ဗဟုသုတ

၀ယ်ယူရန်ခက်ခဲနေသော ဆေးဝါးတွေကိုလှူဒါန်းပေးလိုက်တဲ့ သရုပ်ဆောင် ၀တ်မှုံရွှေရည်

၀ယ်ယူရန်ခက်ခဲနေသောဆေးဝါးတွေကိုလှူဒါန်းပေးလိုက်တဲ့သရုပ်ဆောင်၀တ်မှုံရွှေရည်

သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။

တော်လှန်ရေးကြီးကြောင့်အခက်အခဲဖြစ်နေကြတဲ့ပြည်သူများကိုလဲလိုအပ်တာတွေသွားရောက်လှူဒါန်းပေးခဲ့ပါတယ်၊နောက်ပိုင်းမှာဆိုရင်လဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်နေတာလဲတွေ့ရပါတယ်နော်။

အလှူအတန်းပြုလုပ်နေတဲ့သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကယခုတစ်ခါမှာဆိုရင်လဲလိုအပ်နေတဲ့ဆေးဝါများကိုဝယ်ယူဖို့ခက်ခဲနေသူများအတွက်ဆေးဝါးအချို့လှူဒါန်းပေးခဲ့တဲ့အကြောင်းကိုအလှူလက်ခံရရရှိတဲ့သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့ကအခုလိုရေးသားဖော်ပြထားပါတယ်နော်။

ဒီဆေးတွေလိုအပ်သူလူနာများဝယ်ဖို့ခက်ခဲနေသူ၊သုခကာရီမှာအခမဲ့လာယူနော်၊ရုပ်ရှင်မင်းသမီးချောလေးဝတ်မှုန်ရွှေရည်၊ကစ်ကစ်လေးကလှူပေးထားတာပါ၊ကျေးဇူးပါကစ်ရေ၊မိသားစုအားလုံးကျန်းမာပါစေ၊ဤလှူသောအကျိုးထပ်တူရရှိခံစားစံစားရပါစေ။

ကျေးဇူးပါကစ်ရေဆိုပြီးတော့အလှူလက်ခံရရှိသူများကအခုလိုရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူပြီးမျှဝေတက်ဆက်ပေးလိုက်ပါတယ်နော်။