ဗဟုသုတ

တကိုယ်လုံးက ကြွက်သားတွေ နဲ့ အရိုးများနာကျင်ကိုက်ခဲနေပါသလား?

(၁) တကိုယ်လုံးက ကြွက်သားတွေ နဲ့ အရိုးများနာကျင်ကိုက်ခဲနေပါသလား?

ဂျင်း လက်တဆစ်လောက်ကို နေ့တိုင်းစားပေး ပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊ အဆစ် တွင်းရှိ အရိုးနုများပျက်စီးတဲ့ရောဂါ တို့ကိုပါ ၇၅ရာခိုင်နှုန်းလောက် သက်သာသွားစေ နိုင်ပါတယ်)

(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား?

လေးညှင်းပွင့် ၂-ပွင့်ကို အာခံ တွင်းထဲမှာ ဖြည်းဖြည်းချင်းမြှု ံ့၍ ဝါးပေးပါ။

(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား?

ပန်းသီးတစ်ခြမ်းကို အ ခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။

(၄) နားကိုက်နေပါသလား?

ကြက်သွန်ဖြူ ၃-တက် လောက်စားပါ။

(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား?

ချယ်ရီသီး လက်တဆုပ် စာလောက် နေ့ စဉ်စားပေးပါ။

(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား?

အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ် မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့် ပင်လယ် ငါးအ မျိုးမျိုး တို့စားပေးပါ။

(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား?

အဆီမပါတဲ့ ဒိန်ချဉ် ကို နေ့စဉ် ၂-ခွက်လောက်သောက်ပေးပါ။

(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်)နာကျင်ကိုက်ခဲနေပါသလား?

နနွင်းမှုန့်စစ် စစ်ကို နေ့စဉ် လ္ဘက်ရည် ဇွန်း ၄-ပုံ ၁-ပုံ လောက် သောက်ပေးပါ။ (အရိုး/အကြောနဲ့ ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊မျက်လုံး ရေတိမ်စွဲခြင်း နဲ့အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် အကြိုဇရာ ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါ တယ်)

(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား?

ကွေကာအုပ်(အကြမ်း) နေ့စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြု ပါ တယ်)

(၁၀) ခြေစွယ်ငုပ်ပြီး ပြည်တည်နေပါသလား?

ဇလုံ တစ်ခုထဲမှာ ရေနွေး ၁-ခွက်ကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်းနှုန်းဖြင့်ရော ၍ ခြေထောက် ထဲ့စိမ်ပေးပါ။ (မိနစ် ၂၀ ခန့်ကြာအောင် တနေ့ ၂-ကြိမ် ကျ ခြေထောက် စိမ်ပေးရပါမယ်)

(၁၁) လေပွနေပါသလား?

နာနတ်သီး လတ်လတ်ဆတ်ဆတ် ၁-စိပ် လောက်ကို ညက် ညက်ဝါးစားပေးလိုက်ပါ။

(၁၂) မှင်ရောဂါကြောင့် အသားတွေရောင်ကိုင်း နာကျင်နေပါသလား?

ပူစီနံရွက် များများစားပါ (သို့မဟုတ်) ပူစီနံရွက်အဆီလိမ်း ပေးပါ။

(၁၃) ခါးနာနေပါသလား?

နေ့စဉ် စပျစ်သီး လက်တဆုပ်လောက် စားပေးပါ။

(၁၄) သွေးယားယံခြင်း ရောဂါခံစားနေရပါသလား?

သောက်ရေသန့်သန့် ၈-ခွက်လောက် နေ့စဉ်သောက်သုံးပေးပါ။ (သွေးရော ဂါအမျိုးမျိုး တို့ကို ပျောက်ကင်းစေတဲ့အပြင် သွေးသန့်စေပါတယ်)

(၁၅) ဆီးလမ်းကြောင်းပိုး၀င်ပြီး ဆီးအိမ်ရောင်နေပါသလား?

ဘလူးလယ်ရီသီးကို လက်တဆုပ်စာလောက် နေ့စဉ်စားပေးပါ။

(၁၆) နာတာရှည် ကိုယ်ရေပြားရောင်ရမ်းနာ ဖြစ်နေပါသလား?

သဘာ၀ ပျားရည်စစ်စစ် ကို တနေ့ ၄-ကြိမ်လောက် လိမ်းပေးပါ။

(၁၇) ကိုယ်ခံအားနည်းလို့ မကြာခဏ နေမကောင်းဖြစ်နေပါသလား?

အိုမီဂါ ၃ ဖက်တီးအက်ဆစ်ကြွယ်၀တဲ့ အဝါရောင် ဂုန် လျှော်စေ့(ဂုန် လျှော်ပင်ရဲ့အစေ့) ကို နေ့စဉ် လ္ဘက်ရည်ဇွန်း ၃-ဇွန်းစားပေးပါ။ (အမျိုးသမီးများ သားမြတ် (ရင် သား) ရောင် ရမ်း နာ ကျင်မှုကိုပါ ပျောက်ကင်းစေပါတယ်)

့(၁၈) ခေါင်းတခြမ်းကိုက်နေပါသလား?

ကော်ဖီပူပူလေး ဖျော်သောက်လိုက်ပါ။

(၁၉) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက်နေပါလား?

ပိုတက်စီယမ်ကြွယ်၀တဲ့ ခရမ်းချဉ်သီးမှည့်မှည့်ကို နေ့စဉ်စားပေး ပါ။ (ကိုင်းခရမ်းချဉ် သီး မဟုတ်ပါ)

Ref – လူတိုင်းသက်ရှည်ကျန်းမာစေဖို့