ဗဟုသုတ

ညအချိန်မတော်ကြီး ဆူးတောများကြား ပြေးလွှားပြီး ပင်ပန်းဆင်းရဲစွာနေရပုံကို ပရိတ်သတ်တွေအား ရင်ဖွင့်လာတဲ့ ညီနန္ဒ

ညအချိန်မတော်ကြီး ဆူးတောများကြား ပြေးလွှားပြီး ပင်ပန်းဆင်းရဲစွာနေရပုံကို ပရိတ်သတ်တွေအားရ င် ဖွင့်လာတဲ့ ညီနန္ဒ

ပရိတ်သတ်ကြီးရေ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါ တယ်..။ ညီနန္ဒကတော့ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမရှိအောင် တော်သူ ဝါရင့်သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ပါတယ်နော်..။

နိုင်ငံရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပြီး အာဏာရှင် လူတစ်စုရဲ့ အုပ်စိုးမှုကို တော်လှန်သောသူ တွေထဲ က တစ်ယောက်အဖြစ် မိသားစုရဲ့ ဝေးရာမှာ နေကာ ယုံကြည်ရာ လမ်းကို လျောက်လှမ်းနေသူပါ..။

ညီနန္ဒကတော့ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်ပင်ပန်းမှု ဒဏ်တွေနဲ့ မိသားစု ဝေးရာ မှာ ဖခင်ကို ဆုံးရှုံးချိန် အနားမှာ မရှိရပေမယ့်လည်း နောင်တမရှိ ဆက်လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်..။

သြဂုတ်လ (၁၈) ရက်နေ့မှာတော့ ညီနန္ဒက ညကြီးမင်းကြီး ဆူးတောများကြားထဲ ပြေးတလွှား နေရတဲ့အဖြစ်ကို “မှောင်ပါတယ်ဆိုတဲ့ ဆူး တောကြားမှာ ရင်တွေခုန်ကာ မော…ထွက်သက်ဝင်သက်များ ပြင်းလွန်းတော့ မီးအိမ်ဟာငြိမ်းခဲ့တယ်…” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက် နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ဖယောင်းတိုင်လေး ကိုင်ကာ ရိုက်ထားတဲ့ ညီနန္ဒရဲ့ ပုံရိပ်ကို မြင်သူတိုင်း ပင်ပန်းမှုတွေကို အတိုင်းသား မြင်ရမယ် ထင်ပါတယ်နော် ..ပရိ သတ် ကြီး..။ ပရိသတ်ကြီးလည်း ညီနန္ဒအတွက် အားပေးစကားတွေ ပြောပေးခဲ့ပါဦးနော်..။