ဗဟုသုတ

ငှက်ပျော်သီး ဝယ်ထားလို့ ပိုနေရင် အလွယ်လုပ်စားလို့ ရမဲ့ မုန့်လေး

ငှက်ပျော်သီး ဝယ်ထားလို့ ပိုနေရင် အလွယ်လုပ်စားလို့ ရမဲ့ မုန့်လေး

ငှက်ပျောသီးတွေ ဝယ်ထားပြီး မစားဖြစ်လို့ ပြော့နေရင် အဲ့လိုမုန့် သာလုပ်စား လိုက် ကလေး လူကြီးအကုန် ကြိုက်တယ် အားလည်း ရှိတယ်။

ထမင်းမစားချင်တဲ့ လူကြီးတွေအတွက်သင့်တော်ပါတ ယ်ကျမအမေကတော့အရမ်းကြိုက်ဘဲ ငှက်ပျောသီး ၃ လုံး ကျန်နေတာနဲ့ လုပ်စားလိုက်တာလူတိုင်းလည်း လုပ်တက်မှာပါလွယ်လွယ်လေးကို ဒါပေမဲ့မသိသေးတဲ့သူ လုပ်လို့ရအောင် ရေးပေးထားတယ်နော်

ငှက်ပျောသီး ကြက်ဥ ဂျုံ့ မုန့်

သီးမွှေး ဖီးကြမ်း ကြိုက်ရာသုံး ဖီးကြမ်ဆို ချဥ်တဲ့ အရသာနည်းနည်းလေးရှိမယ် သီးမွှေးကပိုကောင်းတယ် လူကြီးတွေစားမှာဖြစ်လို့ ကျမ သကြားနည်းနည်းသာထည့်ပါတယ်

မုန့်လုပ်နည်း

ငှက်ပျောသီး = 3 လုံး

ကြက် ဥ = 2 လုံး

ဂျုံထမင်းစားဇွန်း = 3 ဇွန်း

ဆား အနည်းငယ်

သကြား အနည်းငယ်

ဒံပေါက်အရောင် နည်းနည်း ( မထည့်လည်းရ အိမ်မှာရှိနေလို့ အရောင်လှအောင်ထည့်တာ)

ငှက်ပျောသီးကို ကြေအောင်အရင်ချေပါ ပြီးရင် ကြက်ဥ ဖောက်ထည့်မွှေပါ ပြီးရင် ဂျုံမှုန့် ဆား သကြား ထည့်မွေပါ

နှံ့လာရင် အရောင်ထည့်ချင်ရင် ထည့်မွေပါ သေချာတော့ နှံစပ်အောင်မွှေပါ ဒယ်အိုးကတော့ ကြိုက်တာနဲ့သုံးပါ ကျမကတော့ ရိုးရိုး အိုးဘဲ သုံးပါတယ် အိုးပူလာရင် ဆီနည်းနည်း ပွတ်ပြီး မုန့်ရည်ထည့်ပါတယ်

မီးအနေတော်ဘဲထားပါ တဖတ်ကျက်ရင်နောက်တဖတ်လှန်ပါပြီးရင်ဆယ်ပြီးစားလို့ရပါပြီးတခါလုပ်ထားရင် နောက့်နေ့ ညနေအထိထားခံပါတယ်အပြင်မှာဘဲဇကာအုပ်ပြီးထားလို့ရပါတယ်

လုပ်စားကြည့်ကြနော်

zawgyi






မုန့်လုပ်နည်း

ငှက်ပျောသီး = 3 လုံး

ကြက် ဥ = 2 လုံး


ဆား အနည်းငယ်

သကြား အနည်းငယ်





လုပ်စားကြည့်ကြနော်