ဗဟုသုတ

ကိုက်တဲ့မြွေကိုပြန်ကိုက်ရင် အသက်ရှင်တယ်ဆိုလို့ လိုက်လုပ်ခဲ့တဲ့အမျိုးသား

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ့ကို မြွေက ကိုက်ခဲ့တာကြောင့် အဲဒီမြွေကို ပြန်ကိုက်ခဲ့ပါတယ်။ သူတို့ အရပ်ထဲမှာတော့ ကိုက်တဲ့မြွေကို ပြန်ကိုက်နိုင်ရင် ပိုးထိလူနာ အသက်ရှင်တယ်ဆိုတဲ့ ယုံတမ်းစကားကလည်း ရှိထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဆိုပါ အမျိုးသားက ပြောတဲ့အတိုင်း တသွေမတိမ်း လိုက်လုပ်ခဲ့တာပါ။

အမျိုးသားရဲ့အမည်ကတော့ Kishore Badra (ကစ်ရှိုရီ ဘာဒရာ)ဖြစ်ပါတယ်။ သူဟာ အသက်(၄၅)နှစ်ဖြစ်ပြီး၊ ဥဒိဿပြည်နယ်၊ Jaipur ခရိုင်၊ Gambharipatia (ဂမ်ဘဟာရီပါတီယာ) အမည်ရ ကျေးရွာလေးမှာ နေထိုင်သူပါ။ သူဟာ ခေါင်းမာသူတစ်ယောက်ဖြစ်ပြီး အဆိပ်ပြင်း ငန်းတော်ကျားမြွေအကိုက်ခံရတယ်ဆိုတာ သိပေမယ့် ဆေးရုံမသွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘာဒရာဟာ သူပိုင်ဆိုင်တဲ့ ကောက်ပဲသီးနှံခင်းကို သွားကြည့်ပြီး အိမ်အပြန်မှာ ငန်းတော်ကျားက ခြေထောက်ကို မိမိရရ ကိုက်ခဲခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၁)ရက် ဗုဒ္ဓဟူးနေ့ ညနေမှောင်စပျိုးချိန်က ဖြစ်ခဲ့တာပါ။ သူဟာ ကိုက်သွားတဲ့မြွေကို လက်ချည်းဗလာသက်သက်နဲ့ မိအောင် ဖမ်းနိုင်ခဲ့ပါတယ်။

အဲဒီနောက် ကာယကံရှင် ငန်းတော်ကျားမြွေကို အပိုင်းပိုင်းဖြစ်အောင် ပြန်ကိုက်ခဲ့တာပါ။ ဒီလို လုပ်ခြင်းအားဖြင့် မြွေကို တန်ပြန်လက်စားချေနိုင်ပြီဖြစ်လို့ သူ့အနေနဲ့ သေမယ်ဆိုရင်တောင် သေပျော်ပြီလို့ ပြောပါတယ်။ မြွေကို မသေမချင်း ပြန်ကိုက်ခဲ့ပြီးနောက်၊ သူလည်း မြွေဆိပ်သင့်ပြီး မလှုပ်နိုင်မယှက်နိုင် ဖြစ်ခဲ့ပေမယ့် အံ့အားသင့်ဖွယ်ရာ အသက်ရှင်ခဲ့ပါတယ်။

ဘာဒရာက ” အဲဒီညက ကျွန်တော့်ခြေထောက်ကို မီးစနဲ့ထိုးလိုက်သလို ပူသွားတယ် … ကျွန်တော်လည်း လက်နှိပ်ဓာတ်မီးနဲ့ ဟိုဟိုသည်သည် ထိုးကြည့်တော့ အဆိပ်ပြင်းငန်းတော်ကျားကြီးတစ်ကောင်ကို တွေ့တယ် … ဒါနဲ့ လက်နဲ့ဖမ်းပြီး လက်စားချေတဲ့အနေနဲ့ အပိုင်းပိုင်းဖြစ်အောင် ပြန်ကိုက်လိုက်တာ … ဒီမြွေလည်း နေရာမှာ ပွဲချင်းပဲ”လို့ ပြောပါတယ်။

