စစ်ကောင်စီတပ်သား သုံးဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဩဂုတ်၂၁ ရက်တွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက် ပူးပေါင်းသည့်အတွက် တစ်ဦးလျှင် ကျပ်သိန်း ၅၀နှုန်းဖြင့် သုံးဦးအတွက် ကျပ်သိန်း ၁၅၀ ကို ဂုဏ်ပြုချီးမြှင့်ခဲ့‌ေကြာင်း သိရသည်။

”ကျွန်တော်တို့ ပြောထားတဲ့အတိုင်းပဲ။ ကမ်းလက်အတိုင်း လှမ်းလာတဲ့လက်တွေအတွက် တာဝန်ခံမှု တာဝန်မှုဆိုတာကို မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်ကနေ အလုပ်နဲသက်သေပြပြီးပြီ။

ယုံကြည်စွာနဲ့ ဆက်ပြီး လူထုရင်ခွင်ထဲ ခိုလှုံလာကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်ကြားထဲမှ စစ်ကောင်စီတပ်များကို အရင်ပစ်ခတ်ခြင်းမရှိပဲ ပြည်သူနှင့်အတူပူးပေါင်းရန်ပြောဆိုနေသည့် မင်းတပ်(CDF)တပ်ဖွဲ့ရုပ်သံ။

လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းမည်ဆိုပါက ဆုကြေးငွေ သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး သွားချင်သည့်နေရာများသို့ ပို့ဆောင်ပေးမည်ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။