News ဗဟုသုတ

“ကသာ ရဲစခန်း “မင်းမော်ကွန်း” အဖွဲ့ ၀င်စီးတယ် ဆိုတဲ့ သတင်းပတ်သတ်ပြီး အတူရှိနေတဲ့ AAC အဖွဲ့က ကိုရဲမင်း ပြောတဲ့ စကား”

မင်းမော်ကွန်းနဲ့ အတူရှိနေတဲ့ AAC အဖွဲ့က ကိုရဲမင်းက မင်းမော်ကွန်းအကြောင်းကို ခုလိုပြောလာပါတယ်

“ကသာရဲစခန်း “မင်းမော်ကွန်း” အဖွဲ့ ၀င်စီး ဆိုတာ သတင်းအမှားပါ

ကိုကျော်(မင်းမော်ကွန်း)တို့ မိသားစုလေးခမျှာ တောတောင်ထဲမှာ လှေလေးနဲ့ခက်ခက်ခဲခဲ ယခုပုံပါအတိုင်း သွားလာနေရတာပါ ….

အနီးကပ်ရှိ‌နေသူတွေက ကူညီတာကိုအားနာပြီး လက်မခံဘဲ တောထဲကရတဲ့မှိုလေးတွေ ဒီနေ့ ရွာထဲကို သွားရောင်းပြီးလှေနဲ့ ပြန်လာတဲ့ ပုံလေးပါ။

သူများကို အကူအညီတောင်းရမှာအလွန်အားနာတတ်တဲ့ ကိုကျော်ဟာ‌သူစီးနေကျ ကားလေးကိုလည်းရတဲ့‌ဈေးနဲ့ လွန်ခဲ့သောနှစ်လက အရှုံးခံရောင်းလိုက်ရပါတယ်။

အဲဒီနေ့ကဆို သူသံယောဇဉ်ဖြစ်တဲ့ကားလေးရောင်းလိုက်ရတော့ အတော်လေးစိတ်မကောင်းဖြစ်နေတာပါ။

လွတ်‌မြောက်နယ်‌မြေမှာလည်း မိသားစုအတွက် ကုန်ကျစရိတ်တွေရှိတယ်လေ။တော်လှန်‌ရေးမှာ အနစ်နာခံတဲ့ အနုပညာရှင်တွေကို မှတ်ထားပေးကြပါ။

ထို့အတူ တော်လှန်‌ရေးမှာ အဲယားကွန်းအခန်းထဲကနေ သာကူးခွထိုင်ဖို့ချောင်းနေတဲ့ အနုပညာရှင်တွေကိုလည်းမှတ်ထားပေးကြပါ။

ရဲမင်း(AAC)—🚩

တော်လှန်ရေးနယ်‌‌မြေ….

20/8/2021