ဗဟုသုတ

စိတ်မနှံ့သူကြောင့် တိုင်အလုံးပေါင်း(၁၀၀)ကျော်ရှိတဲ့ ရှေးဟောင်းကျောင်းဆောင်ကြီး မီးလောင်

ဩဂုတ် ၂၁-၂၀၂၁

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပန်းတောကျေးရွာဟောင်းမှာ ဒီကနေ့မနက်အစောပိုင်းက စိတ်မနှံ့သူတစ်ဦးကြောင့် တိုင်အလုံးပေါင်း၁၀၀ကျော်ရှိတဲ့ရှေးဟောင်းကျောင်းဆောင်ကြီးတစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

” အဲလူကဟိုတလောကထဲက တောင်ယာတဲတွေ မီးလိုက်တို့နေတာ၊ သေချာမကာကွယ်လို့ အခုလိုဖြစ်ရတာ”လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီ စိတ်မနှံ့သူဟာ မနေ့ သြဂုတ်၂၀ရက်နေ့ တစ်ညထဲမှာပဲ ပေါက်ကိုင်းနဲ့ငလှိုင်စမ်းရွာက တောင်ယာတဲ ၂လုံးကို မီးတို့ခဲ့တယ်လို့ သိရပြီး မြို့နယ်ရဲတပ်ဖွဲ့နဲ့ ကျေးရွာနေပြည်သူတွေက တောနင်းရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။

ကျောင်းတော်ကြီးရဲ့ အောက်ခြေမှာ လူတဖက်စာရှိတဲ့ကျွန်းတိုင်ပေါင်း (၁၀၀)ကျော်နဲ့ တံခါးတွေပေါ်က ပန်းဆွဲတွေကအစ ကျွန်းသစ်နဲ့ဆောက်ထားခဲ့တဲ့ ကျောင်းအိုကြီးတစါလုံးဖြစ်တယ်လို့ သိရပါတယ်။

ပန်းတောရွာဟောင်းဟာ ပုသိမ်-မုံရွာကားလမ်းက နေအနောက်ဘက်ကို အနည်းငယ်ဝင်သွားရတဲ့ ရွာဖြစ်ပြီး အခုအခါမှာ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အတွက် ပုသိမ်-မုံရွာကားလမ်းဘေးမှာ ပြောင်းရွှေ့နေထိုင်ကြရင်း ရွာသစ်ဖြစ်ကာ ဘုန်းတော်ကြီးကျောင်းပါအသစ်ဆောက်လုပ်သီတင်းသုံးနေတာကြောက့် မီးလောင်တဲ့ကျောင်းမှာ သံဃာတော်တွေမရှိဘူးလို့လည်း သိရပါတယ်။