မတော်တဆမှုကြောင့် ခြေထောက်ဆုံးရှုံးခဲ့သော်လည်း အလုပ်ကို ကြိုးစားလုပ်ဆောင်နေဆဲဖြစ်တဲ့ delivery အမျိုးသား
Roy အမည်ရှိ အမျိုးသားက GrabFood Rider တစ်ဦးဟာ သူ့ရဲ့ခြေထောက်ဆုံးရှုံးခဲ့သော်လည်း ပစ္စည်းတွေ ပို့ဆောင်ပေးနေတာကို တွေ့တဲ့အခါ Roy က ထိုလူကို လေးစားသွားပြီး အံ့သြခဲ့ပါတယ် ။
ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်မှာ Roy က သူရဲကောင်း GrabFood Rider ကို တွေ့ကြောင်း Stomp မှာ မျှဝေခဲ့ပါတယ် ။ Roy က Saire အမည်ရှိ မသန်စွမ်း GrabFood Rider နဲ့ စကားပြောဆိုရန် သွားခဲ့ပါတယ် ။
“Saire ကအရမ်းတော်တဲ့လူပါ။ ကျွန်တော် သူ့ကို Clementi မြို့မှာ အရင်ကမြင်ဖူးတယ်၊ ဒါပေမယ့် Bishan မြို့မှာ သူ့ကိုတွေ့တာနဲ့၊ ငါသူနဲ့စကားစမြည်ပြောရမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ် ။ Saire က လမ်းမတော်တဆမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော့်ကိုပြောခဲ့တယ်။
သူက အဲ့လိုဖြစ်ပျက်ခဲ့ပေမယ့် ဒီလောက်အလုပ်ကြိုးစားပြီး ပို့ဆောင်ပေးနေတာကိုက ငါမယုံနိုင် ဖြစ်နေပါတယ်။ သူကတကယ့်ကိုအတုယူစရာပါ။ ” ဆိုပြီး Roy က ပြောဆိုခဲ့ပါတယ် ။
တရုတ်ဘာသာစကားသတင်းစာ Lianhe Zaobao ရဲ့ အဆိုအရ Saire ဟာ သူ့အသက် ၁၃ နှစ်သာရှိသေးတဲ့အချိန်မှာ မတော်တဆမှုကြောင့် သူ့ရဲ့ညာခြေထောက်က အကြီးအကျယ်ပျက်စီးထိခိုက်ခဲ့ပါတယ် ။
သူ့အသက် ၂၉ နှစ်အရွယ်မှာ ခြေထောက်ကို ဘက်တီးရီးယားပိုးမွှားဝင်တာကြောင့် သူ့ခြေထောက်တစ်ဖက်ကို ဖြတ်တောက်ခဲ့ရပါတယ် ။ ဒီအမျိုးသားက သူ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပေမဲ့ မိသားစုအတွက် အလုပ်တွေကြိုးစားလုပ်နေတာပါ ။ ကျွန်တော်တို့ တကယ့်ကိုအတုသင့်ပါတယ်လေ ။
Zawgyi
Roy အမည္ရွိ အမ်ိဳးသားက GrabFood Rider တစ္ဦးဟာ သူ႔ရဲ႕ေျခေထာက္ဆုံးရႈံးခဲ့ေသာ္လည္း ပစၥည္းေတြ ပို႔ေဆာင္ေပးေနတာကို ေတြ႕တဲ့အခါ Roy က ထိုလူကို ေလးစားသြားၿပီး အံ့ၾသခဲ့ပါတယ္ ။
ဇူလိုင္ ၂၉ ရက္ မြန္းလြဲ ၂ နာရီခန႔္မွာ Roy က သူရဲေကာင္း GrabFood Rider ကို ေတြ႕ေၾကာင္း Stomp မွာ မွ်ေဝခဲ့ပါတယ္ ။ Roy က Saire အမည္ရွိ မသန္စြမ္း GrabFood Rider နဲ႔ စကားေျပာဆိုရန္ သြားခဲ့ပါတယ္ ။ “Saire ကအရမ္းေတာ္တဲ့လူပါ။
ကြၽန္ေတာ္ သူ႔ကို Clementi ၿမိဳ႕မွာ အရင္ကျမင္ဖူးတယ္၊ ဒါေပမယ့္ Bishan ၿမိဳ႕မွာ သူ႔ကိုေတြ႕တာနဲ႔၊ ငါသူနဲ႔စကားစျမည္ေျပာရမယ္ဆိုၿပီး ဆုံးျဖတ္လိုက္တယ္ ။ Saire က လမ္းမေတာ္တဆမႈတစ္ခုေၾကာင့္ ေျခေထာက္တစ္ဖက္ဆုံးရႈံးခဲ့တယ္လို႔ ကြၽန္ေတာ့္ကိုေျပာခဲ့တယ္။
သူက အဲ့လိုျဖစ္ပ်က္ခဲ့ေပမယ့္ ဒီေလာက္အလုပ္ႀကိဳးစားၿပီး ပို႔ေဆာင္ေပးေနတာကိုက ငါမယုံႏိုင္ ျဖစ္ေနပါတယ္။ သူကတကယ့္ကိုအတုယူစရာပါ။ ” ဆိုၿပီး Roy က ေျပာဆိုခဲ့ပါတယ္ ။
တ႐ုတ္ဘာသာစကားသတင္းစာ Lianhe Zaobao ရဲ႕ အဆိုအရ Saire ဟာ သူ႔အသက္ ၁၃ ႏွစ္သာရွိေသးတဲ့အခ်ိန္မွာ မေတာ္တဆမႈေၾကာင့္ သူ႔ရဲ႕ညာေျခေထာက္က အႀကီးအက်ယ္ပ်က္စီးထိခိုက္ခဲ့ပါတယ္ ။
သူ႔အသက္ ၂၉ ႏွစ္အ႐ြယ္မွာ ေျခေထာက္ကို ဘက္တီးရီးယားပိုးမႊားဝင္တာေၾကာင့္ သူ႔ေျခေထာက္တစ္ဖက္ကို ျဖတ္ေတာက္ခဲ့ရပါတယ္ ။ ဒီအမ်ိဳးသားက သူ ေျခေထာက္တစ္ဖက္ ဆုံးရႈံးခဲ့ေပမဲ့ မိသားစုအတြက္ အလုပ္ေတြႀကိဳးစားလုပ္ေနတာပါ ။ ကြၽန္ေတာ္တို႔ တကယ့္ကိုအတုသင့္ပါတယ္ေလ ။