ဗဟုသုတ

အဆိုးဆုံးကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားတယ် ဆိုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂၢဆိုင္ရာ ျမန္မာႏိုင္ငံ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ နယူးေယာက္အေျခစိုက္ ကုလသမဂၢ႐ုံးမွာ တာဝန္ထမ္းေဆာင္ေနသူပါ ။ မက္ဟန္တန္ နဲ႔ ဝက္စ္ခ်က္စ္တာ ရပ္ကြက္က ႐ုံးနဲ႔ ေနအိမ္မွာေနရင္း တိုင္းျပည္အတြက္ တာဝန္ထမ္းေဆာင္ေနတယ္။

ေဖေဖာ္ဝါရီ အာဏာမသိမ္းခင္အခ်ိန္အထိေတာ့ ဦးေက်ာ္မိုးထြန္းကို ျမန္မာျပည္သားေတြေရာ ႏိုင္ငံတကာကေရာ သိပ္ၿပီး ရင္းရင္းႏွီးႏွီး မရွိလွပါဘူး ။ ႐ိုဟင္ဂာျပႆနာနဲ႔ပတ္သက္တဲ့ ကုလေဆြးေႏြးပြဲေတြမွာ အနည္းငယ္ေလာက္သာ ပါဝင္ခဲ့တယ္။

သို႔ေပမယ့္ အာဏာသိမ္းၿပီးစ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔က ျမန္မာႏိုင္ငံဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ ေတြ႕ဆုံေဆြးေႏြးစဥ္မွာေတာ့ လက္သုံးေခ်ာင္းေထာင္ၿပီး ျမန္မာျပည္သူေတြဘက္မွာ ရပ္တည္တဲ့အေၾကာင္းကို ကမာၻသိေအာင္ျပသလိုက္တယ္ ။

ကုလကိုယ္စားလွယ္အမ်ားစုက လက္ခုပ္တီးၿပီး ၾသဘာေပးၾကတယ္ ။ ကုလသမဂၢအဖြဲ႕အတြင္းမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဆိုတဲ့ နာမည္က ဟိုးေလးတေၾကာ္ျဖစ္သြားတယ္ ။ ကိုယ္စားလွယ္အမ်ားစုက သတၱိရွိသူလို႔ ခ်ီးက်ဴးၾကတယ္ ။

ဟုတ္ပါတယ္ ။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေ႐ြးလိုက္တဲ့လမ္းဟာ သတၱိရွိမွ ေလွ်ာက္လွမ္းလို႔ရတာပါ ။ ရက္စက္ယုတ္မာတဲ့ စစ္ေကာင္စီကို ျပည္သူေတြကိုယ္စား စစ္မ်က္ႏွာဖြင့္လိုက္တာပါ ။ အႏၲရယ္မ်ားမယ္ ။

ဒုကၡခံရမယ္ ။ သတၱိရွိရမယ္ ။ အက်ပ္အတည္းမ်ားစြာကို ရင္ဆိုင္ရမယ္ ။ ႏိုင္ငံကူးလက္မွတ္ကို ဖ်က္သိမ္းၿပီး တိုင္းျပည္ပုန္ကန္သူအျဖစ္ ဒဏ္ခတ္ႏိုင္တယ္ ။ အသက္အႏၲရယ္ ဆုံးရႈံးရတဲ့အထိ ေတြ႕ႀကဴံႏိုင္တယ္ ။ သို႔ေပမယ့္ ဦးေက်ာ္မိုးထြန္းက သတၱိရွိရွိနဲ႔ သိပ္ကိုအေရးပါတဲ့ တာဝန္တစ္ခုကို ထမ္းေဆာင္ေနရတဲ့အခ်ိန္မွာ ဘယ္လိုအႏၲရယ္ကိုမွ ဂ႐ုမစိုက္ပဲ ျပည္သူေတြဘက္က ရပ္တည္တဲ့အေၾကာင္းကို ကမာၻသိေအာင္ ျပလိုက္ပါတယ္ ။

