အနှေးယာဉ် လုပ်သားများရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ခဏတာ ကူညီဖြေရှင်းပေးနိုင်ခဲ့တဲ့ မမဆောင်းရဲ့ စုပေါင်း အလှူလေး
မမဆောင်းကတော့ လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိပြီး သူမ ရရှိတဲ့ အနုပညာကြေးတွေနဲ့လည်း အလှူအတန်းတွေများစွာ ပြုလုပ်လေ့ ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ရိုးရှင်းစွာ နေထိုင်တတ်တဲ့သူမရဲ့ပုံစံလေးကို ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။
ယနေ့မှာလည်း အနှေးယာဉ်မောင်းနှင်သူများကို မိတ်ဆွေတွေနဲ့ စုပေါင်းပြီး မွန်မြတ်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့ပါတယ် ။ သူကိုယ်တိုင် အလှူငွေ (၃) သိန်း ပါဝင် လှူဒါန်းခဲ့တယ်လို့လည်းဆိုပါတယ် ။ အလှူတွေ လုပ်နေရရင် ပျော်ရွှင်နေတဲ့ မမဆောင်းရဲ့ အပြုံးတွေကတော့ ပုံတွေထဲမှာ အထင်းသားပါပဲ ။
အလှူနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ သင်္ကန်ကျွန်း ဓမ္မဝိဟာရဘုန်းတော်ကြီးကျောင်း မှာ အနှေးယျာဉ်သမားများအတွက် စုပေါင်းအလှုပွဲမှာ မမဆောင်း က အလှုငွေ ၃ သိန်း , အလှုရှင်များက စားသောက်ကုန်အလှု ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
-Zawgyi Font ဖြင့်ဖတ်ရန်-
သာဓု သာဓု သာဓု မမဆောင်း🙏