ကြက်ခြေထောက်မာလာသုပ်
ကြက်ခြေထောက်မာလာရှူးရှဲလေးကတော့ထမင်းနှင့် စားတာထက် ဒီအတိုင်းလေး ရေနွေးကြမ်းပူပူလေးနှင့် စားတာက ပိုကောင်းပါတယ်။
ကုန်သွားသည့်တိုင် ပါးစပ်တွေ ပူနေပေမယ့်လည်းဆက်စားချင်အောင် ကောင်းပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ကြက်ခြေထောက် ၁၀ခု၊စီချွမ်ငရုတ်ကောင်း ဇွန်းသေး ၁၀က်၊တရုတ်မဆလာ ဇွန်းသေး ၁ဇွန်၊းငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း၊
ပဲငပိအငန် ထမင်းစားဇွန်း ၁ဇွန်း၊ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ဇွန်း၊ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်း
ကြက်သွန်မိတ် အနည်းငယ်နံနံပင် အနည်းငယ်ချင်း အနည်းငယ်ကြက်သွန်ဖြူ ၅မွှာမြေပဲဆံလှော်ထောင်း အနည်းငယ်
နှမ်းလှော် အနည်းငယ်၊သကြား ထမင်းစားဇွန်း ၁ဇွန်း၊
ကြက်ပြုတ်ရည် ပန်းကန်လုံး ၁လုံးစာဆား အနည်းငယ်ဆီ အနည်းငယ်
မာလာအနှစ်အတွက်
(၁) အိုးထဲ ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်၊ နုပ်နုပ် စင်းထားတာ ထည့်ပါ။ ချင်းကို ပါးပါးလှီးထည့်ပါ။ ငရုတ်သီးအကြမ်းမှုန့် ထည့်ပါ။
(၂) စီချွမ်ငရုတ်ကောင်း၊ ပဲငပိအငန်၊ ကြက်သွန်မိတ်၊ နံနံပင်၊ တရုတ်မဆလာ၊ မြေပဲဆံလှော်ထောင်း၊ နှမ်းလှော်၊ သကြား ထည့်မွှေပါ။
(၃) ပဲငံပြာရည်အကြည်၊ ရှာလကာရည် ဆက်ထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင် တည်ပါ။
(၄) ကြက်ခြေထောက်တွေကို သန့်စင်ပြီး ဆားအနည်းငယ်ဖြင့် နယ်ပါ။ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတည်ပါ။
(၅) နူးပြီဆိုလျှင် မာလာအနှစ်ဖြင့် ရောပါ။ ပန်းကန်ထဲ ပြောင်းထည့်ပြီး နှမ်းလှော်နှင့် ကြက်သွန်မိတ် အနည်းငယ် ဖြူးပါ။
အရမ်းစားလို့ကောင်းတဲ့ ပူပူစပ်စပ်ကြက်ခြေထောက်မာလာသုပ် ရပါပြီရှင်။လေးစားလျှက်crd Crd.kae kae
Zawgyi
ၾကက္ေျခေထာက္မာလာသုပ္
ၾကက္ေျခေထာက္မာလာရႉးရွဲေလးကေတာ့ထမင္းႏွင့္ စားတာထက္ ဒီအတိုင္းေလး ေရႏြေးၾကမ္းပူပူေလးႏွင့္ စားတာက ပိုေကာင္းပါတယ္။
ကုန္သြားသည့္တိုင္ ပါးစပ္ေတြ ပူေနေပမယ့္လည္းဆက္စားခ်င္ေအာင္ ေကာင္းပါတယ္ရွင္။
ပါဝင္ပစၥည္းမ်ား
ၾကက္ေျခေထာက္ ၁၀ခု၊စီခြၽမ္င႐ုတ္ေကာင္း ဇြန္းေသး ၁၀က္၊တ႐ုတ္မဆလာ ဇြန္းေသး ၁ဇြန္၊းင႐ုတ္သီးအၾကမ္းမႈန့္ ထမင္းစားဇြန္း ၂ဇြန္း၊
ပဲငပိအငန္ ထမင္းစားဇြန္း ၁ဇြန္း၊ပဲငံျပာရည္အၾကည္ ထမင္းစားဇြန္း ၁ဇြန္း၊ရွာလကာရည္ ထမင္းစားဇြန္း ၁ဇြန္း
ၾကက္သြန္မိတ္ အနည္းငယ္နံနံပင္ အနည္းငယ္ခ်င္း အနည္းငယ္ၾကက္သြန္ျဖဴ ၅မႊာေျမပဲဆံေလွာ္ေထာင္း အနည္းငယ္
ႏွမ္းေလွာ္ အနည္းငယ္၊သၾကား ထမင္းစားဇြန္း ၁ဇြန္း၊
ၾကက္ျပဳတ္ရည္ ပန္းကန္လုံး ၁လုံးစာဆား အနည္းငယ္ဆီ အနည္းငယ္
မာလာအႏွစ္အတြက္
(၁) အိုးထဲ ဆီ အနည္းငယ္ထည့္ၿပီး ၾကက္သြန္ျဖဴကို ဓားျပားရိုက္၊ ႏုပ္ႏုပ္ စင္းထားတာ ထည့္ပါ။ ခ်င္းကို ပါးပါးလွီးထည့္ပါ။ င႐ုတ္သီးအၾကမ္းမႈန့္ ထည့္ပါ။
(၂) စီခြၽမ္င႐ုတ္ေကာင္း၊ ပဲငပိအငန္၊ ၾကက္သြန္မိတ္၊ နံနံပင္၊ တ႐ုတ္မဆလာ၊ ေျမပဲဆံေလွာ္ေထာင္း၊ ႏွမ္းေလွာ္၊ သၾကား ထည့္ေမႊပါ။
(၃) ပဲငံျပာရည္အၾကည္၊ ရွာလကာရည္ ဆက္ထည့္ပါ။ ၾကက္ျပဳတ္ရည္ထည့္ၿပီး ဆူေအာင္ တည္ပါ။
(၄) ၾကက္ေျခေထာက္ေတြကို သန့္စင္ၿပီး ဆားအနည္းငယ္ျဖင့္ နယ္ပါ။ ေရျမဳပ္ေအာင္ထည့္ၿပီး ေရခမ္းတည္ပါ။
(၅) ႏူးၿပီဆိုလွ်င္ မာလာအႏွစ္ျဖင့္ ေရာပါ။ ပန္းကန္ထဲ ေျပာင္းထည့္ၿပီး ႏွမ္းေလွာ္ႏွင့္ ၾကက္သြန္မိတ္ အနည္းငယ္ ျဖဴးပါ။
အရမ္းစားလို႔ေကာင္းတဲ့ ပူပူစပ္စပ္ၾကက္ေျခေထာက္မာလာသုပ္ ရပါၿပီရွင္
Crd.kae kae