မဂ်လာပါ ပရိတ်သတ်ကြီးရေ
နိုင်ငံရေး ပါဝင်လှုပ်ရှားမူ့တွင် ရှေ့ဆုံးက ပါဝင်ခဲ့တာကြောင့် G Lမိဘတွေရဲ့ ရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေး တစ်ဦးရဲ့ ဝမ်းနည်း စရာအဖြစ်
လက်ရှိဖြစ်ပေါ်နေတဲ့ လူထူလှုပ်ရှားမှုတွေမှာ GenerationZ လူငယ်လေးတွေဟာ တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
သူတို့အားလုံးဟာ အများအကျိုးအတွက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံလာပါစေနောက်မဆုတ်ဘဲ ရဲရင့်စွာဖြင့် လျှောက် လှမ်းနေကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှု့ များတွင် အားသွန်ခွန် စိုက်ဆောင် ရွက်နေတဲ့အမျိုးသမီးတစ်ဦးကို သူမရဲ့မိ ဘများမှ အမွေပြတ်စွန့် လွှတ်ခဲ့ကြောင့် သတင်းစာတွင် ကြေငြာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင် ရက်ပိုင်းလောက်က ထိုအမျိုး သမီးရဲ့ လူမှုကွန်ယက်တွင် အမွေပြတ် စွန့်လွှတ်ခံခဲ့ ရပေမယ့်လည်း နောက်မဆုတ်ဘဲ အရေးတော်ပုံ မအောင်မချင်း ရှေ့ဆက်နေဦး မှာဖြစ်ကြောင်းရေးသားထားပါတယ်။
လျှောက်ခဲ့တဲ့လမ်းကို လိပ်ပြာလုံစွာ ဖြတ်သန်းချင်တဲ့အတွက် နားလည် မပေးနိုင်တဲ့ မိဘဆွေမျိုး တွေကိုလည်းအပြစ် မပြောရက် ကြောင်းနဲ့ ဒီအချိန်ထိ ပင်ပန်းတဲ့အလုပ်တိုင်း ဘာမှမခိုင်းဘဲ ပျိုးထောင် ပေးခဲ့တာကိုလည်း ကျေးဇူးတင်ကြောင်း ဖွင့်ဟရေး သားထားပါတယ်။
လက်ရှိမှာ လုံခြုံတဲ့နေရာတွင် ရှိနေပြီး တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ရေးသားပြောပြထားပါသေးတယ်။
ကိုယ်ကျိုးစွန့်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ လူငယ်လေးတွေအားလုံးဟာ တကယ်ကို လေးစားစရာကောင်းလှပါတယ်။
ယုံကြည်ရာကို ရပ်တည်ခဲ့ကြပြီး အိမ်မပြန်နိုင်ကြသေးတဲ့လူငယ်လေးတွေ အားလုံးလည်း ဘေးအန္တရာယ်ကင်းရှင်းဖို့ပြည်သူများမှ ဆုတောင်း မေတ္တာပို့သပေးနေ ကြတာဖြစ်ပါတယ်။
အမှန်တရားဘက်ကနေ အခုချိန်ထိ ရပ်တည်ပေးကြသူများအားလုံးရှေ့ဆက်လျှောက်မယ့်လမ်းများမှာ ခလုတ်မထိဆူးမငြိဘဲအရာရာအောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
အခုလိုဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက် ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက်များပိုင် ဆိုင်နိုင်ကြပါ စေလို့ဆုတောင်းပေး လိုက်ပါတယ်။
မူရင်း crd