ဗဟုသုတ

အသက်အရွယ်ကြီးရင့်ပေမယ့် ကူကယ်မယ့်သူမရှိဘဲ ရေဝင်နေတဲ့အိမ်လေးထဲမှာ တစ်ကိုယ်တည်းနေ နေရရှာတဲ့ အသက်(၈၀)ကျော် အဖွား

လက်ရှိပြည်တွင်းရေး အခြေအနေတွေကြောင့် ပြည်သူတွေဟာ အစစအရာရာခက်ခဲကြပ်တည်းနေကြရပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားကာ စစ်ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြတာလည်း ဖြစ်ပါတယ်..။

အဖိုးအဖွားပြည်သူတွေအနေနဲ့ အခုလိုအချိန်မှာ အခက်အခဲတွေကို ပိုမိုရင်ဆိုင်နေရပြီး စားဝတ်နေရေးတွေအပြင် နေထိုင်ရေးအတွက်လည်း ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာ တွေ့မြင်နေရပါတယ်..။

အခုတစ်ခါမှာလည်း ဆင်းရဲနွမ်းပါးပြီး အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဖွားအိုတစ်ယောက်ဟာ နေရာထိုင်ခင်းအတွက်တောင် အခက်အခဲတွေနဲ့ အကူအညီတွေ လိုအပ်နေတာ တွေ့ရပါတယ်..။

အသက်(၈၀)ကျော်အရွယ် မန္တလေးမြို့က အဖွားဟာ ကူကယ်မယ့်သူမရှိဘဲ ရေဝင်နေတဲ့အိမ်လေးထဲမှာ တစ်ကိုယ်တည်း ဖြစ်သလို နေ နေရရှာတာ ဖြစ်ပါတယ်..။

မန္တလေးမြို့ ၆၆*၆၇ လမ်းကြား၊ ၃၉ လမ်းကြားထဲမှာ နေထိုင်နေတဲ့ အဖွားအိုကတော့ မှီခိုစရာမရှိဘဲ အပျိုကြီး တစ်ယောက်တည်းနေတာဖြစ်ပြီး အိမ်ထဲအထိရေဝင်နေတာကြောင့် အခက်အခဲတွေကြုံတွေ့နေတာ ဖြစ်ပါတယ်..။

အသက်အရွယ်ကြီးနေပြီး အကူအညီလိုအပ်နေတဲ့ အဆိုပါအဖွားအတွက် ပြည်သူတွေအနေနဲ့ တစ်ယောက်တအား ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။