ဗဟုသုတ

အဖုံးမပိတ္ဘဲ အိမ္သာေရးဆြဲခ်ျခင္းရဲ႕ ေၾကာက္မက္ဖြယ္အႏၲရာယ္

အရင္ေခတ္တုန္းကေတာ့ အိမ္သားဆိုရင္ တိုးလွ်ိဳေပါက္ ေအာက္ကိုျမင္ေနရတဲ့ အိမ္သာေတြကေန ယင္လုံအိမ္သာေတြ၊ အခုဆိုရင္ ဘိုထိုင္အိမ္သာေတြအထိ လူေနမႈပုံစံတိုးတက္လာတာနဲ႔မွ် အိမ္သာေတြဆိုရင္လည္း က်န္းမာေရးနဲ႔ ပိုညီၫြတ္ေစဖို႔ ဒီဇိုင္းနဲ႔ပုံစံေတြ ေျပာင္းလဲလာခဲ့ၾကပါတယ္။

အခုကြၽန္ေတာ္တို႔လက္ရွိသုံးေနတဲ့ ဘိုထိုင္အိမ္သာေတြကေတာ့ ေနာက္ဆုံးေျပာင္းလဲလာခဲ့တဲ့ အိမ္သာပုံစံေတြပါပဲ။ အဖုံးရွိတယ္၊ စနစ္တက်နဲ႔ သန႔္စင္တဲ့ ေရဆြဲခ်တဲ့စနစ္ရွိေနတယ္ဆိုေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္တယ္ေပါ့။

ဒါေပမဲ့ ဘယ္ေလာက္ပဲ က်န္းမာေရးနဲ႔ညီၫြတ္ပါတယ္ေျပာေျပာ ဘိုထိုင္အိမ္သာကို စနစ္တက်မသုံးစြဲတတ္ရင္လည္း ေရာပိုမႊားေတြရဲ႕အႏၲရာယ္ကို ေၾကာက္ရဦးမွာပါပဲ။

အဓိကကေတာ့ အိမ္သာေရဆြဲခ်တဲ့ကိစၥပါ။ လူေတာ္ေတာ္မ်ားမ်ားဟာ အိမ္သာေရဆြဲခ်ေတာ့မယ္ဆိုရင္ အဖုံးကို ပိတ္ၿပီးမွ ဆြဲခ်တာထက္ ဖြင့္လ်က္နဲ႔ဆြဲခ်တတ္ၾကပါတယ္။ ဒါဟာ တကယ့္ကိုအႏၲရာယ္ရွိတဲ့ လုပ္ရပ္တစ္ခုပါတဲ့။

ေဟာင္ေကာင္ရဲ႕ ၿမိဳ႕ျပအင္ဂ်င္နီယာတကၠသိုလ္ရဲ႕ ဌာနတစ္ခုမွ ပညာရွင္ Alvin Lai Chi-keung က ဒီအခ်က္ကို ရွာေဖြေတြ႕ရွိခဲ့တာပါ။

အဖုံးဖြင့္လ်က္နဲ႔ ေရဆြဲခ်လိုက္မယ္ဆိုရင္ စြန႔္ပစ္ထားတဲ့ အညစ္အၾကးေတြရွိတဲ့ အိမ္သာခြက္ထဲကေန မသန႔္စင္တဲ့၊ ေရာဂါေတြျဖစ္ေစႏိုင္တဲ့ ပိုးမႊားေပါင္း ၈ ေသာင္းခန႔္ကို ေရနဲ႔ေလဖိအားေၾကာင့္ အိမ္သာခြက္ေပၚကို တက္သြားေစပါတယ္တဲ့။

ဒီပိုးမႊားေတြဟာ အလုံပိတ္အခန္းထဲမွာဆိုရင္ေတာ့ မီတာေတာ္ေတာ္ျမင့္ျမင့္အထိ ျမင့္တက္လာႏိုင္ကာ နာရီအတန္ၾကာသည္အထိ အသက္ရွင္ေနႏိုင္ၾကပါတယ္ဆိုၿပီး ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔တုန္းက ေျပာျပလာခဲ့ပါတယ္။

အိမ္သာတြဲလ်က္ရွိတဲ့ ေရခ်ိဳးခန္းေတြမွာဆို အညစ္အေၾကးမွာရွိေနတဲ့ ပိုးမႊားေတြကေနတစ္ဆင့္ ေရခ်ိဳးဆပ္ျပာေတြ၊ အဝတ္ေတြ၊ သြားပြတ္တံေတြ၊ မုတ္ဆိတ္ရိတ္တံေတြ အစရွိတဲ့ တစ္ကိုယ္ရည္သုံးပစၥည္းေတြမွာပါ ကပ္တြယ္ၿငိကာ အဲဒီကေနမွတစ္ဆင့္ လူ႔ခႏၶာကိုယ္ထဲကို ဝင္ေရာက္ႏိုင္ပါတယ္တဲ့။

