ဗဟုသုတ

ဖခင်က အိပ်မောကျသွားခဲ့လို့ အန္တရာယ်များလွန်းတဲ့ အဝေးပြေးလမ်းမပေါ် ရောက်ရှိလာခဲ့တဲ့ ကလေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသား

ကလေးငယ်များက သူတို့ရဲ့ မိဘများအတွက် ပျော်ရွှင်မှုတွေပေးစွမ်းတဲ့ သူလေးတွေပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သင့်အိမ်မှာ ကလေးငယ်ရှိနေရင် တခါတလေ ထိန်းရသိမ်းရဒါ အရမ်းခတ်ပါတယ် ။ ကလေးငယ်များ၊ အထူးသဖြင့် ငယ်ရွယ်သူများက အမြဲမပြတ်ဂရုစိုက်ရန်လိုအပ်တာပါ ။

မိဘတွေက သူတို့ကလေးကို အမြဲစောင့်ကြည့်နေရင်တောင် တစ်စက္ကန့်လောက်ပဲသတိလစ်သွားတာနဲ့ ကလေးတွေ အန္တရာယ်ကျရောက်သွားတာတွေလည်းရှိပါတယ် ။ ဒီအဖေက ကလေးတစ်ယောက်ကို ပြုစုနေရင်း မှိန်းသွားတာက ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ လူတစ်ဦးက ဝေမျှလာခဲ့ပါတယ် ။

သူ့မိန်းမက အပြင်ထွက်ပြီးကလေးကို စောင့်ကြည့်ဖို့ အိမ်မှာ သူနဲ့ထားခဲ့တာဆိုပေမယ့် သူအိပ်ပျော်သွားပြီး ကလေးက လမ်းပေါ်ကို လှည့်ထွက်သွားခဲ့ပါတယ် ။

ကံကောင်းထောက်မစွာ အရှိန်ပြင်းမောင်းတဲ့ကားတွေမရှိသလို သူတို့အိမ်ကို ဖြတ်သွားတဲ့ကားက ကလေးကို ချက်ချင်း တွေ့ခဲ့လိုက်ပြီး ကားအတွင်းမှ သူတော်ကောင်းက ကားမှဆင်းလာပြီး ကလေးငယ်ကို ချီကာ မိဘများကို ရှာခဲ့ပါတယ် ။

ကားသမားက အနီးအနားရှိ အိမ်သို့ သွားမေးပြီး ကလေးကို စောင့်ကြည့်နေစဉ် ဖခင်အိပ်ပျော်သွားတာကို သိလိုက်ရပါတယ် ။ Jadaeng အမည်ရှိ ကားမောင်းသမားအမျိုးသာက သူ့ရဲ့ ကြင်နာတဲ့တွေ့ဆုံမှုတစ်ခုကို ဖေ့စ်ဘွတ်ခ်မှာ မျှဝေခဲ့ပါတယ် ။

“ကလေးကလမ်းအလယ်မှာ ရောက်ခါနီးနေပြီ၊ အဲဒီနေရာကို ကားတစ်စီးကအရှိန်နဲ့ဖြတ်သွားခဲ့ရင် ကလေးက ဘာဖြစ်မလဲဆိုတာ ငါတွေးတောင် မတွေးရဲဘူး ” ဆိုတဲ့ စာသားနဲ့ ရေးခဲ့ပါတယ် ။ သူ့ရဲ့ ရည်ရွယ်ချက်က စာဖတ်သူများကို သတိပေးရန်နဲ့ ၎င်းတို့ရဲ့ ကလေးများကို ပိုမိုဂရုစိုက်ရန်ဖြစ်ပါတယ် ။

မတော်တဆမှုတွေက အချိန်မရွေးဖြစ်သွားနိုင်တာမို့ မိဘတွေအနေနဲ့ မိမိရဲ့ ကလေးငယ်များကို တစ်က္ကန့်မျှ သတိလစ်မသွားအောင် ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ် ။

