မနေ့ညက Facebook ပေါ်တွင် တက်လာတဲ့ သတင်းတစ်ခုကြောင့် အားလုံး အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကတော့ သရုပ်ဆောင် ဖွေးဖွေးရဲ့ ဖခင်ဟာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် မနေ့ညက ပန်းလှိုင်ဆေးရုံတွင် ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီသတင်းကြောင့် ပရိသတ်တွေသာမကဘဲ အနုပညာလောကမှ ညီအစ်ကိုမောင်နှမများအားလုံး ဖွေးဖွေးရဲ့ ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။
မနေ့ညက သရုပ်ဆောင် အလင်းရောင်ရဲ့ Instagram Story တွင် တိမ်းရှောင်နေရတဲ့အတွက် ဖခင်ဆုံးပါးသွားတာတောင် နှုတ်ဆက်ခွင့်မရခဲ့တဲ့ ဖွေးဖွေးရဲ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းခံစားနေရကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။
အစ်မတစ်ယောက်လို ချစ်ရတဲ့ ဖွေးဖွေးရဲ့ဖခင် ဆုံးပါးသွားတဲ့အတွက် အရမ်းကို ဝမ်းနည်းနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဖွေးဖွေးအနေနဲ့ အတော်လေး ခက်ခဲနေမှာ သိတာကြောင့် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီချင်မိကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။
ဖခင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေအများကြီးရှိခဲ့မယ်လို့ သူ့အနေနဲ့ ထင်မိကြောင်း ရေးသားထားပါတယ်။
ဖွေးဖွေးအနားမှာ အမြဲရှိနေပေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးသွားမယ်လို့လည်း အလင်းရောင်မှ ရေးသားထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတွင် ပုဒ်မ ၅၀၅(က) ဖြင့်အရေးယူခံထားရတာကြောင့် အဝေးတစ်နေရာသို့ တိမ်းရှောင်နေရတာကြောင့် ဖခင်နေမကောင်းချိန်မှာတောင်အနားမှာရှိမပေးနိုင်တာ ဖြစ်ပါတယ်။
ဖွေးဖွေးရဲ့ အကြီးမားဆုံးရှုံးမှုအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရကြောင်းနဲ့ဖွေးရဲ့ဖခင်လည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်းနဲ့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Phway Phway’s Facebook Page and Alinn Yaung’s IG Account