ဗဟုသုတ

အဆီစုပ်ကုသမှုတစ်ခုကြောင့် အရေပြားရောဂါကူးစက်ခံရပြီး သေဆုံးသွားခဲ့တဲ့ ဖက်ရှင်Bloggerတစ်ဦး

တရုတ်အွန်လိုင်းကျော်ကြားသူတစ်ဦးဟာ အဆီစုပ်ကုသမှုတစ်ခုကြောင့် အရေပြားရောဂါကူးစက်ခံရပြီး အထူးကြပ်မတ်ကုသဆောင်မှာ နှစ်လကြာနေထိုင်ခဲ့ရပါတယ် ။

အရှေ့ပိုင်း Zhejiang ပြည်နယ်ရဲ့ အကြီးဆုံးမြို့ Hangzhou ရဲ့ ကျန်းမာရေးကော်မရှင်က ကြာသပတေးနေ့မှာ ခွဲစိတ်မှုကို လုပ်ဆောင်တဲ့ဆေးခန်းက မိသားစုကို ငွေကြေးအရ လျော်ကြေးပေးပြီး ၎င်းရဲ့ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ် ။

“ Huayan ဆေးဘက်ဆိုင်ရာအလှကုန်များက ခွဲစိတ်မှုမပြုလုပ်မီ သင့်တော်တဲ့ နားလည်မှုမရှိခြင်း၊ ခွဲစိတ်မှုအတွင်းမှားယွင်းတဲ့အလေ့အကျင့်များရှိခဲ့ပြီး ခွဲစိတ်မှုအပြီးမှာ အချိန်မီကုသမှုမပေးခဲ့တာကြောင့် ခွဲစိတ်မှုအမှားတွေက လူနာကိုသေစေခဲ့တယ်” လို့ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။

သေဆုံးသွားတဲ့ အမျိုးသမီးက Dai အမည်ရှိအသက် ၃၃ နှစ်အရွယ် ဖက်ရှင်Blogger ဖြစ်ပြီး Weibo မှာ Follower ၁၃၀၀၀၀ ခန့်ရှိပြီး Dai ကို သူမရဲ့နာမည်ပြောင် Xiao Ran ဖြင့် လူသိများနေပါတယ် ။ သူမဟာ မေလ ၂ ရက်နေ့မှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး သူမရဲ့ခါးနဲ့ဝမ်းဗိုက်တစ်ဝိုက်မှ သူမရဲ့ ရင်သားများကို ကျယ်စေခဲ့ပါတယ် ။

အဆီစုပ်ပြီးနောက် နှစ်ရက်အကြာမှာ သူမက ပြင်းထန်တဲ့ ကိုယ်ခန္ဓာနာကျင်မှုများနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာရှော့ခ်ရကာ ခန္ဓာကိုယ်ကို သွေးစီးဆင်းမှုမရှိခြင်းကြောင့် တစ်ခါတစ်ရံ ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ် ။

Dai ကိုနီးစပ်ရာ Greentown နှလုံးသွေးကြောရောဂါဆေးရုံသို့ ခေါ်သွားပြီး Greentown မှ ဆရာဝန်များက Dai ဟာ ကိုယ်အင်္ဂါချို့ယွင်းမှုများစွာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ် ။

မေလ ၅ ရက်နေ့မှာ Dai ရဲ့ မိသားစုက သူမကို Zhejiang တက္ကသိုလ်ဆေးကောလိပ်ရဲ့ ဒုတိယတွဲဖက်ဆေးရုံမှ အခြားဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပါတယ် ။

Dai က အရေပြားတစ်သျှူးများကူးစက်ခြင်းနဲ့ necrotising fasciitis ရောဂါတို့ကို လျင်မြန်စွာပျံ့နှံ့စေပြီး အန္တရာယ်များလွန်းတဲ့အဆင့် ရောက်ရှိခဲ့ပါတယ် ။ ထိုအမျိုးသမီးက မသေဆုံးမီ (ICU) အထူးကြပ်မတ်ကုသဆောင်မှာ နှစ်လနေခဲ့ရပါတယ် ။

ထိုအချိန်မှာ ဆရာဝန်များက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတဲ့ ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ရန် ခွဲစိတ်မှုနှစ်ခုပြုလုပ်ခဲ့ရပါတယ် ။ Dai ရဲ့ မိသားစုက Dai ရဲ့ ခွဲစိတ်မှုကို ဆောင်ရွက်တဲ့ liposuction doctor ရဲ့ အရည်အချင်းကိုမေးခွန်းထုတ်ခဲ့ပါတယ် ။

Dai ရဲ့မိသားစုက ” liposuction doctor က Gao Qiang အမည်ရှိ အငယ်တန်းဆရာဝန်တစ်ဦးသာဖြစ်ပြီး ၂၀၀၉ ခုနှစ်ပြည်နယ်ကျန်းမာရေးအာဏာပိုင်ရဲ့စည်းမျဉ်းအရ အဆီ၂၀၀၀ ml ကိုဖယ်ရှားရန်လိုတဲ့ ခွဲစိတ်မှုများကို အထက်တန်းဆရာဝန်တစ်ဦး က ပြုလုပ်သင့်တယ်”လို့ ဆိုပါတယ် ။ Dai ရဲ့ ခွဲစိတ်မှုက ထိုအဆီပမာဏထက် ပိုဖယ်ရှားပေးခဲ့ပါတယ် ။

ဆိုရှယ်မီဒီယာပို့စ်မှာ Dai ရဲ့ သူငယ်ချင်းက အမျိုးသမီးရဲ့ မကျေနပ်ချက်များကို ကိုင်တွယ်ပုံကို မကျေနပ်ကြောင်း ဖော်ပြခဲ့ပါတယ် ။ သူမရဲ့သူငယ်ချင်းက Dai ရဲ့ရင်သားမှ ဗိုက်သို့ အသားပိုတွေက ပူလောင်ပြီး ရောင်လာတယ်လို့ ဆိုပါတယ် ။

“ Huayan ဆေးရုံက သူမကိုနာကျင်မှုအကြောင်း ပြောတဲ့အခါ ဆေးပြားအချို့သာပေးဖို့ ပြောခဲ့တယ်။ ၎င်းက သူမရဲ့ရောဂါလက္ခဏာများကို လုံးဝမသက်သာစေပါ” လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ် ။

ယခုအပတ် သူမရဲ့ အွန်လိုင်း Weibo အကောင့်မှာ Dai ကို များစွာသနားကြောင်း အွန်လိုင်းမှာ ဖော်ပြခဲ့ကြပါတယ် ။“ Liposuction ခွဲစိတ်မှုပြုလုပ်ရန် ရွေးချယ်ခြင်းအတွက် သူမကိုအပြစ်မတင်သင့်ပါ။

ခွဲစိတ်ဖို့က သူ့ရွေးချယ်မှုပဲလေ။ ဒီအမှိုက်ပုံဆေးရုံရဲ့အပြစ်ပဲ ။ အေးအေးချမ်းချမ်း အနားယူလိုက်ပါညီမလေး ” လို့ လူတစ်ဦးက ရေးသားခဲ့ပါတယ် ။ Dai က တရုတ်ပြည်မကြီးမှာ အလှကုန်ခွဲစိတ်မှုရဲ့ ပထမဆုံးသောနာမည်ကြီးသားကောင် မဟုတ်ပါ။

ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလက တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ် Changzhou မှာ အသက် ၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ရင်သားနဲ့ နှာခေါင်းကို ခွဲစိတ်မှုအလယ်မှာ သေဆုံးခဲ့ပါတယ် ။