ဗဟုသုတ

ပူညံပူညံလုပ်တဲ့ မိန်းမနဲ့အတူမနေချင်လို့ ဓားပြတိုက်ပြီးထောင်ထဲဝင်တဲ့အဖိုးအို

အသက်(70)အရွယ် Lawrence Ripple လို့ အမည်ရတဲ့ အဖိုးအိုဟာ သူရဲ့ ပူညံပူညံလုပ်လွန်းတဲ့ အဖွားကြီးနဲ့ ဒီထက်ပိုပြီး မနေလိုတော့တာနဲ့ ဘဏ်တစ်ခုကို အနုကြမ်းဝင်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ပါတယ်။

၎င်းဟာ ဒေသတွင်းကဘဏ်တစ်ခုကို သွားပြီး ငွေစာရင်းအရာရှိကို စာရွက်တစ်ရွက်ထဲမှာ စာရေးကာ ၎င်းမှာ သေနက်ပါကြောင်း၊ ပိုက်ဆံ အသာတကြည် ပေးဖို့အကြောင်းတောင်းဆိုခဲ့ပါတယ်။

နောက်တော့ Lawrence ဟာ ဘယ်သူမှ မတိုက်တွန်း မချုပ်နှောင်ရပါဘဲ ရဲတပ်ဖွဲ့လာအဖမ်းကို စိတ်ရှည်လက်ရှည် ထိုင်စောင့်နေပါတယ်။

Lawrence ဟာ အမေရိကန် Kansas City မှာနေထိုင်သူဖြစ်ပြီး ၎င်းနဲ့အနီးဆုံး အလုပ်သမားဘဏ်ကိုပြီးခဲ့တဲ့အပတ် သောကြာနေ့က သွားရောက်ကာ ရည်ရွယ်ချက်ရှိရှိနဲ့ အနုကြမ်းစီးခဲ့ခြင်း ဖြစ်ပါတယ်။

Lawrence ဟာ ဘဏ်ထဲကို ဝင်ရောက်ပြီး အသင့်ရေးယူလာတဲ့ စာရွက်ကို ငွေစာရင်း အရာရှိဆီ ထိုးပေးလိုက်ပါတယ်။ အဲဒီ စာထဲမှာ ” ငါ့မှာ သေနက်ပါတယ် … ပိုက်ဆံပေးပါ “ဆိုပြီး ရေးထားပါတယ်။

ငွေစာရင်းအရာရှိလည်း တုန်တုန်ရီရီနဲ့ ပေါင် (2250)ကို ထုတ်ပေးလိုက်ပါတယ်။ သို့သော် အဖိုးအို Lawrence က ဘဏ်ထဲကနေ ထွက်မသွားဘဲ ဧည့်သည်တွေ ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး၊ ရဲတပ်ဖွဲ့အလာကို အေးအေးလူလူ စောင့်နေခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့မလာခင်မှာ ဘဏ်လုံခြုံရေးတွေ ပြာယာပြာယာနဲ့ ရောက်လာကြပါတယ်။ အဲဒီအခါမှာ Lawrence က ” မင်းတို့ ရှာနေတာ ငါပဲကွ “ဆိုပြီး ပြောခဲ့ပါတယ်။

လုံခြုံရေးတွေဟာ သူ့ဆီကို ပိုက်ဆံတွေ ပြန်တောင်းယူလိုက်ပြီး ရဲတွေမလာခင် အထိ သူ့ဘေးနားမှာ စောင့်ကြပ်နေခဲ့ကြပါတယ်။

အဖိုးအို Lawrence ကို ရဲတပ်ဖွဲ့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့အခါမှာ ၎င်းက ပူညံပူညံ ဗြစ်တောက်ဗြစ်တောက် လုပ်လွန်းတဲ့ သူရဲ့ ကြင်ယာတော် အဖွားကြီးနဲ့ ဒီထက်ပိုပြီး ဆက်မနေချင်တော့လို့ ဒီလိုလုပ်ခဲ့ရတာလို့ ထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ငိုရအခက် ရယ်ရအခက်နဲ့ ဖြစ်စဉ်သေးစိတ်ကို ဟုတ်မဟုတ် ဆက်လက် စုံစမ်းနေပါတယ်။

Zawgyi