ဘာစီလိုနာနှင့်လမ်းခွဲပြီးနောက် နူးကမ့်ကွင်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မက်ဆီ သုတ်ခဲ့သည့် တစ်ရှူးကို ဒေါ်လာတစ်သန်းဖြင့် လေလံတင်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် ယင်းသတင်းစာရှင်းလင်းပွဲအစတွင် ငိုကြွေးခဲ့ပြီး သူ၏ဇနီးဖြစ်သူ အန်တိုနယ်လာ ပေးသည့်တစ်ရှူးဖြင့် မျက်ရည်များကိုသုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းတစ်ရှူးကို သတင်းစာရှင်းလင်းပွဲတွင် ရှေ့ဆုံးတန်းတွင် ထိုင်သည့် အမျိုးသားတစ်ဦးမှ ယူဆောင်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အဆိုပါအမျိုးသားသည် ယင်းတစ်ရှူးကို Meikeduo ဝက်ဘ်ဆိုက်တွင် လေလံတင်ခဲ့ခြင်းဖြစ်သည်။
Photos : AFP, Meikeduo
Zawyi
Photos : AFP, Meikeduo