News

” လန်ဒန်တက္ကသိုလ်က ဖော်ထုတ်လိုက်တဲ့ ရွှေပြည်သာ စစ်ကြောရေးစခန်း၏ ရက်စက်မှု့များ “

လန်ဒန်တက္ကသိုလ်က စုံစမ်းစစ်ဆေးရေး သုတေသနအေဂျင်စီတစ်ခုဖြစ်တဲ့ မှု့ခင်းဗိသုကာပညာရပ်အဖွဲ့က ရွှေပြည်သာမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းကို ဂြိုလ်တုဓာတ်ပုံ ၊ ဗွီဒီယိုတွေနဲ့ ကမ္ဘာသိ ဖော်ထုတ်လိုက်တယ် ။ လန်ဒန်တက္ကသိုလ်က မှု့ခင်းသုတေသနအဖွဲ့ဟာ ဖေဖော်ဝါရီလကတည်းက အွန်လိုင်း ၊ အီးမေလ်းကနေတဆင့် စုဆောင်း ခြေရာခံထားတဲ့ စစ်ကောင်စီရဲ့ ရက်စက်မှု့တွေကို ဂြိုလ်တုကနေတဆင့် ဆက်လက်လေ့လာနေတယ် ။ အွန်လိုင်းပေါ်ကနေ သက်သေခိုင်လုံတဲ့ အကြောင်းတွေကို သေသေချာချာ ထပ်မံလေ့လာခဲ့တာပါ ။

ဧပြီလမှာ အဖမ်းခံခဲ့ရတဲ့ အမျိူးသမီးငယ်တစ်ဦးကို စစ်တပ်က မျက်နှာတွေ ယောင်ကိုင်းနေအောင် နှိပ်စက်ထားပြီး နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တယ် ။ သူမရဲ့မိခင်က သမီးဖြစ်သူကို ရွှေပြည်သာ စစ်ကြောရေးစခန်းအထိ လိုက်တွေ့ခဲ့တယ် ။ သူမသမီးကို ဖမ်းခဲ့တဲ့အကြောင်းက မြို့နယ်တစ်ခုမှာ ပေါက်ကွဲမှု့ဖြစ်ပြီး သံသယမှု့နဲ့ ဖမ်းခဲ့တာပါ ။ ညနေပိုင်းမှာ စစ်ကောင်စီလက်နက်ကိုင်တွေက အိမ်ကိုရှာဖွေခဲ့တယ် ။

လက်နက်တွေတွေ့တယ်လို့ စွပ်စွဲတယ် ။ နောက်တော့ ရဲစခန်းကို ခေါ်သွားခဲ့တယ် ။ သူမသမီးနဲ့ အင်းစိန်ထောင်မှာ ပြန်တွေ့တဲ့အခါမှာတော့ သမီးဖြစ်သူဟာ မျက်နှာတွေ ယောင်ကိုင်းနေတယ် ။ မမှတ်မိနိုင်လောက်အောင်ပါပဲ ။ လမ်းလျှောက်ဖို့ တွဲကူရတယ် ။ လှုပ်ရှားမှု့တွေနဲ့ စကားပြောတဲ့အခါ လေးလံနှေးကွေးနေတယ် ။ သူမဟာ သူ့သမီးကို ဆေးကုပေးဖို့ တောင်းဆိုခဲ့ပေမယ့် ၊ စစ်ကောင်စီဘက်က အရေးမလုပ်ခဲ့ပါဘူး ။

ဒီအဖြစ်အပျက်ကို အွန်လိုင်းပေါ်ကနေ ခြေရာခံမိပြီးချိန်ကစလို့ လန်ဒန်တက္ကသိုလ်က မှု့ခင်းသုတေသနအဖွဲ့ဟာ နည်းပညာအကူအညီနဲ့ ရွှေပြည်သာစစ်ကြောရေးစခန်းကို စုံးစမ်းခဲ့တယ် ။ နည်းပညာဟာ စစ်ကြောရေးစခန်းရဲ့ အတွင်းပိုင်းအထိ ထိုးဖောက်နိုင်ခဲ့တယ် ။ လန်ဒန်တက္ကသိုလ် မှု့ခင်းသုတေသနအဖွဲ့ဝင်တစ်ဦးက
” စစ်တပ်ရဲ့ ရက်စက်မှု့တွေကို လက်မခံနိုင်လို့ ဘက်ပြောင်းလာတဲ့ လက်နက်ကိုင်တွေရှိသလို ၊ အများစု လက်နက်ကိုင်တွေကတော့ ဦးနှောက်ကို ဆေးကြောခံထားရတယ် ။ ပြည်သူကို ရန်သူလို နှိပ်စက်ဖို့ကို သူတို့လုပ်ရပ်က မှန်တယ်လို့ ထင်နေကြတယ် ” လို့ ပြောထားတာပါ ။

အာဏာသိမ်းချိန်ကတည်းက တော်လှန်ရေးမှာ ပါဝင်သူတေါဟာ မြန်ပြည်အနှံ့အပြားမှာ ရှောင်ပုန်းကြရတယ် ။ ကိုစည်သူမောင်ကတော့ သူတို့အထဲက တစ်ယောက်ပါ ။ ကိုစည်သူမောင်ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ဦးခင်မောင်လတ်ကို စစ်ကောင်စီက ရက်စက်စွာ နှိပ်ဆက် အဆုံးစီရင်ခဲ့တယ် ။ ဒါတွေကို ဂြိုလ်တု ဓာတ်ပုံ ၊ ဗွီဒီယို သက်သေတွေနဲ့ တင်ပြခဲ့တာပါ ။

ဒီနေ့ သြဂုတ် ၁၇ ရက်နေ့မှာတော့ အိုင်ယာလန်နိုင်ငံကနေ မြန်မာပြည်အခြေအနေနဲ့ အာဖဂ္ဂနစ္စတန်ရဲ့ လတ်တလောအခြေအနေတွေဟာ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အချိန်ဆွဲ ၊ ရှောင်လွှဲနေလို့ မဖြစ်တော့ပါဘူး လို့ လုံခြုံရေးကောင်စီမှာ တင်ပြလိုက်ပါတယ် ။ မြန်မာနဲ့ အာဖဂန်ရဲ့ လတ်တလောအခြေအနေကို မထိမ်းနိုင်ဘူးဆိုရင် ကမ္ဘာကြီးမှာ မင်းမဲ့စရိုက်ဆန်ဆန် ပျက်စီးဆုံးရှုံးမှု့တွေနဲ့ အမူအကျင့်တွေ ၊ အဖြစ်အပျက်တွေ ကူးစက်လာနိုင်တယ်လို့ တင်ပြထားတာပါ ။

ဘကြီးအောင် LA