ထင္ခဲ့တဲ့အတိုင္းပါဘဲ ။ ၾသဂုတ္လ ၃ ရက္ေန႔မွာေတာ့ ဦးေက်ာ္မိုးထြန္းဟာ ေစတနာ့ဝန္ထမ္း သက္ေတာ္ေစာင့္အျဖစ္ တာဝန္ထမ္းေဆာင္ေနသူထံကေန အလြန္ေၾကာက္စရာေကာင္းတဲ့ သတင္းတစ္ခုရခဲ့တယ္ ။ အဲ့ဒီသတင္းကေတာ့ ထိုင္းႏိုင္ငံအေျခစိုက္ စစ္ေကာင္စီနဲ႔ပတ္သက္တဲ့ ျမန္မာႏိုင္ငံသား လက္နက္ကုန္သည္တစ္ဦးဟာ အေမရိကမွာေနထိုင္တဲ့ ျမန္မာျပည္သားတစ္ဦးနဲ႔ အတူတကြပူးေပါင္းၿပီး သံအမတ္ႀကီးကို လုပ္ႀကံဖို႔ စီစဥ္ေနၾကတဲ့သတင္းပါ ။

သံအမတ္ႀကီးရဲ႕ ကားတာယာကို တစ္ခုခုအႏၲရယ္ျဖစ္ေစၿပီး တာဝန္မထမ္းေဆာင္ႏိုင္ေလာက္ေအာင္ ဒဏ္ရာရသြားေစမယ့္ နည္းလမ္းကို အရင္ဆုံးစီစဥ္ခဲ့တယ္ ။ ဒုတိယနည္းကေတာ့ ရသလိုနည္းနဲ႔ အျပတ္ရွင္းဖို႔ပါ ။ သံအမတ္ႀကီးဟာ ဒီသတင္းကို ခ်က္ခ်င္းဆိုသလိုပဲ ကုလသမဂၢနဲ႔ အေမရိကန္ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားခဲ့တယ္ ။

” ဥပေဒအထက္မွာ မည္သူမွ်မရွိေစရ ” ဆိုတဲ့ တိက်ျပတ္သားတဲ့ အေမရိကန္ဥပေဒအတိုင္းပါဘဲ ။ ၃ ရက္အၾကာမွာ အေမရိကန္ FBI အဖြဲ႕ႀကီးက သံအမတ္ႀကီးကို လုပ္ႀကံဖို႔ ႀကံစည္ေနသူႏွစ္ဦးျဖစ္တဲ့ ၿဖိဳးဟိန္းထြဋ္ နဲ႔ ရဲဟိန္းေဇာ္တို႔ႏွစ္ဦးကို ဖမ္းဆီးလိုက္ႏိုင္တယ္ ။

ကမာၻႀကီးတစ္ခုလုံး အံ့ၾသသြားၾကတယ္ ။ စစ္ေကာင္စီရဲ႕ ပက္စက္တဲ့အႀကံကို ကမာၻကသိသြားတယ္ ။ ” အေမရိကမွာ ေနထိုင္သူကိုေတာင္ လုပ္ႀကံဖို႔ႀကံစည္တယ္ဆိုရင္ ၊ ျပည္တြင္းမွာေနသူေတြအတြက္ ဘယ္လိုလုပ္ၾကမလဲ ” ဆိုတဲ့ ေမးခြန္းကို အေမရိကန္အစိုးရနဲ႔ ကုလသမဂၢတာဝန္ရွိသူေတြ စဥ္းစားလာၾကတယ္ ။

ႏိုင္ငံ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သားသမီးေတြျဖစ္တဲ့ NUG အစိုးရကို အသိအမွတ္ျပဳဖို႔ တြန္းအားေပးလာၾကတယ္ ။အရပ္ဘက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Myanmar Accountability Project ရဲ႕ အကာအကြယ္ေပးေရး ဒါ႐ိုက္တာ Damian Lilly က” အခုအခ်ိန္မွာ စစ္တပ္နဲ႔ NUG ဟာ တိုင္းျပည္ကို ဦးေဆာင္ႏိုင္ဖို႔ အၿပိဴင္ႀကိဴးစားေနၾကတယ္ ။

