ဗဟုသုတ

အင်တာနက်ပေါ်တွင် ပွက်လောရိုက်နေသော ရိုးမဘဏ် နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းရဲ့ နောက်ကွယ်

အင်တာနက်ပေါ်တွင် ပွက်လောရိုက်နေသော ရိုးမဘဏ် နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းရဲ့ နောက်ကွယ်

NUG အစိုးရက အာဏာသိမ်း စစ်ကောင်စီကို တန်ပြန်ပြုလုပ်သည့် နွေဦးထီ လုပ်ငန်းသည် ငွေသွင်းငွေထုတ်မှု အဓိက ပြုလုပ်ရန်အတွက် Wave Mo ney အပေါ် မှီတည်မှု ရှိလာနိုင်သဖြင့် Wave Money နှင့်လက်တွဲသော ရိုးမဘဏ် ဒေဝါလီခံရနိုင်သည့် သတင်းများထွက်ပေါ်လာခြင်း ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းနှင့် နီးစပ်သူများက သုံးသပ်ကြသည်။

NUG အစိုးရအနေဖြင့် ထီလုပ်ငန်းကို လုပ်ကိုင်ရာတွင် ထီထိုးသူ ပြည်သူများနှင့် ငွေသွင်း ငွေယူရမည့် ငွေကြေးဆိုင်ရာ စီးဆင်းမှုလမ်းကြောင်းသည် ပြည်သူများအတွက် အလွယ်ကူဆုံးမှာ Wave Money ဖြင့် ငွေလွှဲပို့ခြင်းကသာဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ အခွန်ဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက သုံးသပ်သည်။

“ထီထိုးဖို့လည်း ငွေပို့ရတာ၊ ပေါက်ရင်လည်း ငွေထုတ်ရတာ Electronic စနစ်အရ Wave က အလွယ်ဆုံးပဲ။

Wave ကလည်း ရိုးမဘဏ်နဲ့ ချိတ်ထားတော့ အဲ့လမ်းကြောင်းကို ထိန်းချုပ်ဖို့က ရိုးမဘဏ်ကို ဖျက်မလား၊ ဘဏ်တွင်း လုပ်ငန်းတွေကို စစ်ကောင်စီ ထိန်းချုပ်လို့ရအောင် သူ့လက်အောက် ထည့်မလား ဆိုတာရွေးစရာ ဖြစ်နိုင်တယ်” ဟု ဆိုသည်။

ပြည်သူများအနေဖြင့် လူမှုကွန်ရက်တွင်ပင်အာဏာသိမ်း စစ်ကောင်စီထက် NUG အစိုးရအပေါ် အခက်အခဲများစွာ ကြားကထောက်ခံမှု မြင့်တ ယက်နေပြီး အာဏာသိမ်းပြီး ခြောက်လအထိ မြေပြင်အုပ်ချုပ်ရေးကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ထိရောက်စွာ အကောင် အထည် မဖော်နိုင်သေးခြင်းက သက်သေတစ်ခုဟု ယူဆရမည်ဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောသည်။

ယနေ့အချိန်တွင် ၎င်းတို့အနေဖြင့် စစ်ကောင်စီ၏ အချိန်မရွေး ဖမ်းဆီးနိုင်သည့် အနေအထားကြောင့် ၎င်း၏ အမည်ကို ထည့်သွင်းရေးသားခွင့်မပြုပေ။ “ဘဏ်တစ်ခုဆိုတာ လွယ်လွယ်နဲ့တော့ ပြိုလဲလို့မရပါဘူး။

ဒါပေမဲ့ စစ်ကောင်စီက NUG အပေါ် ပြန်တုံ့ပြန်ဖို့ ရွေးစရာ လမ်းမရှိရင် သူလုပ်ချင်ရာ သူလုပ်ဖို့ ဝန်လေးမယ် မထင်ဘူး။ အဲ့ဒီအတွက် Wave Money ကနေ အသုံးပြုနိုင်မယ့် လမ်းကြောင်းကို ထိန်းချုပ်မယ်ဆိုလည်း ဖြစ်နိုင်ချေရှိတယ်။

