ဗဟုသုတ

မင်းသားကြီးဦးကျော်သူရေးသားလာတဲ့ သုဘရာဇာရဲ့အဖြစ်အပျက်

မင်းသားကြီးဦးကျော်သူရေးသားလာတဲ့ သုဘရာဇာရဲ့အဖြစ်အပျက်

တစ်ခေတ်တစ်ခါကမြန်မာပြည်ရဲ့ရုပ်ရှင်လောကနေရာတစ်ခုမှာ ထိပ်တန်းကနေအောင်မြင်မှုုနေရာကိုရယူနိုင်ခဲ့အထဲမှာမင်းသားကြီးဦးကျော်သူတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်နော်. မင်းသားကြီးဦးကျော်သူကတော့ အကယ်ဒမီဆုတွေကိုလည်း ရယူနိုင်ခဲ့သလို ပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုပါ ထာ၀ရသိမ်းပိုက်ထားနိုင်သူပဲဖြစ်ပါတယ်..

မင်းသားကြီးဦးကျော်သူကတော့ အောင်မြင်နေရင်းမှာဘဲ အနုပညာအလုပ်ကနေရပ်နားပြီးနောက် ပရိဟိတအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ ပရိသတ်တွေရဲ့ရင်တွေထဲတော့ အမြဲရှိနေတာဖြစ်ပါတယ်နော်. ခုချိန်မှာ‌တော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အာဏာသိမ်းမှုကြောင့် မတရားမှုကိုတွန်းလှန်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တော်တော်များများလည်း အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး တစ်ချို့ကတော့ ၀ရမ်းပြေးဘ၀ကို ရောက်ရှိနေရပြီဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ မင်းသားကြီးဦးကျော်သူကသူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ.

” ကိုရီးယားမှာပေါ့ဗျာ။ ။အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်ဖြစ်တယ်လို့ ကိုရီးယားလို မိတ်ဆက်ပေးတော့ ပြုံးပြလေရဲ့။ ရုပ်ရှင်လည်းရိုက်တယ်။ အသုဘလည်းချတဲ့ ကုသိုလ်ဖြစ်သုဘရာဇာလို့လည်း မိတ်ဆက်ပေးရော ပြုံးပြယုံတင်မကတော့ဘူး အတင်းလက်ကိုဆွဲကိုင်ဖက်ပြီး ဓါတ်ပုံရိုက်ခိုင်းတော့တာဘဲဗျာ။

တစ်ချို့ဆိုရင်ထမင်းစားပွဲမှာ တကယ့်အဓိကဧည့်သည်တော်တွေ ထိုင်တဲ့ ထိပ်ဆုံးထိုင်ခုံမှာနေရာချပေး၊ အရေးကြီးတဲ့နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခိုင်းလိုခိုင်း နေရာပေးလိုက်ကြတာလေ။ ဒါကလူကြီးကော လူငယ်ကော မိန်းမကြီးကော မိန်းမငယ်လေးတွေကောဗျ။

သူဌေးကော ကမ္ဘာကျော်မင်းသားကော ပြည်သူအရပ်သားကောဗျ။ အားလုံးကတစ်ပုံစံထဲ ဆက်ဆံမှုတုန့်ပြန်မှုတွေတစ်ထပ်ထဲဗျာ။ မြန်မာပြည်ဆိုရင်တော့ အရင်ကပေါ့ဗျာ။မင်းသားပါဆိုတော့ပြုံးပြီးဓါတ်ပုံရိုက်ရင်ရိုက် အော်တိုထိုးခိုင်းရင်ခိုင်းပေါ့။

သုဘရာဇာဆိုတာနဲ့မျက်နှာပျက်ပြီး နူတ်ခမ်းမဲ့ရွဲ့ပြီးဝေးဝေးကိုရှောင်ထွက်သွားလေရဲ့။ဒါဟာ ပြည်ပနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့မတူညီတဲ့ဆက်ဆံရေးပေါ့ဗျာ။ဪ…… ထေရဝါဒဗုဒ္ဓဘာသာတွေရဲ့နိုင်ငံမှာဘာဖြစ်လို့များဒီလောက်အယူသည်းကြပါလိမ့်လို့…ဒွိဟဖြစ်မိပါရဲ့ဗျာ။ ❤ ကျော်သူ ❤ ” ဆိုပြီး ရေးသားလာခဲ့ပါတယ်. ။

