ပိုမိုဆိုးရွားလာတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ နေ့စဥ်နဲ့အမျှ အသက်ဆုံးရှုံးနေရတဲ့သူတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ အနုပညာအသိုင်းအဝိုင်းမှာဆိုရင်လည်း ကိုဗစ်ကြောင့် စောစီးစွာကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်တွေရဲ့သတင်းတွေကလည်း တကယ့်ကို စိတ်မကောင်းဖြစ်စရာ ကောင်းလှပါတယ်။
ယနေ့ သြဂုတ်လ (၂၁) ရက်နေ့မှာဆိုရင်လည်း သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။
နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးက ကိုဗစ်ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတာဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေပျံ့နှံ့နေတာ ဖြစ်ပါတယ် ။ ဒီသတင်းနဲ့ပတ်သက်ပြီး အနုပညာရှင်အသိုင်းအဝိုင်းက နန်းမြတ်ဖြိုးသင်းရဲ့မိတ်ဆွေတစ်ချို့ကလည်း ဝမ်းနည်းစကားဆိုထားကြတာ တွေ့ရပါတယ်။
နန်းမြတ်ဖြိုးသင်းက ပြီးခဲ့တဲ့ သြဂုတ်လ (၁)ရက်နေ့ကပဲ သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံး ကိုဗစ်ကိုတိုက်ထုတ်နေကြောင်း အားလုံးသိအောင် အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ် ။
နန်းမြတ်က သူမကိုယ်တိုင် Covid Positive ဖြစ်နေပြီး ခင်ပွန်းသည်ကိုလည်း အချိန်နဲ့အမျှ ဂရုစိုက်ပေးနေရတာကြောင့် ဖုန်းတွေမဖြေနိုင်တာ နားလည်ပေးဖို့ စာတင်ခဲ့တာ ဖြစ်ပါတယ် ။
ဒါပေမဲ့ ယနေ့ သြဂုတ်လ (၂၁)ရက်နေ့မှာတော့ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ ဆုံးပါးသွားဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ် ။
နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းအတွက် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းစကားဆိုလာတဲ့ အနုပညာရှင်တစ်ချို့ ရင်တွင်းစကားတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းအတွက် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းစကားဆိုလာတဲ့ အနုပညာရှင်တစ်ချို့ ရင်တွင်းစကားတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။