ဗဟုသုတ

အိမ်ခြေ(၂၀၀)စာအတွက် စားသောက်ကုန်တွေ ထပ်မံလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လတ်တလောမှာ ကပ်ဘေးတွေကြောင့် စားဝတ်နေရေးခက်ခဲကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် နေ့စဉ်စားသောက်ဖို့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို လှူဒါန်းပေးနေခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့မှာလည်း ထပ်မံလှူဒါန်းပေးခဲ့ပြန်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီနေ့ သြဂုတ်လ (၁၉)ရက်နေ့မှာလည်း အခြေခံလူတန်းစား လက်လုပ်လက်စားမိသားစုတွေအတွက် ငါးခြောက်၊ ကြက်ဥ(၁၀)လုံး၊ ပေါက်စီနဲ့ သီးစုံပဲဟင်းတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ စုစုပေါင်း အိမ်ခြေ (၂၀၀)စာအတွက်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက အခုလို အစားအစာတွေလှူဒါန်းပေးရတာကတော့ သူလှူဒါန်းပေးတဲ့ အစားအစာတွေကို စားပြီး ဒီကပ်ဘေးကာလမှာ ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ခွန်အားတွေရရှိပါစေဆိုပြီး ရည်ရွယ်လှူဒါန်းတာပါတဲ့။

သူနဲ့ သူ့ရဲ့အလှူရှင်(၇)ရက်သားသမီးတွေစုပေါင်းလှူဒါန်းတဲ့ အလှူလေးဖြစ်တာကြောင့် (၇)ရက်သားသမီး ပရိသတ်တွေအားလုံးသာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူပုံရိပ်လေးတွေကိုလည်း မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေတို့ ရဲ့ အလှူလေးကို ရိသတ်တွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။