သူဟာ အပိုင်းပိုင်းပြတ်နေတဲ့ မြွေသေကို အိမ်အထိ ယူလာပြီး ဇနီးထံ ပြခဲ့ပါတယ်။ ဇနီးသည်ကလည်း အိမ်နီးနားချင်းတွေကို အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ အားလုံးက ဆေးရုံပို့ဖို့ ပြင်ဆင်ကြပေမယ့် ဘာဒရာကတော့ ဆေးရုံမသွားနိုင်ဘူး၊ မသွားချင်ဘူးလို့ ပြောပါတယ်။

အခြားသတင်းတစ်ရပ်မှာတော့ ဘာဒရာကို မြွေပွေးကိုက်ခံရတာလို့ ဖော်ပြထားပြီး၊သတင်းတော်တော်များများမှာတော့ Krait snake (ငန်းတော်ကျား)က ကိုက်ခဲ့တာလို့ ဆိုပါတယ်။

အားလုံး သိထားသင့်တာက အဆိပ်ပြင်းသတ္တဝါတွေ ကိုက်ခံရလျှင် ဆေးရုံဆေးခန်း သွားရောက်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဘာဒရာ အသက်မသေတာကတော့ ကံကောင်းလို့သာ ဖြစ်နိုင်ပြီး၊ အခြားတစ်ဖက်မှာလည်း မြွေဆိပ်က သွေးထဲ အောင်မြင်စွာ မရောက်ရှိခဲ့လို့သာ ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

For Zawgyi-

အိႏၵိယႏုိင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ သူ႕ကို ေျမြက ကိုက္ခဲ့တာေၾကာင့္ အဲဒီေျမြကို ျပန္ကိုက္ခဲ့ပါတယ္။ သူတုိ႔ အရပ္ထဲမွာေတာ့ ကိုက္တဲ့ေျမြကို ျပန္ကိုက္ႏုိင္ရင္ ပုိးထိလူနာ အသက္ရွင္တယ္ဆုိတဲ့ ယုံတမ္းစကားကလည္း ရွိထားတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ အဆုိပါ အမ်ိဳးသားက ေျပာတဲ့အတုိင္း တေသြမတိမ္း လုိက္လုပ္ခဲ့တာပါ။

အမ်ိဳးသားရဲ႕အမည္ကေတာ့ Kishore Badra (ကစ္႐ႈိရီ ဘာဒရာ)ျဖစ္ပါတယ္။ သူဟာ အသက္(၄၅)ႏွစ္ျဖစ္ၿပီး၊ ဥဒိႆျပည္နယ္၊ Jaipur ခ႐ုိင္၊ Gambharipatia (ဂမ္ဘဟာရီပါတီယာ) အမည္ရ ေက်းရြာေလးမွာ ေနထုိင္သူပါ။ သူဟာ ေခါင္းမာသူတစ္ေယာက္ျဖစ္ၿပီး အဆိပ္ျပင္း ငန္းေတာ္က်ားေျမြအကိုက္ခံရတယ္ဆုိတာ သိေပမယ့္ ေဆး႐ုံမသြာဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဘာဒရာဟာ သူပိုင္ဆုိင္တဲ့ ေကာက္ပဲသီးႏွံခင္းကို သြားၾကည့္ၿပီး အိမ္အျပန္မွာ ငန္းေတာ္က်ားက ေျခေထာက္ကို မိမိရရ ကိုက္ခဲခဲ့တာျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၁၁)ရက္ ဗုဒၶဟူးေန႔ ညေနေမွာင္စပ်ိဳးခ်ိန္က ျဖစ္ခဲ့တာပါ။ သူဟာ ကိုက္သြားတဲ့ေျမြကို လက္ခ်ည္းဗလာသက္သက္နဲ႔ မိေအာင္ ဖမ္းႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္ ကာယကံရွင္ ငန္းေတာ္က်ားေျမြကို အပုိင္းပုိင္းျဖစ္ေအာင္ ျပန္ကုိက္ခဲ့တာပါ။ ဒီလုိ လုပ္ျခင္းအားျဖင့္ ေျမြကို တန္ျပန္လက္စားေခ်ႏုိင္ၿပီျဖစ္လုိ႔ သူ႕အေနနဲ႔ ေသမယ္ဆုိရင္ေတာင္ ေသေပ်ာ္ၿပီလုိ႔ ေျပာပါတယ္။ ေျမြကို မေသမခ်င္း ျပန္ကိုက္ခဲ့ၿပီးေနာက္၊ သူလည္း ေျမြဆိပ္သင့္ၿပီး မလႈပ္ႏိုင္မယွက္ႏုိင္ ျဖစ္ခဲ့ေပမယ့္ အံ့အားသင့္ဖြယ္ရာ အသက္ရွင္ခဲ့ပါတယ္။