Zawgyi

ကေလးငယ္မ်ားက သူတို႔ရဲ႕ မိဘမ်ားအတြက္ ေပ်ာ္႐ႊင္မႈေတြေပးစြမ္းတဲ့ သူေလးေတြပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္ သင့္အိမ္မွာ ကေလးငယ္ရွိေနရင္ တခါတေလ ထိန္းရသိမ္းရဒါ အရမ္းခတ္ပါတယ္ ။ ကေလးငယ္မ်ား၊ အထူးသျဖင့္ ငယ္႐ြယ္သူမ်ားက အၿမဲမျပတ္ဂ႐ုစိုက္ရန္လိုအပ္တာပါ ။

မိဘေတြက သူတို႔ကေလးကို အၿမဲေစာင့္ၾကည့္ေနရင္ေတာင္ တစ္စကၠန႔္ေလာက္ပဲသတိလစ္သြားတာနဲ႔ ကေလးေတြ အႏၲရာယ္က်ေရာက္သြားတာေတြလည္းရွိပါတယ္ ။ ဒီအေဖက ကေလးတစ္ေယာက္ကို ျပဳစုေနရင္း မွိန္းသြားတာက ဘယ္ေလာက္ အႏၲရာယ္မ်ားတယ္ဆိုတာ လူတစ္ဦးက ေဝမွ်လာခဲ့ပါတယ္ ။

သူ႔မိန္းမက အျပင္ထြက္ၿပီးကေလးကို ေစာင့္ၾကည့္ဖို႔ အိမ္မွာ သူနဲ႔ထားခဲ့တာဆိုေပမယ့္ သူအိပ္ေပ်ာ္သြားၿပီး ကေလးက လမ္းေပၚကို လွည့္ထြက္သြားခဲ့ပါတယ္ ။

ကံေကာင္းေထာက္မစြာ အရွိန္ျပင္းေမာင္းတဲ့ကားေတြမရွိသလို သူတို႔အိမ္ကို ျဖတ္သြားတဲ့ကားက ကေလးကို ခ်က္ခ်င္း ေတြ႕ခဲ့လိုက္ၿပီး ကားအတြင္းမွ သူေတာ္ေကာင္းက ကားမွဆင္းလာၿပီး ကေလးငယ္ကို ခ်ီကာ မိဘမ်ားကို ရွာခဲ့ပါတယ္ ။

ကားသမားက အနီးအနားရွိ အိမ္သို႔ သြားေမးၿပီး ကေလးကို ေစာင့္ၾကည့္ေနစဥ္ ဖခင္အိပ္ေပ်ာ္သြားတာကို သိလိုက္ရပါတယ္ ။ Jadaeng အမည္ရွိ ကားေမာင္းသမားအမ်ိဳးသာက သူ႔ရဲ႕ ၾကင္နာတဲ့ေတြ႕ဆုံမႈတစ္ခုကို ေဖ့စ္ဘြတ္ခ္မွာ မွ်ေဝခဲ့ပါတယ္ ။

“ကေလးကလမ္းအလယ္မွာ ေရာက္ခါနီးေနၿပီ၊ အဲဒီေနရာကို ကားတစ္စီးကအရွိန္နဲ႔ျဖတ္သြားခဲ့ရင္ ကေလးက ဘာျဖစ္မလဲဆိုတာ ငါေတြးေတာင္ မေတြးရဲဘူး ” ဆိုတဲ့ စာသားနဲ႔ ေရးခဲ့ပါတယ္ ။ သူ႔ရဲ႕ ရည္႐ြယ္ခ်က္က စာဖတ္သူမ်ားကို သတိေပးရန္နဲ႔ ၎တို႔ရဲ႕ ကေလးမ်ားကို ပိုမိုဂ႐ုစိုက္ရန္ျဖစ္ပါတယ္ ။

မေတာ္တဆမႈေတြက အခ်ိန္မေ႐ြးျဖစ္သြားႏိုင္တာမို႔ မိဘေတြအေနနဲ႔ မိမိရဲ႕ ကေလးငယ္မ်ားကို တစ္ကၠန္႔မွ် သတိလစ္မသြားေအာင္ ဂ႐ုစိုက္ဖို႔ တိုက္တြန္းခ်င္ပါတယ္ ။