စာဖတ်ပရိသတ်ကြီးရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်း ရေးပေးသွားကြပါအုံးနော်…

Zawgyi

မင်းသားကြီးဦးကျော်သူရေးသားလာတဲ့ သုဘရာဇာရဲ့အဖြစ်အပျက်

တစ်ခေတ်တစ်ခါကမြန်မာပြည်ရဲ့ရုပ်ရှင်လောကနေရာတစ်ခုမှာ ထိပ်တန်းကနေအောင်မြင်မှုုနေရာကိုရယူနိုင်ခဲ့အထဲမှာမင်းသားကြီးဦးကျော်သူတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်နော်. မင်းသားကြီးဦးကျော်သူကတော့ အကယ်ဒမီဆုတွေကိုလည်း ရယူနိုင်ခဲ့သလို ပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုပါ ထာ၀ရသိမ်းပိုက်ထားနိုင်သူပဲဖြစ်ပါတယ်..

မင်းသားကြီးဦးကျော်သူကတော့ အောင်မြင်နေရင်းမှာဘဲ အနုပညာအလုပ်ကနေရပ်နားပြီးနောက် ပရိဟိတအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ ပရိသတ်တွေရဲ့ရင်တွေထဲတော့ အမြဲရှိနေတာဖြစ်ပါတယ်နော်.

ခုချိန်မှာ‌တော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အာဏာသိမ်းမှုကြောင့် မတရားမှုကိုတွန်းလှန်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တော်တော်များများလည်း အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး တစ်ချို့ကတော့ ၀ရမ်းပြေးဘ၀ကို ရောက်ရှိနေရပြီဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ မင်းသားကြီးဦးကျော်သူက သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ.

“ကိုရီးယားမှာပေါ့ဗျာ။ ။အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်ဖြစ်တယ်လို့ ကိုရီးယားလို မိတ်ဆက်ပေးတော့ ပြုံးပြလေရဲ့။ ရုပ်ရှင်လည်းရိုက်တယ်။ အသုဘလည်းချတဲ့ ကုသိုလ်ဖြစ်သုဘရာဇာလို့လည်း မိတ်ဆက်ပေးရော ပြုံးပြယုံတင်မကတော့ဘူး အတင်းလက်ကိုဆွဲကိုင်ဖက်ပြီး ဓါတ်ပုံရိုက်ခိုင်းတော့တာဘဲဗျာ။

တစ်ချို့ဆိုရင်ထမင်းစားပွဲမှာ တကယ့်အဓိကဧည့်သည်တော်တွေ ထိုင်တဲ့ ထိပ်ဆုံးထိုင်ခုံမှာနေရာချပေး၊ အရေးကြီးတဲ့နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခိုင်းလိုခိုင်း နေရာပေးလိုက်ကြတာလေ။

ဒါကလူကြီးကော လူငယ်ကော မိန်းမကြီးကော မိန်းမငယ်လေးတွေကောဗျ။ သူဌေးကော ကမ္ဘာကျော်မင်းသားကော ပြည်သူအရပ်သားကောဗျ။ အားလုံးကတစ်ပုံစံထဲ ဆက်ဆံမှုတုန့်ပြန်မှုတွေတစ်ထပ်ထဲဗျာ။ မြန်မာပြည်ဆိုရင်တော့ အရင်ကပေါ့ဗျာ။မင်းသားပါဆိုတော့ပြုံးပြီးဓါတ်ပုံရိုက်ရင်ရိုက် အော်တိုထိုးခိုင်းရင်ခိုင်းပေါ့။ သုဘရာဇာဆိုတာနဲ့မျက်နှာပျက်ပြီး နူတ်ခမ်းမဲ့ရွဲ့ပြီးဝေးဝေးကိုရှောင်ထွက်သွားလေရဲ့။

ဒါဟာ ပြည်ပနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့မတူညီတဲ့ဆက်ဆံရေးပေါ့ဗျာ။ဪ…… ထေရဝါဒဗုဒ္ဓဘာသာတွေရဲ့နိုင်ငံမှာဘာဖြစ်လို့များဒီလောက်အယူသည်းကြပါလိမ့်လို့…ဒွိဟဖြစ်မိပါရဲ့ဗျာ။ ❤ ကျော်သူ ❤” ဆိုပြီး ရေးသားလာခဲ့ပါတယ်. ။

စာဖတ်ပရိသတ်ကြီးရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်း ရေးပေးသွားကြပါအုံးနော်…