ME News
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် အလုံမြို့မှာရှိသည့် နမခတပ်ရင်းမှာ မုံရွာမြို့ကို ဖိနှိပ်နိုင်အောင် အကြမ်းဖက်သူပုန်စစ်ကောင်စီတပ်က တပ်အတွင်း ယတြာပြုလုပ်နေတယ်လို့ တပ်အတွင်းခိုင်လုံတဲ့သတင်းရပ်ကွက်က MEကိုပြောပါတယ်။
ဒီကနေ့ဩဂုတ်လ၂၀ရက်နေ့ မန္တလေးကနေ မုံရွာသို့ စစ်ကားများဆင်းလာပြီး နံနက်၁၁နာရီအချိန်ခန့်က ရဟတ်ယာဉ်တစ်စီးဖြင့် ဘုရားဆင်းတုတော်ပင့်ဆောင်လာပြီး ယတြာအတွက်လိုအပ်သော ပလက်တီနမ်အစရှိသည့် ပစ္စည်းများကို သယ်ဆောင်ခဲ့တယ်လို့ တပ်အတွင်းပြောပြသူက ဆိုပါတယ်။
မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမိန့်တွေကိုဖီဆန်ပြီး သပိတ်စစ်ကြောင်းများစွာထွက်ရှိပြီးနောက် စစ်ကောင်စီတပ်ဟာ မုံရွာမြို့ကို အုပ်ချုပ်ဖိနှိပ်ချင်လို့ တပ်အတွင်းမှာ ယတြာတွေပြုလုပ်ပြီး ဘုန်းကြီးတွေပင့်၍ အဓမ္မဘုရားစာတွေရွတ်ဆိုခိုင်းနေတယ်လို့ သိရပါတယ်။
Writer by Thike
ဓာတ်ပုံ-တပ်အတွင်းယတြာပြုလုပ်မှု-ပင့်ဆောင်လာသောဘုရား