ဒါ့ေၾကာင့္ အဖိအႏွိပ္ခံ ျပည္သူေတြဘက္က သတၱိရွိရွိ ရပ္တည္ေနတဲ့ ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢအဖြဲ႕ႀကီးက ဆက္လက္အသိအမွတ္ျပဳေပးဖို႔ ေတာင္းဆိုပါတယ္ ”
လို႔ ေျပာခဲ့တယ္ ။ဦးေက်ာ္မိုးထြန္းကေတာ့ ” စစ္ေကာင္စီရဲ႕ မေအာင္ျမင္ေသာ ႀကံစည္မႈ႕နဲ႔ သူ႔ရဲ႕ေအာင္ျမင္မႈ႕” လို႔ ဆိုပါတယ္ ။ ေနာက္လထဲမွာက်င္းပမယ့္ ကုလသမဂၢ အေထြေထြညီလာခံဟာ ဦးေက်ာ္မိုးထြန္းအတြက္ သိပ္ကို အေရးႀကီးေနသလို ျပည္သူေတြအတြက္လည္း အေရးႀကီးေနတယ္ ။

Unicode

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နယူးယောက်အခြေစိုက် ကုလသမဂ္ဂရုံးမှာ တာဝန်ထမ်းဆောင်နေသူပါ ။ မက်ဟန်တန် နဲ့ ဝက်စ်ချက်စ်တာ ရပ်ကွက်က ရုံးနဲ့ နေအိမ်မှာနေရင်း တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတယ်။

ဖေဖော်ဝါရီ အာဏာမသိမ်းခင်အချိန်အထိတော့ ဦးကျော်မိုးထွန်းကို မြန်မာပြည်သားတွေရော နိုင်ငံတကာကရော သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှပါဘူး ။ ရိုဟင်ဂာပြဿနာနဲ့ပတ်သက်တဲ့ ကုလဆွေးနွေးပွဲတွေမှာ အနည်းငယ်လောက်သာ ပါဝင်ခဲ့တယ်။

သို့ပေမယ့် အာဏာသိမ်းပြီးစ ဖေဖော်ဝါရီ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာတော့ လက်သုံးချောင်းထောင်ပြီး မြန်မာပြည်သူတွေဘက်မှာ ရပ်တည်တဲ့အကြောင်းကို ကမ္ဘာသိအောင်ပြသလိုက်တယ် ။

ကုလကိုယ်စားလှယ်အများစုက လက်ခုပ်တီးပြီး သြဘာပေးကြတယ် ။ ကုလသမဂ္ဂအဖွဲ့အတွင်းမှာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုတဲ့ နာမည်က ဟိုးလေးတကြော်ဖြစ်သွားတယ် ။ ကိုယ်စားလှယ်အများစုက သတ္တိရှိသူလို့ ချီးကျူးကြတယ် ။

ဟုတ်ပါတယ် ။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရွေးလိုက်တဲ့လမ်းဟာ သတ္တိရှိမှ လျှောက်လှမ်းလို့ရတာပါ ။ ရက်စက်ယုတ်မာတဲ့ စစ်ကောင်စီကို ပြည်သူတွေကိုယ်စား စစ်မျက်နှာဖွင့်လိုက်တာပါ အန္တရယ်များမယ် ။

ဒုက္ခခံရမယ် ။ သတ္တိရှိရမယ် ။ အကျပ်အတည်းများစွာကို ရင်ဆိုင်ရမယ် ။ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး တိုင်းပြည်ပုန်ကန်သူအဖြစ် ဒဏ်ခတ်နိုင်တယ် ။ အသက်အန္တရယ် ဆုံးရှုံးရတဲ့အထိ တွေ့ကြူံနိုင်တယ် ။ သို့ပေမယ့် ဦးကျော်မိုးထွန်းက သတ္တိရှိရှိနဲ့ သိပ်ကိုအရေးပါတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေရတဲ့အချိန်မှာ ဘယ်လိုအန္တရယ်ကိုမှ ဂရုမစိုက်ပဲ ပြည်သူတွေဘက်က ရပ်တည်တဲ့အကြောင်းကို ကမ္ဘာသိအောင် ပြလိုက်ပါတယ် ။

