ဗဟုသုတ

ဖွေးဖွေးရဲ့ဖခင်ကွယ်လွန်သွားတဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်ရပြီး ကိုယ်ချင်းစာမိတယ်လို့ ဆိုလာတဲ့ လွတ်မြောက်နယ်မြေက ထားထက်ထက်..






Unicode

ဖွေးဖွေးရဲ့ဖခင်ကွယ်လွန်သွားတဲ့အပေါ် အလွန်စိတ်မကောင်းဖြစ်ရပြီး ကိုယ်ချင်းစာမိတယ်လို့ ဆိုလာတဲ့ လွတ်မြောက်နယ်မြေက ထားထက်ထက်..

ဒီကာလမှာ ပြည်သူတွေကတော့ ကိုဗစ်ရောဂါကို တိုက်ထုတ်နေရတဲ့အပြင် ဒီမိုကရေစီရရှိဖို့အတွက်ပါအားသွန်ခွန်စိုက်ကြိုးစားနေရတာဖြစ်ပါတယ်။သရုပ်ဆောင်ထားထက်ထက်က နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေပြီး PDF လူငယ်တွေကိုလည်း ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

အနုပညာရှင်တချို့က အခုချိန်မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြပြီး မိမိတို့လုံခြုံရေးကိုကာကွယ်နေရတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဖွေးဖွေးကလည်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးခဲ့တာကြောင့် သူမက အခုချိန်မှာရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတယ်။ဖွေးဖွေးက အဘွားဖြစ်သူကိုလည်း မကြာခင်ကမှဆုံးရှုံးထားရတာဖြစ်ပြီးဖခင်ဖြစ်သူကိုလည်း ဩဂုတ်လ(၁၉)ရက်နေ့မှာ ထပ်မံဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ဖခင်က ကိုဗစ်ရောဂါနဲ့ပဲ ဆေးရုံတက်ရင်းကွယ်လွန်သွားခဲ့လို့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေပါ မိသားစုနဲ့ထပ်တူဝမ်းနည်းနေကြတာဖြစ်ပါတယ်။

ထားထက်ထက်ကတော့ ဖွေးဖွေးနဲ့လည်းခင်မင်ရင်းနှီးတာကြောင့် ဖွေးဖွေးရဲ့ဝမ်းနည်းနာကျင်နေမှုကို ကိုယ်ချင်းစာနေတာဖြစ်ပါတယ်။ဖွေးဖွေးက သူမလိုပဲရှောင်တိမ်းနေထိုင်နေရချိန်မှာ ဖခင်တစ်ယောက်လုံးကို ခွဲခွါလိုက်ရတာကြောင့်ဖွေးဖွေးကို အားပေးစကားလေးပြောလိုက်သေးတာဖြစ်ပါတယ်။

ပြည်သူချစ်မင်းသမီးချောလေးဖွေးစိန်ရဲ့ကြီးမားတဲ့ဆုံးရှုံးမှုလေးကို ပရိသတ်တွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းကပါ ထပ်တူဝမ်းနည်းနေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။