အဖုံးပိတ္ၿပီး အိမ္သာေရဆြဲခ်ၿပီးရင္လည္း ေလစုတ္ပန္ကာကို မိနစ္ ၂၀ ေလာက္ ဖြင့္ထားေပးမွ ေလထုထဲမွာရွိေနတဲ့ ေရာဂါပိုးမႊားေတြရဲ႕ ၈၉% ေလာက္ကို အျပင္ကိုစုတ္ယူသြားေစမွာပါ။

အရင်ခေတ်တုန်းကတော့ အိမ်သားဆိုရင် တိုးလျှိုပေါက် အောက်ကိုမြင်နေရတဲ့ အိမ်သာတွေကနေ ယင်လုံအိမ်သာတွေ၊ အခုဆိုရင် ဘိုထိုင်အိမ်သာတွေအထိ လူနေမှုပုံစံတိုးတက်လာတာနဲ့မျှ အိမ်သာတွေဆိုရင်လည်း ကျန်းမာရေးနဲ့ ပိုညီညွတ်စေဖို့ ဒီဇိုင်းနဲ့ပုံစံတွေ ပြောင်းလဲလာခဲ့ကြပါတယ်။

အခုကျွန်တော်တို့လက်ရှိသုံးနေတဲ့ ဘိုထိုင်အိမ်သာတွေကတော့ နောက်ဆုံးပြောင်းလဲလာခဲ့တဲ့ အိမ်သာပုံစံတွေပါပဲ။ အဖုံးရှိတယ်၊ စနစ်တကျနဲ့ သန့်စင်တဲ့ ရေဆွဲချတဲ့စနစ်ရှိနေတယ်ဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ပေါ့။

ဒါပေမဲ့ ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်ပြောပြော ဘိုထိုင်အိမ်သာကို စနစ်တကျမသုံးစွဲတတ်ရင်လည်း ရောပိုမွှားတွေရဲ့အန္တရာယ်ကို ကြောက်ရဦးမှာပါပဲ။

အဓိကကတော့ အိမ်သာရေဆွဲချတဲ့ကိစ္စပါ။ လူတော်တော်များများဟာ အိမ်သာရေဆွဲချတော့မယ်ဆိုရင် အဖုံးကို ပိတ်ပြီးမှ ဆွဲချတာထက် ဖွင့်လျက်နဲ့ဆွဲချတတ်ကြပါတယ်။ ဒါဟာ တကယ့်ကိုအန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုပါတဲ့။

ဟောင်ကောင်ရဲ့ မြို့ပြအင်ဂျင်နီယာတက္ကသိုလ်ရဲ့ ဌာနတစ်ခုမှ ပညာရှင် Alvin Lai Chi-keung က ဒီအချက်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။

အဖုံးဖွင့်လျက်နဲ့ ရေဆွဲချလိုက်မယ်ဆိုရင် စွန့်ပစ်ထားတဲ့ အညစ်အကြးတွေရှိတဲ့ အိမ်သာခွက်ထဲကနေ မသန့်စင်တဲ့၊ ရောဂါတွေဖြစ်စေနိုင်တဲ့ ပိုးမွှားပေါင်း ၈ သောင်းခန့်ကို ရေနဲ့လေဖိအားကြောင့် အိမ်သာခွက်ပေါ်ကို တက်သွားစေပါတယ်တဲ့။

ဒီပိုးမွှားတွေဟာ အလုံပိတ်အခန်းထဲမှာဆိုရင်တော့ မီတာတော်တော်မြင့်မြင့်အထိ မြင့်တက်လာနိုင်ကာ နာရီအတန်ကြာသည်အထိ အသက်ရှင်နေနိုင်ကြပါတယ်ဆိုပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တုန်းက ပြောပြလာခဲ့ပါတယ်။

အိမ်သာတွဲလျက်ရှိတဲ့ ရေချိုးခန်းတွေမှာဆို အညစ်အကြေးမှာရှိနေတဲ့ ပိုးမွှားတွေကနေတစ်ဆင့် ရေချိုးဆပ်ပြာတွေ၊ အဝတ်တွေ၊ သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်တံတွေ အစရှိတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေမှာပါ ကပ်တွယ်ငြိကာ အဲဒီကနေမှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်တဲ့။

အဖုံးပိတ်ပြီး အိမ်သာရေဆွဲချပြီးရင်လည်း လေစုတ်ပန်ကာကို မိနစ် ၂၀ လောက် ဖွင့်ထားပေးမှ လေထုထဲမှာရှိနေတဲ့ ရောဂါပိုးမွှားတွေရဲ့ ၈၉% လောက်ကို အပြင်ကိုစုတ်ယူသွားစေမှာပါ။