ထင်ခဲ့တဲ့အတိုင်းပါဘဲ ။ သြဂုတ်လ ၃ ရက်နေ့မှာတော့ ဦးကျော်မိုးထွန်းဟာ စေတနာ့ဝန်ထမ်း သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်နေသူထံကနေ အလွန်ကြောက်စရာကောင်းတဲ့ သတင်းတစ်ခုရခဲ့တယ် ။ အဲ့ဒီသတင်းကတော့ ထိုင်းနိုင်ငံအခြေစိုက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံသား လက်နက်ကုန်သည်တစ်ဦးဟာ အမေရိကမှာနေထိုင်တဲ့ မြန်မာပြည်သားတစ်ဦးနဲ့ အတူတကွပူးပေါင်းပြီး သံအမတ်ကြီးကို လုပ်ကြံဖို့ စီစဉ်နေကြတဲ့သတင်းပါ ။

သံအမတ်ကြီးရဲ့ ကားတာယာကို တစ်ခုခုအန္တရယ်ဖြစ်စေပြီး တာဝန်မထမ်းဆောင်နိုင်လောက်အောင် ဒဏ်ရာရသွားစေမယ့် နည်းလမ်းကို အရင်ဆုံးစီစဉ်ခဲ့တယ် ။ ဒုတိယနည်းကတော့ ရသလိုနည်းနဲ့ အပြတ်ရှင်းဖို့ပါ ။ သံအမတ်ကြီးဟာ ဒီသတင်းကို ချက်ချင်းဆိုသလိုပဲ ကုလသမဂ္ဂနဲ့ အမေရိကန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ် ။

” ဥပဒေအထက်မှာ မည်သူမျှမရှိစေရ ” ဆိုတဲ့ တိကျပြတ်သားတဲ့ အမေရိကန်ဥပဒေအတိုင်းပါဘဲ ။ ၃ ရက်အကြာမှာ အမေရိကန် FBI အဖွဲ့ကြီးက သံအမတ်ကြီးကို လုပ်ကြံဖို့ ကြံစည်နေသူနှစ်ဦးဖြစ်တဲ့ ဖြိုးဟိန်းထွဋ် နဲ့ ရဲဟိန်းဇော်တို့နှစ်ဦးကို ဖမ်းဆီးလိုက်နိုင်တယ် ။

ကမ္ဘာကြီးတစ်ခုလုံး အံ့သြသွားကြတယ် ။ စစ်ကောင်စီရဲ့ ပက်စက်တဲ့အကြံကို ကမ္ဘာကသိသွားတယ် ။ ” အမေရိကမှာ နေထိုင်သူကိုတောင် လုပ်ကြံဖို့ကြံစည်တယ်ဆိုရင် ၊ ပြည်တွင်းမှာနေသူတွေအတွက် ဘယ်လိုလုပ်ကြမလဲ ” ဆိုတဲ့ မေးခွန်းကို အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေ စဉ်းစားလာကြတယ် ။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားသမီးတွေဖြစ်တဲ့ NUG အစိုးရကို အသိအမှတ်ပြုဖို့ တွန်းအားပေးလာကြတယ် ။အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myanmar Accountability Project ရဲ့ အကာအကွယ်ပေးရေး ဒါရိုက်တာ Damian Lilly က” အခုအချိန်မှာ စစ်တပ်နဲ့ NUG ဟာ တိုင်းပြည်ကို ဦးဆောင်နိုင်ဖို့ အပြိူင်ကြိူးစားနေကြတယ် ။

ဒါ့ကြောင့် အဖိအနှိပ်ခံ ပြည်သူတွေဘက်က သတ္တိရှိရှိ ရပ်တည်နေတဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂအဖွဲ့ကြီးက ဆက်လက်အသိအမှတ်ပြုပေးဖို့ တောင်းဆိုပါတယ် ”
လို့ ပြောခဲ့တယ် ။

ဦးကျော်မိုးထွန်းကတော့ ” စစ်ကောင်စီရဲ့ မအောင်မြင်သော ကြံစည်မှု့နဲ့ သူ့ရဲ့အောင်မြင်မှု့” လို့ ဆိုပါတယ် ။ နောက်လထဲမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံဟာ ဦးကျော်မိုးထွန်းအတွက် သိပ်ကို အရေးကြီးနေသလို ပြည်သူတွေအတွက်လည်း အရေးကြီးနေတယ် ။