ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများ မှ ဆင်းသက် လာခြင်း ဖြစ်ပါတယ်။
ယင်း ဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ် ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။
၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့ အတွက် ယင်း ဦးထုပ်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့ ကြပါတယ်။
ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နီယာ၊ ကျောင်းသားလူငယ် စသည်ဖြင့် လူ အမျိုးမျိုးကို ဦးထုပ် အရောင် အမျိုးမျိုးနဲ့ခွဲခြားစေ ပါတယ်။
သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံး ကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။
ရဲရင့်ခြင်း သဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြု သည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေ ကို အနီရောင် Motarboard ဆောင်း စေပါတယ်။
ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင် ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ ပါတယ်။
နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှု များမှ မာစတာ ဒီဂရီရရှိ သူများ ကို အသိအမှတ် ပြုရန်အဖြစ် ချီးမြင့်ပါတယ်။
နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ် လာပါတယ်။ ခေတ်တွေ ပြောင်းလာတဲ့ အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ် ပြုစရာ တစ်ခု အဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။
ခေတ်သစ် ဘွဲ့နှင်းသဘင် ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward OReilly နဲ့ ကတ်သလစ် ဘုန်းကြီး Joseph Durham စတင် တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။
ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံ စနစ်ကို ကူးယူ ထားတယ် လို့ သိရပါတယ်။
Zawgyi
ဘြဲ႕ႏွင္းသဘင္ဦးထုပ္ (mortarboard) ဟာ ေရာမေခတ္ အီတလီလူမ်ိဳးမ်ား မွ ဆင္းသက္ လာျခင္း ျဖစ္ပါတယ္။
ယင္း ဦးထုပ္ကို ေရွးအခါ ရိုမန္ကတ္သလစ္ ဘုန္းႀကီးမ်ားက ေဆာင္းၾက ပါတယ္။ ယခုေခတ္ ဘြဲ႕ႏွင္းသဘင္ဦး ထုပ္ဒီဇိုင္းနဲ႕ သိပ္မကြာတဲ့အတြက္ ဘြဲ႕ႏွင္းသဘင္ဦးထုပ္အစ ရိုမန္ကတ္သလစ္ ဘုန္းႀကီးက လို႔ ယုံၾကည္ၾက ပါတယ္။
၁၄၊ ၁၅ ရာစုမွာေတာ့ ေရာမ အီတလီေတြဟာ လူတန္းစား ခြဲျခားဖို႔ အတြက္ ယင္း ဦးထုပ္ကို တြင္တြင္ က်ယ္က်ယ္ အသုံးျပဳခဲ့ ၾကပါတယ္။
ဥပမာ- စာေရးဆရာ၊ ကဗ်ာဆရာ၊ အေတြးအေခၚပညာရွင္၊ အင္ဂ်င္နီယာ၊ ေက်ာင္းသားလူငယ္ စသည္ျဖင့္ လူ အမ်ိဳးမ်ိဳးကို ဦးထုပ္ အေရာင္ အမ်ိဳးမ်ိဳးနဲ႕ခြဲျခားေစ ပါတယ္။
သူတို႔ေခတ္မွာ အဆင့္အတန္း အျမင့္ဆုံး ကေတာ့ အနီေရာင္ Motarboard ျဖစ္ပါတယ္။
ရဲရင့္ျခင္း သေဘာ၊ အသက္နဲ႕ ဘဝကို ကိုယ္စားျပဳ သည့္ သေဘာကို ေဆာင္ၿပီး ေတာ္ဝင္ အာဏာ ရွိသူေတြ ကို အနီေရာင္ Motarboard ေဆာင္း ေစပါတယ္။
ေရာမ စစ္ေသနာပတိ Federico da Montefeltro ဟာ သူ ေဆာင္းတဲ့ အနီေရာင္ ဦးထုပ္ကို အင္မတန္ ခ်စ္ျမတ္နိုးခဲ့ ပါတယ္။
ေနာက္ပိုင္းမွာေတာ့ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ၾကားမႈ မ်ားမွ မာစတာ ဒီဂရီရရွိ သူမ်ား ကို အသိအမွတ္ ျပဳရန္အျဖစ္ ခ်ီးျမင့္ပါတယ္။
ေနာက္ပိုင္း bachelors နဲ႕ undergraduates သမားမ်ားကို ေပးအပ္ လာပါတယ္။ ေခတ္ေတြ ေျပာင္းလာတဲ့ အခါမွာ ယင္းဦးထုပ္ကို ပညာသင္ၾကားၿပီး အသိအမွတ္ ျပဳစရာ တစ္ခု အျဖစ္သာ အသုံးျပဳလာခဲ့ပါတယ္။
ေခတ္သစ္ ဘြဲ႕ႏွင္းသဘင္ ဦးထုပ္ကို ၁၉၅၀ ခုႏွစ္က အေမရိကန္ မွ တီထြင္သူ Edward OReilly နဲ႕ ကတ္သလစ္ ဘုန္းႀကီး Joseph Durham စတင္ တီထြင္ခဲ့တယ္လို႔ သတ္မွတ္ၾကပါတယ္။
ယခုအခါ ကမၻာတစ္လႊားမွာ ယင္းဦးထုပ္ကို အသုံးျပဳၿပီး အမ်ားစုဟာ ျဗတိန္နိုင္ငံမွ စံ စနစ္ကို ကူးယူ ထားတယ္ လို႔ သိရပါတယ္။