ဘဏ်တစ်ခုလုံးကို ဒေဝါလီခံ ခိုင်းမယ်တော့ မထင်ပါဘူး” ဟု သူက ဆိုသည်။ ရိုးမဘဏ် ပြိုလဲနိုင်သည်ဟု လူမှုကွန်ရက်တွင် ပြောဆိုဝေဖန်နေကြသော်လည်း စစ်ကောင်စီ လက်အောက်ရှိမြန်မာနိုင်ငံ ဗဟိုဘဏ်က အာမခံကာ မည်သည့်ဘဏ်မှ မပြိုလဲကြောင်း အတိအလင်းကြေညာခဲ့သည်။

ပြည်သူများအနေဖြင့် စိုးရိမ်စရာ မရှိသလို ဘဏ်များအားလုံးသည် စည်းမျဉ်း စည်းကမ်းများအတိုင်း ဆက်လက်ရပ်တည်နေမည်ဟု ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က MPA သို့ ပြောထားသည်။

သို့သော် မြန်မာနိုင်ငံအတွင်း ငွေပို့ငွေလွှဲခြင်း၊ ထုတ်ခြင်းများတွင် Wave Money စနစ်က အဓိက အသုံးဝင်သည့် စနစ်တခုတွင် ရှိနေပြီးရိုးမဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ရသဖြင့် ထိုကဲ့သို့ ဖြစ်လာလျှင် မိမိတို့ထက် ပြည်သူလူထုပင် ပိုမိုအခက်တွေ့ရနိုင်သည်ဟု Wave Money အေးဂျင့်တစ်ဦးက သုံးသပ်သည်။

NUG ၏ ထီလုပ်ငန်းသည် လက်ရှိအောင်ဘာလေထီလုပ်ငန်းလို စာရွက်အခြေပြု ထီနှင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချမည့်ထီကို ကွဲကွဲပြားပြား မသိရသေးပေ။

အွန်လိုင်းနည်းပညာ ထီလုပ်ငန်းဆိုလျှင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီမှ အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့်အတွက် ထီထိုးသူများ၊ တစ်ဆင့်ခံ အေးဂျင့်များပင် အကြမ်းဖက်ဥပဒေ၊ လောင်းကစား အက်ဥပဒေမျိုး ရာဇသတ်ကြီး

ဥပဒေဖြင့် ငြိစွန်းနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အခွန်ဦးစီးဌာန၊ အောင်ဘာလေထီလုပ်ငန်း ဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ယနေ့တွင် မြန်မာ့အသံမှတစ်ဆင့် ဖြေကြားထားသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ရိုးမဘဏ်၏ ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

CDM ဝန်ထမ်းများကို ထိရောက်စွာ ကူညီထောက်ပံ့ရန် NUG အစိုးရက “အောင်လံလွှင့်ချီ နွေဦးထီ” ဟူသည့် ထီ လုပ်ငန်းကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်တပ် အာဏ ာသိမ်းပြီးနောက် ဖွင့်သည့် “အောင်ဘာလေထီ” ကို ထိုးသူ နည်းပါးသည့်အတွက်ယာယီ ရပ်နားခဲ့ရသည့်အပြင် ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်။

ယခင် ကျပ်သိန်းတစ်သောင်းခွဲ အမြင့်ဆုံးဆု ပေးနေရာမှာ ကျပ်သိန်းငါးထောင်ဆုကိုသာ ပေးနိုင်ခဲ့သည်။ အောင်လံလွှင့်ချီနွေဦးထီကို လာမယ့် ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်းချတော့မယ်လိုအမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးက ပြောပါတယ်။

“ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

တော်လှန်ရေးထီဖြစ်တဲ့အပြင် ထီထိုးတဲ့သူနဲ့ ထီပေါက်တဲ့သူရဲ့ လုံခြုံရေးကို အဓိကထား ကာကွယ်ပေးလိုတဲ့အတွက် ပုံမှန်ထိုးနေတဲ့ ထီတွေလို သိန်းသောင်းချီတဲ့ ဆုမဲတွေ မပေးနိုင်တာကိုလည်း နားလည်ပေးကြဖို့ကြိုတင် တောင်းပန်လိုပါတယ်” လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ထီတစောင်ကို ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး အနည်းဆုံး ၅ စောင်ကနေ အစောင် ၅၀ အထိထိုးနိုင်မှာဖြစ်ပါတယ်။ ဆုမဲတွေ အားလုံးကို ၁၅ သိန်း သတ်မှတ်ထားပါတယ်။

အစိုးရဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ လင့်ခ်ကိုနှိပ်ပြီး ပေါ်လာတဲ့ လမ်းညွှန်တွေအတိုင်း ဆက်လုပ်သွားရင်းထီစောင်ရေ ရွေးချယ်တာ၊ ငွေပေးတဲ့ပုံစံကို ရွေးရမှာ ဖြစ်ပါတယ်။ “ထီလက်မှတ်ဖိုးကို ဘယ်လိုပေးချေမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး အ ထူးသတိထားစရာ အချက်တချက်တော့ ရှိပါတယ်။

အဲဒါက အကြမ်းဖက် စစ်ကောင်စီ အလွယ်တကူ ခြေရာခံလို့ မရနိုင်အောင် မိမိတို့ရဲ့ တရားဝင်ဘဏ်အကောင့်တွေနဲ့ ချိတ်ဆက်ပြီး ငွေပေးချေတာမျိုး မလုပ်ဘဲ မိမိဘာသာ ချင့်ချိန် ရွေးချယ်ကြဖို့ပါပဲ” လို့ ဝန်ကြီးက ပြောပါတယ်။

တကယ်လို့ ထီပေါက်ခဲ့ရင် ဆုမဲကိုမယူဘဲ ပြန်လှူမယ်ဆိုတာကိုလည်း တပါတည်း ရွေးချယ်လို့ရပြီး လှူဒါန်းတဲ့ငွေတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လိုအပ်နေတဲ့ တခြား အသုံးစရိတ်တွေအဖြစ် သုံးသွားမယ်လို့ ဆိုပါတယ်။ ကံထူးရှင်တွေရဲ့ ဆန္ဒအတိုင်း ဂုဏ်ပြုလွှာတွေကို ပေးသွားမယ်လို့လည်း ဆိုပါတယ်။

“ပြောရရင် အာဏာရှင်ကို တောထုတ်တဲ့ သံပုံးတီးကမ်ပိန်းလောက်တောင် မစွန့်စားရပါဘူး။ နေ့စဉ်ရက်ဆက် လမ်းမပေါ်ထွက်ပြီး ရဲဝံ့စွာဆန္ဒဖော်ထုတ်နေတဲ့သူတွေနဲ့ယှဉ်ရင် ပိုလို့တောင်မပြောပလောက်ပါဘူး” လို့ ဝန်ကြီးက ပြောပါတယ်။

ထီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ကန့်သတ်လာနိုင်တာတွေကိုလည်း ကြိုတင်တွက်ဆထားပြီး တကယ်လို့ ထီစရောင်းမယ့် ဩဂုတ် ၁၅ ရက်နေ့မှာ အင်တာနက်တွေ ပိတ်မယ်ဆိုရင် ၁၆ ရက်နေ့မှာ ရောင်းမယ်လို့ ဆိုပါတယ်။

ထီထိုးသူတွေကိုယ်တိုင် ဖွင့်မပြောဘဲဘယ်သူမှန်းမသိဖို့အတွက် နည်းပညာနဲ့ ကာကွယ်ပေးထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်မယ့် အဆိုပါထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက် ကြေညာထားပါတယ်။