သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိခဲ့ကာ ချောမောခန့်ညားပြီးယောကျ်ားပီသတဲ့ ဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားသူကတော့ အဆိုတော်ချောလေး ဟိန်းမင်းသူပဲ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေရရှိထားတဲ့ ဟိန်းမင်းသူကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလည်းဖြစ်ပါတယ် ။ ဒီနေ့လည်း နှလုံးရောဂါရှိပြီး သွေးကျဲဆေး အရေးတကြီး လိုအပ်နေတဲ့ အမေကြီး တစ်ယောက်ကို ခက်ခဲစွာဝယ်ယူပြီး လှူဒါန်းခဲ့တယ်လို့ဆိုပါတယ် ။
ဆေးက ရှားတာကြောင့် နေရာအစုံ ရှာဝယ်ခဲ့ရတဲ့ အကြောင်းကိုလည်း ” ကျွန်တော် ဒီနေ့ နှလုံး ရောဂါ ရှိပြီး သွေးကျဲဆေး အရေးတကြီး လိုအပ်နေတဲ့အမေကြီးအတွက် ကျွန်တော် အဲ့ဆေးလေး သွားလှူပေးဖြစ်ခဲ့တယ်။
အဲ့ဆေးလေးက ပစ္စည်းပျက်နေတော့ အတော်ရှာယူလိုက်ရတယ်ဗျာ အဲ့အမေကြီးကိုချစ်လို့ အမှတ်တရအနေနဲ့ တင်လိုက်ပါတယ် ” ရေးသားဖော်ပြထားရာ သာဓုခေါ်ရင်း ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Photo – Hein Min Thu
-Zawgyi Font ဖြင့်ဖတ်ရန်-
သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲရောက်ရှိခဲ့ကာ ချောမောခန့်ညားပြီးယောက်ျားပီသတဲ့ ဟန်ပန်တွေကြောင့် မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားသူကတော့ အဆိုတော်ချောလေး ဟိန်းမင်းသူပဲ ဖြစ်ပါတယ်။