ဗဟုသုတ
သူအရမ်းခင်တွယ်ရတဲ့ ကိုယ်ပိုင်အိမ်လေးကို ထုတ်ရောင်းရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဟာသသရုပ်ဆောင် ဝိုင်းချစ်
Source: Wine Chit
သူအရမ်းခင်တွယ်ရတဲ့ ကိုယ်ပိုင်အိမ်လေးကို ထုတ်ရောင်းရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ ဟာသသရုပ်ဆောင် ဝိုင်းချစ်
အနုပညာလောကထဲမှာ သက်တမ်းလဲကြာနေပြီဖြစ်တဲ့ ဟာသ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ဝိုင်းချစ် ကိုတော့ ပရိသတ်တွေ သိပြီးသားဖြစ်မှာပါနော်..ဝိုင်းချစ်ကတော့ ပရိသတ်တွေကိုရီမော်ပျော်ရွှင်အောင်တင်ဆက်နိုင်သူတစ်ယောက်ပါ။
ဝိုင်းချစ်က အငြိမ့်စဉ်ပေါ်မှာသာမက ဗီဒီယိုဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ခဲ့ပြီးပရိသတ် အားပေးမှုရရှိနေတာဘဲဖြစ်ပါတယ်။ ဝိုင်းချစ်ပါတဲ့ မြန်မာဇာတ်လမ်းတွေ ကိုလည်း ပရိသတ်တွေက လက်ခံအားပေးကြပြီး အငြိမ့်တွေမှာ ဆိုရင်လည်း လက်ခံအားပေးကြတာကြောင့် ပရိသတ်တွေကို ကျေးဇူးတင်ရှိပါတယ်လို့ အရင်အင်တာဗျုးတွေမှာ ဖြေထားပါသေးတယ်။
ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကတော့ အလွှာအတန်း အမျိုးမျိုးကလူတွေလည်း စီးပွားရေးကြပ်တည်းနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လူရွင်တော်တွေထဲမှာနဲ့ ဇာတ်ပို့ဇာတ်ရံတွေမှာ ဆိုရင်လည်း အဆင်မပြေတဲ့လူတွေကို အနုပညာရှင် အချင်းချင်းက ဖေးမပေးနေတာဖြစ်ပါတယ်။
ဒီနေ့လေးမှာလည်း လူရွှင်တော်ဝိုင်းချစ်က ကိုဗစ်ကာလ အနုပညာ အလုပ်တွေရပ်နားထားရတာကြောင့် သူအလွန်ဂုဏ်ယူရတဲ့အိမ်လေးကို ရောင်းချဖို့ စီစဉ်နေရပါတယ်။
ကျွန်တော့် အိမ်ရောင်းပါမည် ခင်ဗျာ။ဒဂုံဆိပ်ကမ်း/88-ရပ်ကွက်မှာပါ၊ပေ20ပေ60 စျေးနီးကျောင်းနီးရမီး အစုံအပြင် အိမ်ဆိုင်လေးပါပါတယ်၊အရှုပ်အရှင်းလုံးဝကင်းပါတယ်၊ကျွန်တော်တန်ဘိုးထား ဂုဏ်ယူရတဲ့အိမ်လေးပါ။လုံးဝအဆင်မပြေတော့လို့ရောင်း ရတာပါခင်ဗျာ။ဆိုပြီးရေးသားလာခဲ့တာ ဖြစ်ပါတယ်။
ဝိုင်းချစ်တင်ထားတဲ့ပို့စ်အောက်မှာတော့ အိမ်လေးကိုစိတ်ဝင်စားသူများကတော့မေးမြန်းနေတာ ဖြစ်ပြီး တစ်ချို့မိတ်ဆွေနဲ့ပရိသတ်များက‌တော့ ဝိုင်းချစ်ကိုအားငယ်မှာစိုးလို့ အားပေးစကားများပြောကြားထားတာကို တွေ့ရပါတယ်။ ဝိုင်းချစ်ကိုအားပေးကြတဲ့ ပရိသတ်ထဲမှာလည်း ဝိုင်းချစ်ရဲ့ အိမ်လေးကို စိတ်ဝင်စားသူများရှိရင် လက်တို့ပေးလိုက်ကြပါအုံးနော်..