ဗဟုသုတ

ဒူးခေါင်းလောက် မိုးကြီးရေလျှံနေသော်လည်း မင်္ဂလာဆောင်ပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြတဲ့ စုံတွဲနှစ်ဦး

ဒူးခေါင်းလောက် မိုးကြီးရေလျှံနေသော်လည်း မင်္ဂလာဆောင်ပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြတဲ့ စုံတွဲနှစ်ဦး

လက်ထပ်ခြင်းဟာ လူတစ်ဦးရဲ့ဘဝမှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး လူတိုင်းကတစ်နေ့တာကို ချောချောမွေ့မွေ့နဲ့ အတတ်နိုင်ဆုံးအကောင်းဆုံး ဖြတ်သန်းချင်ကြတာပါ ။

ဒါပေမယ့် အဲဒီနေ့မှာ ဘာဖြစ်မယ်ဆိုတာကို ကျွန်တော်တို့က တကယ်ခန့်မှန်းလို့မရပါဘူး ။ Maria Cyril Hernandez က Iriga မြို့မှ Mark John Martinez နဲ့ လက်ထပ်ရန် စီစဉ်ထားသော်လည်း မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများသာမက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဓာတ်အားနဲ့ ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်ခဲ့ပါတယ် ။

ကိုယ်ဝန်ငါးလရှိပြီဖြစ်တဲ့ Maria ဟာ သူတို့ရဲ့မင်္ဂလာဆောင်ပွဲအတွက် ဘုရားရှိခိုးကျောင်းကို ရောက်ဖို့ အိမ်နီးချင်းတွေဆီက အများကြီးလိုအပ်နေတဲ့အကူအညီကိုရခဲ့ပေမယ့် သူမရဲ့သတို့သားကတော်တော်နောက်ကျမှ ရောက်လာခဲ့ပါတယ် ။

Mark John Martinez ဟာ မော်တော်ဆိုင်ကယ်နဲ့လာပြီး လမ်းလယ်မှာ ကျိုးကျနေတဲ့သစ်ပင်များကို ခုတ်လှဲရင်း ဘုရားကျောင်းကို ရောက်ဖို့ သုံးနာရီကြာခဲ့ပါတယ် ။

သူမရဲ့သတို့သားနောက်ဆုံး ရောက်လာတာနဲ့ စိတ်သက်သာရာရသွားပြီး မင်္ဂလာဆောင်တဲ့အခါမှာ Maria က မျက်ရည်ကျခဲ့ပြီး သူမပင်ပန်းနွမ်းနယ်မှုကြောင့် နောက်ပိုင်းမှာ မူးမေ့သွားခဲ့ပါတယ် ။

သူတို့မင်္ဂလာဆောင် ဧည့်သည်အတော်များများက ရောက်မလာကြဘဲ အမှတ်တရဓာတ်ပုံတောင်မရိုက်နိုင်ခဲ့ပေမယ့် သူတို့နှစ်ယောက်က လက်ထပ်ဖို့ ဘာမှတားလို့ရမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားဒါကြောင့် သူတို့က သူတို့ရဲ့မိသားစုဝင်တွေနဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေအတွက် ဆဲလ်ဖုန်းတွေကို အားကိုးခဲ့ပါတယ် ။

မင်္ဂလာဆောင်ပြီးတဲ့နောက်မှာတော့ သူတို့စုံတွဲဟာ မင်္ဂလာကားတစ်စီးအစား banca သေးသေးလေးတစ်ခုကို စီးခဲ့ပါတယ် ။ မင်္ဂလာပွဲက စီစဉ်ထားတဲ့အတိုင်းမဖြစ်ခဲ့ပေမယ့် Maria နဲ့ Marj တို့နောက်ဆုံးတော့ လက်ထပ်ခဲ့ကြရလို့ ပျော်ရွှင်နေတုန်းပါဘဲ ။

Zawgyi

လက္ထပ္ျခင္းဟာ လူတစ္ဦးရဲ႕ဘဝမွာ ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့အရာတစ္ခုျဖစ္ၿပီး လူတိုင္းကတစ္ေန႔တာကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အတတ္ႏိုင္ဆုံးအေကာင္းဆုံး ျဖတ္သန္းခ်င္ၾကတာပါ ။

ဒါေပမယ့္ အဲဒီေန႔မွာ ဘာျဖစ္မယ္ဆိုတာကို ကြၽန္ေတာ္တို႔က တကယ္ခန႔္မွန္းလို႔မရပါဘူး ။ Maria Cyril Hernandez က Iriga ၿမိဳ႕မွ Mark John Martinez နဲ႔ လက္ထပ္ရန္ စီစဥ္ထားေသာ္လည္း မုန္တိုင္းေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ားသာမက မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီး ဓာတ္အားနဲ႔ ဆက္သြယ္ေရးလိုင္းမ်ားလည္း ျပတ္ေတာက္ခဲ့ပါတယ္ ။

ကိုယ္ဝန္ငါးလရွိၿပီျဖစ္တဲ့ Maria ဟာ သူတို႔ရဲ႕မဂၤလာေဆာင္ပြဲအတြက္ ဘုရားရွိခိုးေက်ာင္းကို ေရာက္ဖို႔ အိမ္နီးခ်င္းေတြဆီက အမ်ားႀကီးလိုအပ္ေနတဲ့အကူအညီကိုရခဲ့ေပမယ့္ သူမရဲ႕သတို႔သားကေတာ္ေတာ္ေနာက္က်မွ ေရာက္လာခဲ့ပါတယ္ ။

Mark John Martinez ဟာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔လာၿပီး လမ္းလယ္မွာ က်ိဳးက်ေနတဲ့သစ္ပင္မ်ားကို ခုတ္လွဲရင္း ဘုရားေက်ာင္းကို ေရာက္ဖို႔ သုံးနာရီၾကာခဲ့ပါတယ္ ။

သူမရဲ႕သတို႔သားေနာက္ဆုံး ေရာက္လာတာနဲ႔ စိတ္သက္သာရာရသြားၿပီး မဂၤလာေဆာင္တဲ့အခါမွာ Maria က မ်က္ရည္က်ခဲ့ၿပီး သူမပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ေနာက္ပိုင္းမွာ မူးေမ့သြားခဲ့ပါတယ္ ။

သူတို႔မဂၤလာေဆာင္ ဧည့္သည္အေတာ္မ်ားမ်ားက ေရာက္မလာၾကဘဲ အမွတ္တရဓာတ္ပုံေတာင္မ႐ိုက္ႏိုင္ခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္က လက္ထပ္ဖို႔ ဘာမွတားလို႔ရမွာ မဟုတ္ဘူးလို႔ ဆုံးျဖတ္ထားဒါေၾကာင့္ သူတို႔က သူတို႔ရဲ႕မိသားစုဝင္ေတြနဲ႔ မဂၤလာေဆာင္ဓာတ္ပုံေတြအတြက္ ဆဲလ္ဖုန္းေတြကို အားကိုးခဲ့ပါတယ္ ။

မဂၤလာေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ သူတို႔စုံတြဲဟာ မဂၤလာကားတစ္စီးအစား banca ေသးေသးေလးတစ္ခုကို စီးခဲ့ပါတယ္ ။ မဂၤလာပြဲက စီစဥ္ထားတဲ့အတိုင္းမျဖစ္ခဲ့ေပမယ့္ Maria နဲ႔ Marj တို႔ေနာက္ဆုံးေတာ့ လက္ထပ္ခဲ့ၾကရလို႔ ေပ်ာ္႐ႊင္ေနတုန္းပါဘဲ ။