ဘာဒရာက ” အဲဒီညက ကၽြန္ေတာ့္ေျခေထာက္ကို မီးစနဲ႔ထုိးလုိက္သလုိ ပူသြားတယ္ … ကၽြန္ေတာ္လည္း လက္ႏွိပ္ဓာတ္မီးနဲ႔ ဟုိဟုိသည္သည္ ထုိးၾကည့္ေတာ့ အဆိပ္ျပင္းငန္းေတာ္က်ားႀကီးတစ္ေကာင္ကို ေတြ႕တယ္ … ဒါနဲ႔ လက္နဲ႔ဖမ္းၿပီး လက္စားေခ်တဲ့အေနနဲ႔ အပိုင္းပိုင္းျဖစ္ေအာင္ ျပန္ကိုက္လုိက္တာ … ဒီေျမြလည္း ေနရာမွာ ပြဲခ်င္းပဲ”လုိ႔ ေျပာပါတယ္။

သူဟာ အပိုင္းပုိင္းျပတ္ေနတဲ့ ေျမြေသကို အိမ္အထိ ယူလာၿပီး ဇနီးထံ ျပခဲ့ပါတယ္။ ဇနီးသည္ကလည္း အိမ္နီးနားခ်င္းေတြကို ေအာ္ဟစ္အကူအညီ ေတာင္းခဲ့ပါတယ္။ အားလုံးက ေဆး႐ုံပုိ႔ဖုိ႔ ျပင္ဆင္ၾကေပမယ့္ ဘာဒရာကေတာ့ ေဆး႐ုံမသြားႏုိင္ဘူး၊ မသြားခ်င္ဘူးလုိ႔ ေျပာပါတယ္။ အျခားသတင္းတစ္ရပ္မွာေတာ့ ဘာဒရာကို ေျမြေပြးကိုက္ခံရတာလုိ႔ ေဖာ္ျပထားၿပီး၊

သတင္းေတာ္ေတာ္မ်ားမ်ားမွာေတာ့ Krait snake (ငန္းေတာ္က်ား)က ကိုက္ခဲ့တာလုိ႔ ဆုိပါတယ္။ အားလုံး သိထားသင့္တာက အဆိပ္ျပင္းသတၱဝါေတြ ကိုက္ခံရလွ်င္ ေဆး႐ုံေဆးခန္း သြားေရာက္ၿပီး ကုသမႈ ခံယူသင့္ပါတယ္။ ဘာဒရာ အသက္မေသတာကေတာ့ ကံေကာင္းလုိ႔သာ ျဖစ္ႏုိင္ၿပီး၊ အျခားတစ္ဖက္မွာလည္း ေျမြဆိပ္က ေသြးထဲ ေအာင္ျမင္စြာ မေရာက္ရွိခဲ့လုိ႔သာ ျဖစ္ႏုိင္တယ္လုိ႔ သုံးသပ္ရပါတယ္။