ဗဟုသုတ

“ရေဒီယို အမျိုးအစား အလိုက် Radio NUG လိုင်းဖမ်းနည်း အမျိုးမျိုး”

ခွန်အားပေးတဲ့ NUG ရေဒီယိုပါ

လိုင်းဖမ်းရာ မီးတွေအောက်မမိသလို

တနေရာထဲထိုင်းဖမ်းရာတွင်လဲလ်ုင်းအရည်သွေးမကောင်းတတ်ပါ

ရေဒီယို အသုံးပြုနည်းအခြေခံ။

ရေဒီယိုတွေမှာ FM နဲ့ AM ဆိုပြီးရှိတယ်။ မြို့ထဲလွှင့်တဲ့ City FM ဘာညာဆိုတာ FM ပေါ့။ အကွာအဝေးနည်းနည်းပဲ ရောက်တယ်။

AM က ပိုဝေးတဲ့နေရာတွေ လွှင့်တယ်။ AM မှာ ၂ မျိုးရှိတယ်။ MW (လှိုင်းလတ်) နဲ့ SW (လှိုင်းတို)။ လှိုင်းတိုမီတာဘယ်လောက်၊ ဘယ်လောက်ကီလိုဟတ်ဇ်တို့မှ ဖမ်းယူနားဆင်နိုင်ပါသည်ဆိုတဲ့အထဲက လှိုင်းတိုဆိုတာ SW ကို ပြောတာ။

SW က ကြိမ်နှုန်းများတော့ ရေဒီယိုပေါ်မူတည်ပြီး ချန်နယ်လေးတွေ ထပ်ခွဲထားတယ်။ ဥပမာ ချန်နယ် ၁ ဆိုရင် ၅၀၀၀ ကီလိုဟတ်ဇ်ကနေ ၇၀၀၀ ကီလိုဟတ်ဇ်ကြားပေါ့။

VOA မနက်(၈-၉) K15110 M20 K11820 M25 K9335 M32

အပေါ်ကဟာက နမူနာ။ VOA ။ မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ လွှင့်တယ်။ ကြိမ်နှုန်း ၃ ခုကနေ လွှင့်တယ်။ တခုမမိ တခုဖမ်း။ 15110, 11820 နဲ့ 9335 ကီလိုဟတ်ဇ်တွေ။ M (မီတာ) တွေကို ခဏမေ့ထားလိုက်။ ရေဒီယိုအများစုမှာက မီဂါဟတ်ဇ် MHz နဲ့ ရေးတတ်တယ်။ KHz ကို ၁၀၀၀ နဲ့စား။ 15.110 MHz, 11.820 MHz နဲ့ 9.335 MHz ပေါ့။ ဘယ်ချန်နယ်က ဘယ်လောက် MHz ကနေ ဘယ်လောက် MHz အထိ ဆိုတာပါလိမ့်မယ်။ အဲ့ဒီအတိုင်း လှည့်ပြီးဖမ်းပေါ့။

ဓာတ်ခဲအပိုပါ ဆောင်ထားဖို့လိုမယ်။

ရေဒီယို အမျိုးအစားအလိုက် NUG ရေဒီယို လိုင်း ဖမ်းနည်း

(kchibo 10 band – – band က swတွင်ထားပေးရပါမယ်)

(Fmeson hb 1200 12band)

(Kchibo kk 9812 12band)

(Kchibo kk 9803 10band)

(Sw 9120 10band)

(Kchibo kk 811 12band)

(ရှေးဟောင်း Tape2 ဆက်)

(kchibo kk 928 9band)

(Nns ns q33u)

(Sony sw 609b)

နောက်တခုက လျှပ်စစ်လှိုင်း နှောက်ယှက်မှု။ ရန်ကုန်လို မီးချောင်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ များတဲ့နေရာဆိုရင် လိုင်းမမိ၊ လိုင်းဖမ်းမရ၊ လိုင်းမကောင်း ဖြစ်တတ်တယ်။ နေရာပြောင်းပြီး စမ်းကြည့်။ မီးတွေ၊ လျှပ်စစ်ပစ္စည်းတွေ ပိတ်ပြီး စမ်းကြည့်။

ရေဒီယိုလှိုင်း ထုတ်လွှင့်မှုတွေက နိုင်ငံခြားက လာတာ။ တခြားဆက်သွယ်မှုတွေ အကုန်ပြတ်သွားရင်တောင် ရေဒီယိုကတော့ ဆက်ရနေလိမ့်မယ်။ သတင်းတွေ သိရလိမ့်မယ်။

ဖုန်းထဲ app ထည့်ပြီး ရေဒီယိုဖမ်းတာမျိုး မရပါ။ အဲ့ဒါတွေက အင်တာနက်ရှိမှ အလုပ်လုပ်ပါတယ်။ ရေဒီယိုတလုံး ဝယ်ဖို့ လိုပါမယ်။

ကျွန်တော်လဲဆက်ပြင်ဆရာမဟုတ်ပေမည့်သိသလောက်ပြသပါမည် ရေဒီယိုပုံလေးတွေရိုက်ပြီးပြသနိုင်ပါသည်

Radio NUG Page

like လိုချင်လို့မဟုတ်ပါ ခေတ်ဟောင်းရေဒီယိုကိုပြန်နားထောင်ရင်းခေတ်သစ်အတွက်အတူတူထူတည်ထောင်ကြခြင်သူများအတွက်ကူညီတဲ့သဘောပါ🙂

ရေဒီယိုမှာတလုံးနှင့်တလုံးလိုင်းဖမ်းယူတာမတူညီပါ

သိန်းသန်း နည်းပညာ