News

“ပန်ဆိုင်းမြို့တွင် KIA / MNDAA ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် (ရုပ်သံ)”

ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်/ပန်ဆိုင်းမြို့တွင် KIA၊MNDAA ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ ယနေ့(သြဂုတ် ၂၀ ရက်)နေ့လယ်တွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားပြီး ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိသည်ဟု ဒေသခံများက သတင်းပေးပို့ထားသည်။

ကြူကုတ်/ပန်ဆိုင်းမြို့ မြင်တန်တောင်ကြောတွင် တိုက်ပွဲ ​ဖြစ်နေပြီး ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” အရပ်သား ထိခိုက်သတင်းတော့ မကြားသေးဘူး။ အရင်ရက်က တိုက်ပွဲ​ကြောင့် အရပ်သားတွေ ပြေးနေရတယ်။ အခုလည်း ပြေးနေရတယ်။စစ်တပ်( စစ်ကောင်စီ)ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

KIAနှင့် MNDAAတို့ ပူးပေါင်းအဖွဲ့ နှင့် စစ်ကောင်စီတပ်များသည် ကြူကုတ်/ပန်ဆိုင်းမြို့တွင် သြဂုတ် ၆ ရက်က စ၍ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားဦးရေ ၁,၀၀၀ ကျော်သည် နယ်စပ်တစ်လျှောက် ဘေးလွတ်ရာတွင် ခိုလှုံနေရသည်။

သျှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့ ပေါ်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့သည် ယနေ့ (သြဂုတ် ၂၀)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားသည့်

ရုပ်သံ ကြည့်ရန်

K.I.A တပ်မဟာ(၆)နှင့် MNDAAတို့ ပူးပေါင်းကာ စစ်ကောင်စီတပ်များကိုတိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ ညနေ သုံးနာရီခန့်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ဆိုသည်။