ဗဟုသုတ

ဖိနပ်အဟောင်းထဲ စွန့်ပစ်ခံထားရတဲ့ခွေးလေးတကောင်ရဲ့ ဝမ်းနည်း၊ ဝမ်းသာ ကြုံခဲ့ရတဲ့ဓာတ်ပုံလေးများ

ပိုင်ရှင်တွေက မလိုတော့လို့စွန့်ပစ်ထားတဲ့ ခွေးလေးတကောင်ကို ဂိုရမ်ဆိုတဲ့အမျိုးသားကတွေ့ခဲ့ပါတယ်။ ခွေးလေးက ဖိနပ်အဟောင်းတခုထဲမှာ အိပ်နေပြီး၊ ဘယ်မှမသွားတတ်မလာတတ်လို့ ဒုက္ခရောက်နေတဲ့ပုံစံနဲ့ပါ။ အတော်လေးကိုလည်း စုတ်ပျက်နေပါတယ်။

လမ်းဘေးခွေးတွေကိုစွန့်ပစ်ခံရတိုင်း ကယ်တင်နေတဲ့ ဂိုရမ်ဟာ ခွေးလေးကိုလည်းကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသားလေးတွေအရင်ကျွေးပြီး၊ ယဉ်ပါးလာအောင်လုပ်ခဲ့ကာ သူ့ကိုခင်လာရင် အိမ်ခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

အစွန့်ပစ်ခံလေးတွေရဲ့ထုံးစံအတိုင်း သူတို့အပေါ်ကောင်းတဲ့သူတွေ့ချိန်မှာ ချက်ချင်းကို လိုက်လာခဲ့ပါတယ်။ ပုံလေးတွေသေချာရိုက်ထားခဲ့ကာ မလိုဘဲစွန့်ပစ်တဲ့ခွေးလေးတွေဟာ ပိုချစ်ဖို့ကောင်းတယ်ဆိုတာ ဂိုရမ်က သက်သေပြခဲ့ပါတယ်။

ခြောက်လအကြာမှာပဲ တကယ့်ကို လှပတဲ့ခွေးတကောင်ဖြစ်နေခဲ့ပါပြီ။ စမတ်စတန်လို့ ခွေးလေးကို နာမည်ပေးထားပြီး၊ သူပိုင်တဲ့ခွေးလေးတွေထဲက သွားလေရာကိုအမြဲလိုက်ရတဲ့ ခွေးလေးပါ။ အခုလိုပြောရတာက ဂိုရမ်က စွန့်ပစ်ခံရတဲ့ခွေးလေးတိုင်းကို မွေးစားပါတယ်။

ကြောင်၊ ခွေး အကောင် ၁၀၀လောက်ကို နေ့တိုင်ကျွေးမွေးထားပြီး၊ တနေရာမှာ စွန့်ပစ်ခံရတယ်ကြားတိုင်း သွားကယ်တတ်သူပါ။ အခုလိုသွားကယ်တဲ့ ဂိုရမ်က ဆားဘီးယားနိုင်ငံ၊ ခရာဂျီဗိုမြို့မှာ နေတယ်လို့ သိရပါတယ်။